menu

Saturday 29 September 2012

အမေ့လက်ရာ အတိုင်းပါပဲလား(အကြည်တော်)

Photo: အမေ့လက်ရာ အတိုင်းပါပဲလား

ခလောက်နီကျေးရွာတွင်ဖြစ်သည်။
ကျေးရွာအမည် ခလောက်နီ ဖြစ်နေ၍ တချို့က တစ်မျိုးတစ်မည် ထင်ကြသည်။ နီပါ နေ၍ ကွန်မြူနစ်ရွာ ဟုဆိုကြသည်။ ခလောက် ပါ၍လည်း လယ်သမား ကိုယ်စားပြု ဟု ဆိုကြ ပြန်သည်။ခလောက်နီသည် ထိုသို့မဟုတ်။ယခင်က ထိုရွာလေးမှာ အမည်နာမ မရှိဘဲ အတော်ကြာကြာနေခဲ့သည်။
 
ထိုတုန်းက ရွာလေးကိုမေးလျှင် မြစ်ကမ်းနံဘေးတည် သောကြောင့်“မြစ်ကမ်းစပ်ရွာ” ဟု လည်းကောင်း၊ သူကြီးဦးဖိုးနီ အုပ်ချုပ်၍ “ဦးဖိုးနီ” ရွာဟုတစ်သွယ်၊ ဆန်စပါး အထွက်များ၍ “စပါးထွက်ရွာ” စသည်ဖြင့် အမျိုးမျိုးခေါ်ဝေါ်လေ့ရှိ၏။ထိုမှတစ်ဖန် ခလောက်နီကျေးရွာဟု အမည်တွင်ရခြင်းမှာ သိပ်မကြာသေးသော သူကြီး ဦးဖိုးနီ၏ ငယ်စဉ်ကမှ စခဲ့သည်။ နှစ် ပေါင်းတော့ ငါးဆယ်ကျော် ကြာပြီပေါ့။
 
ဖြစ်ပုံက ဤသို့နှယ်ယခုဦးဖိုနီ၊ ယခင်မောင်ဖိုးနီလေး အရွယ် ရောက်၍ တစ်ရွာတည်းနေ မိဂွမ်းသွယ်နှင့် ချစ်ကြိုး သွယ်ရာမှ အာဝါဟ ဝိဝါဟ အမှုပြု ချိန်၌ မောင်ဖိုးနီလေး ၏ဖခင် ဦးဖိုးဖြူ က သား ငယ် မင်္ဂလာဆောင်အား လက်ဖွဲ့ ပြုရန် အတွက် ကျွဲတစ်ရှဉ်းကို သားငယ်၏ အမည်တူ ခလောက် နီဆွဲ၍ လက်ဖွဲ့အမှုပြုလေသည်။မင်္ဂလာပွဲ၌ မိန်းမလည်းရ။ လယ်ထွန်ရန် အတွက် ခလောက်နီဆွဲ ကျွဲတစ်ရှဉ်းလည်း ရ သော မောင်ဖိုးနီမှာ လွန်စွာ ဝမ်းမြောက်သွား လေသည်။ဤသည်ကို မောင်ဖိုးနီ၏ ဖခင် ဦးဖိုးဖြူ က လက်ဖွဲ့ ကျွဲတစ်ရှဉ်း လက်ဝယ် အပ်ပြီး စိတ်ချအောင် မှာကြားလေသည်။“သားဖိုးနီ၊ဤအချိန်၌ ခေတ်ပျက်ကာလ ဖြစ်၍ သူခိုးသူဝှက် ပေါလှသည်။ မင်္ဂလာဦးည၌ပင် လက်ဖွဲ့ ကျွဲတစ်ရှဉ်း မပျောက်ပျက် အောင် ဂရုပြုပြီးနေလေ၊ ဤသို့ ခလောက် သံကြားနေမှ စိတ်ချလေ”“ကလောက် ကလောက်”ခလောက်သံကို ခေါက်ပြ၏။“အကယ်၍ ခလောက်သံ မကြားရတော့ ပါက သူခိုးသူဝှက်များ ကျွဲကို လာဆွဲပြီ သေ ချာ၍ အမြန်ဆင်း၍ ဖမ်းပါလေ”ဟု အတန်တန် မှာကြားလေသည်။ သူကြီး ဖြစ်မည့် သားဖိုးနီကလည်း ဖခင်မှာ ကြားသည့် အတိုင်း တစ်သဝေ မတိမ်းလိုက်နာ သည်။မင်္ဂလာဦးည ဖြစ်ပါသော်ငြား စိတ်ချ လက်ချ မအိပ်အား။ တစ်ညလုံး ဖခင်၏ လက်ဖွဲ့ ကျွဲနှစ်ကောင်ဆီက ခလောက်သံအား တစ်ညလုံး နားစွင့်၍ တထိတ်ထိတ်နှင့် နေ ရလေ၏။ခလောက်သံကား တစ်ညလုံး ကြားပါ၏။ သို့သော် နံနက် လင်းသည်နှင့် ဆင်းကြည့်ရာ ကျွဲနှစ်ကောင်လုံး မရှိတော့ပေ။ ခလောက် သံကားကြားရဆဲ။ ကြားရပေ မည် ပေါ့။ သူခိုးသူဝှက်များက ကျွဲလည် ပင်းမှခလောက်ပင် ကိုဖြုတ်၍ သူတို့ မင်္ဂလာဦး ခုတင်တိုင်တွင် ချည်ပေးခဲ့သည်ကိုး။ ဒါကြောင့် “ကလောက် ကလောက်” နှင့် တစ်ညလုံး  အသံထွက်နေရ ခြင်းပင် ဖြစ်တော့သည်။ဤသည်ကို  အစွဲပြု၍ “ခလောက်နီ” ရွာဟု အမည် တွင်ခဲ့ ခြင်းပင်ဖြစ်တော့သည်။‘ 
 
‘ ‘ယခု ကျွန်တော်၏ရှေ့၌ ခလောက်နီ ရွာသားမောင် ကျော်ကြားမှာ ဆံပင် စုတ်ဖွား၊ မှုန်ဝါးဝါးနှင့် ထိုင်နေသည်။သူ၏ ဆံပင်မှာ ယခုခေတ် လူငယ် များ ညှပ်လေ့ ရှိသော One Way ဟု အမည်ပေါက်သော ထူချင်ရာ ထူ၊ထောင်ချင် ရာထောင်၊ ပြားချင်ရာ ပြားသော သဝေထိုးကေ မျိုးဖြစ်သည်။ထိုဆံပင် ပုံစံမျိုးမှာ အသေအချာ သထားမှ ကြည့်ကောင်းသော ပုံမျိုးဖြစ် ပြီး ယခုကဲ့သို့ ဘာမှမလုပ်ထားလျှင် ခွေးစုတ်ဖွားလောက်ပင် ရုပ်မထွက်သော ပုံစံ မျိုးပင်ဖြစ်၏။
ယခု ကျွန်တော့်ရှေ့မှောက်ရောက်နေ သော မောင်ကျော်ကြားမှာ စိတ်ဓာတ်ကျစရာ အဆင်းနှင့် ခပ်ပြင်းပြင်းရှိနေ၍ ကြည့်ရှု ရသည်မှာ ကျက်သရေ ချို့ တဲ့နေရှာ၏။“ခေတ်ကြီးကိုက မကောင်းပါဘူး ဆရာ ရယ်”ခလောက်နီ ရွာသား၏ နှုတ်ဖျားမှ ထို စကားကြားရ၍ အံ့အားသင့် သွားရပေပြီ။ ခလောက်နီ ရွာသားများက ဂျပန်ခေတ်၊ အင်္ဂလိပ် ခေတ်မှသည် ယခုခေတ်အထိ ဘယ်မျှ ခေတ် ပြောင်းပြောင်း သူ့ရွာအလုပ် သူလုပ်ပြီး ခပ် အေးအေးနေသူ များသာဖြစ်၍ ယခုမှထိုစကား နှုတ်ဖျားမှ ကြားလိုက်ရ၍ မအံ့သြဘဲမနေနိုင်။“ဘာဖြစ်လို့လဲ မောင်ကျော်ကြားရဲ့”“ဘာဖြစ်ရမှာလဲ ဆရာရဲ့၊အခု ဒီမိုကရေ စီခေတ်လေ၊ ခလောက်နီ ရွာသားတွေလည်း လွတ်လပ် ပွင့်လင်းကုန်ကြပြီ”ကျွန်တော် အံ့အားသင့်ရပြန်ပေပြီ။
“ဘာဖြစ်လို့လဲ လွတ်လပ်ပွင့်လင်းတာ မကောင်းလို့လား”“ဘယ်မှာကောင်းလို့လဲ ဆရာရယ်”သူ့ပုံက တကယ်မကျေမနပ်ဖြစ်နေပုံ။
“ကျွန်တော့်မယား  မိစိန်ဗြားကို  သိ တယ်မဟုတ်လားဆရာ”
“သိပါ့၊ မိစန်ဗြား ဘာဖြစ်လို့လဲ”
“ဒါဖြင့် မိစိန်ဗြားပုံ ဆရာမြင်ယောင် ကြည့်စမ်း”
လူပုံက ညိုတုတ်တုတ်၊ ကုပ်တိုတို၊ ဆံတောက် ဖားလျား၊ တောသူမ ပီပီသလုံးသား ထွားထွား၊ ခွင်ခွကားကားပင်။ အမြဲတမ်း လယ်ထဲဆင်းနေ သူမို့ အင်္ကျီ ထူထူ၊ ထဘီ တိုတို ကို အမြဲတမ်းဝတ် ဆင်တတ်သူမို့ တောရုပ်ကို ပီပြင်စေ၏။
“ဘယ်နှယ့်လဲဆရာ၊ မျက်လုံးထဲမြင်ပြီ လား”
“မြင်ပါ့၊ငါ့မျက်လုံးထဲပုပုကွကွနဲ့၊အင်း.. ကြည့်ရတော့ မဆိုးပါဘူး”
“အဲဒီမိန်းမ အဲဒီမိန်းမ ပုကွကွဗျာ”
မောင်ကျော်ကြား အသံက ကြိတ်မနိုင် ခဲမရ။ ဘာကို မကျေမနပ်ဖြစ်နေမှန်းလဲ မသိ။ သူပြောမှ သိမှာကို။
“အဲဒီမိန်းမဗျာ၊ ဘာခိုင်းခိုင်းမရ၊ ရုပ်သံ ရှေ့ကကို မကွာဘူး။ ကြော်ငြာတောင် လေ့လာ နေတာတဲ့၊ ပြီးတော့ သူ့ရုပ် သူ့ရည်နဲ့ ဒီမိုကရေစီ ခေတ်မှာ အဝတ်အစား သစ်လော် မာလာတာ” သူ့စကားကြောင့်ကျွန်တော်ပင်မျက်လုံး ပြူးသွားရသည်။
“ဟင် ဘယ်လိုဖြစ်တာတုံး”
“ဘာဖြစ်ရမှာတုံးဗျ၊ အဝတ်အစား ဝတ် ပုံက လွတ်လပ် ပွင့်လင်းတဲ့ခေတ်မှာ လွတ်လပ် ပွင့်လင်းစွာ ဝတ်ဆင်ရမယ် ဆိုလို့ ကျွန်တော် သည်းမခံနိုင်တော့ဘူး”
အင်မတန် ရိုးသော ခလောက်နီသား မောင်ကျော်ကြားပင်သည်းမခံချင်သွားသည် ဆိုတော့ ..
“သူနဲ့ ကျွန်တော် အပြင်ထွက်ဖို့ ပြင် ဆင်ကြတိုင်း ကျွန်တော် သူ့အကြောင်းသိလို့ ဒီလိုမှာတယ်”
“ဘယ်လိုတုံးဟဲ့”
“ဇာဘော်လီလည်း ဝတ်ခဲ့ဦး”
“ဟင်”
“အတွင်းခံဘောင်းဘီလည်း ဝတ်ဖို့မ မေ့နဲ့နော်”
“အဲဒါတွေ မှာရတယ်ဟုတ်လား”၊
“အဲဒီလိုပြောတာတောင်ဘယ်လိုပြန်ပြောတယ် မှတ်တုံး”
“ဆိုဦးဟ”
“ဒါတွေမလိုတော့ပါဘူး။ ကျွန်မယုံ ကြည်တာပဲ ရွေးချယ်ထားတယ်”တဲ့။
ကျွန်တော်သူ့စကား နားထောင်ရင်းရုပ်သံ ကြော်ငြာတစ်ခု မြင်ယောင်လာသလို ရှိ၏။
“ဒီမှာ ကြိုးတစ်လုံး၊ ချည်သားအတုတွေ ရောစပ် ပါဝင်လို့ မပေါ်သင့်တာတွေ ပေါ်ပြီး မဖော်သင့်တာတွေ ဖော်ထားတယ်”
လို့ ဆို၍ ကျွန်တော်ပင် မျက်မှောင်ကြုတ် မိသည်။ သူကဆက်၍
“ထွက်လာတော့ဗျာ၊ တကယ့်ကို ကြိုး တစ်လုံးနဲ့ ဟိုနေရာပေါ် မမြင်သင့်တာတွေ ဖော်ထားတာဗျာ” ကျွန်တော်ပို၍ စိတ်ဝင်စားသွားသည်။
“အဲဒီတော့ ဘာဖြစ်သေးလဲ”
“ဒါနဲ့ ကျွန်တော်လည်း သည်းမခံနိုင်လို့ ဒေါသထွက်ပြီး သူ့ပါးကို ဖြန်းခနဲ လွှဲရိုက်လိုက် တာဗျာ။ သူကသူ့ပါးလေးအုပ်ပြီးဘာပြန်ပြော တယ်မှတ်လဲ ”
“ဒါနဲ့ သူ ဘာပြန်ပြောလဲ”
“အိုး အမေ့လက်ရာ အတိုင်းပါပဲလား ဆိုပြီး မျက်လုံတစ်ဖက်တောင် မှိတ်ပြလိုက်သေး”
ဟူ၏ကျွန်တော်ဘာပြန်ပြောရမည်မသိ။
 
အကြည်တော်

by Popular Journal on Saturday, September 29, 2012 at 2:37am 

News from : Popular Journal
Post by အေးချမ်းမွန်
( excellencemedia.myanmar@gmail.com)
ခလောက်နီကျေးရွာတွင်ဖြစ်သည်။
ကျေးရွာအမည် ခလောက်နီ ဖြစ်နေ၍ တချို့က တစ်မျိုးတစ်မည် ထင်ကြသည်။ နီပါ နေ၍ ကွန်မြူနစ်ရွာ ဟုဆိုကြသည်။ ခလောက် ပါ၍လည်း လယ်သမား ကိုယ်စားပြု ဟု ဆိုကြ ပြန်သည်။ခလောက်နီသည် ထိုသို့မဟုတ်။ယခင်က ထိုရ
ွာလေးမှာ အမည်နာမ မရှိဘဲ အတော်ကြာကြာနေခဲ့သည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis