menu

Saturday 29 September 2012

နေပြည်တော်ဆန္ဒထုတ်ဖော်ပွဲဦးဆောင်သူ(၂)ဦးအား ဒဂုံတရားရုံးတွင် စတင်စစ်ဆေး

Photo: နေပြည်တော်ဆန္ဒထုတ်ဖော်ပွဲဦးဆောင်သူ(၂)ဦးအား ဒဂုံတရားရုံးတွင် စတင်စစ်ဆေး

ထက်အောင်ခန့် (မြစ်မခ)

 
 အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့တွင် နေပြည်တော်သို့သွားရောက်ရန် ဆန္ဒထုတ်ဖော်ရန် ဦးဆောင်သူနှစ်ဦးအား မြို့နယ်(၆)မြို့နယ်မှ အမှုဖွင့်ထားမှုနှင့်ပတ်သက်၍ ဒဂုံမြို့နယ်တရားရုံးတွင် ယနေ့ စက်တင်ဘာလ(၂၈)ရက်နေ့တွင် ရုံးချိန်းစတင်စစ်ဆေးနေပြီဖြစ်သည်။
 
ကိုဂျော်ဂွမ်းနှင့် မမေစံပယ်ဖြူ (ဖြူဖြူခေါန်ထွယ်) တို့အား တရားစွဲဆိုမှုကို ဒဂုံမြို့နယ်ရဲစခန်းမှူး ဦးထွန်းထွန်းဝင်းမှ တရားလိုပြသက်သေအဖြစ် ထွက်ဆိုခဲ့သည်။
 
စက်တင်ဘာ (၂၁) ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် ပြည်တွင်းစစ်ရပ်စဲရေးအတွက် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော် လမ်းလျှောက်ရန်အတွက် သက်ဆိုင်ရာ အာဏာပိုင်ထံသို့ စက်တင်ဘာ(၁၃)ရက်နေ့တွင်   လျှောက်ထားခဲ့သော်လည်း ခွင့်ပြုမိန့်မရခဲ့ပေ။
 
“ကျွန်မတို့ကို လောလောဆယ်တော့ ဒဂုံမြို့နယ်ကပဲ စစွဲသေးတယ်။ အခြားမြို့နယ်တွေကတော့    အကြောင်းကြားစာ မရောက်လာသေးဘူး။”ဟု ကချင်ငြိမ်းချမ်းရေးကွန်ယက်မှ မမေစံပယ်ဖြူက ပြောသည်။
 
တရားစွဲခံရသူ နှစ်ဦးသည် ခွင့်ပြုမိန့်ရရန် အကြိမ်ကြိမ် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့။
 
“နိုင်ငံသားတစ်ယောက်ဖြစ်သည့်အတွက် တရားဥပဒေကိုလေးစားလိုက်နာရမယ်။ နိုင်ငံသားတစ် ယောက်ပီသစွာနဲ့ တရားရုံးကိုလာရောက်ရခြင်းဖြစ်ပါတယ်။ အထူးသဖြင့် ကချင်ပြည်နယ်မှာ စစ် ကြောင့် ဒုက္ခအတိဖြစ်နေတဲ့အရာတွေအတွက် ငြိမ်းချမ်းရေးကိုလိုချင်လို့ ကျွန်တော်တို့ လုပ်ဆောင်ခဲ့တာပါ။” ဟု ကိုဂျော်ဂွမ်းက ပြောသည်။
 
သို့သော် ခွင့်ပြုမိန့်မရခဲ့သော်လည်း နေပြည်တော်သို့သွားရောက်၍ နိုင်ငံတော်သမ္မတရုံး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးနှင့် လွှတ်တော်အမတ်များထံငြိမ်းချမ်းရေး ပန်းစည်းများသွားရောက်ပေးရန် စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ သို့သော် အာဏာပိုင်များက နေပြည်တော်တို့သွားရန် တားမြစ်ခဲ့ သဖြင့် ၎င်းနှစ်ဦးမှ ရန်ကုန်မြို့တွင်း ငြိမ်းချမ်းရေးဆန္ဒပြသည့်အဖွဲ့များနှင့် ထပ်မံပူးပေါင်းဆောင်ရွက် ခဲ့ခြင်းဖြစ်သည်။
 
စက်တင်ဘာလ (၂၁) ရက်နေ့မှပင် တိုင်းဒေသကြီးအစိုးရဖွဲ့ မှ သတင်းစာရှင်းလင်းပွဲတစ်ရပ်၌ ဥပဒေဖောက်ဖျက်ပါက အရေးယူမည်ဖြစ်ကြောင်း ရဲမှူးမြင့်ထွေးက ယခုကဲ့သို့ အသိပေးပြောကြားခဲ့သည်။
 
 `ဥပဒေနဲ့အညီ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်တာကို (၅)ရက်ကြိုတင်ပြီးတော့ တင်ရပါတယ်။ အခုဟာက ငြင်းပယ်တာကို အယူခံနှစ်ရပ်ပေါ့။ ဥပဒေမှာပါပြီးသား။ ငြင်းတဲ့အချိန်မှာ လုပ်ရင် ဒါဟာ ဥပဒေ ဖောက်ဖျက်မှုပဲ။ ဥပဒေဖောက်ဖျက်မှုဆောင် ရွက်တဲ့အတွက် ကျွန်တော်တို့က အရေးယူ နိုင်တယ်။´ ဟု ရဲမှူးက ပြောကြားခဲ့သည်။
 
အဆိုပါ ဆန္ဒထုတ်ဖော်မှုကို ဦးဆောင်သူ (၉)အား သက်ဆိုင်ရာ ရဲစခန်းများမှ စက်တင်ဘာလ (၂၃) ရက်နေ့တွင် ခံဝန်ချက် ထိုးစေခဲ့သည်။
 
ထိုသို့ ခံဝန်ချက်ထိုးပြီး စက်တင်ဘာလ (၂၅) ရက်နေ့တွင် အရပ်ဘက် လူမှုအဖွဲ့အစည်း(၂၄)ဖွဲ့မှ သက်ဆိုင်ရာအာဏာပိုင်များအနေဖြင့် တရားစွဲဆိုနေမှုများကို ပြန်လည်စဉ်းစားသုံးသပ်ပေးပါရန်နှင့်   ပြည်သူတစ်ရပ်လုံး၏ နှလုံးသားဆန္ဒမှပေါက်ဖွားလာသော ငြိမ်းချမ်းရေး လိုလားသံကို လွတ်လပ်စွာ ထင်ဟပ်ဖော်ပြခွင့်ပေးပါရန်အစရှိသည့် ကြေငြာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။
 
“လက်ရှိမြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးဟာ ပြည်သူသန်း (၆၀) နဲ့ သက်ဆိုင်တယ်ဆိုလို့ရှိရင် ပြည်သူသန်း(၆၀)မှာ ဒါကို ဖော်ထုတ်ဖို့၊ ပြောပြဖို့ အခွင့်ရှိကိုရှိရမယ်။ ကျွန်တော်တို့ဟာ ဒီဟာကို ပြောခွင့်မရှိခဲ့ဘူး။ ငြင်းပယ်ခံရတယ်။ ကျွန်တော်တို့ဟာ ဘာသာတရားအရ၊ ယဉ်ကျေးမှုအရ အုပ်စုဖွဲ့ပြီးတော့ ဒါလေးကို ငြိမ်းချမ်းစွာ ပြန်ပြင်ဖို့လုပ်တယ်။ ကျွန်တော်တို့ဟာ တရားခံ မဟုတ်ပါဘူး။”ဟု ကိုဂျော်ဂွမ်းက ဆန္ဒထုတ်ဖော်ရခြင်း အကြောင်းရင်းကို ပြောကြားသည်။
 
တိုင်းပြည်ငြိမ်းချမ်းဖို့အတွက် မိမိတွင်တာဝန်ရှိသည်ဟု ခံယူ၍ ပြည်သူတစ်ယောက် အနေနှင့် ပါဝင်ခဲ့ခြင်းဖြစ်ကြောင်းကိုလည်း ၄င်းကဆိုသည်။

Photo from : Myit Makha Mediagroup 
Post by အေးချမ်းမွန်
( excellencemedia.myanmar@gmail.com)
အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့တွင် နေပြည်တော်သို့သွားရောက်ရန် ဆန္ဒထုတ်ဖော်ရန် ဦးဆောင်သူနှစ်ဦးအား မြို့နယ်(၆)မြို့နယ်မှ အမှုဖွင့်ထားမှုနှင့်ပတ်သ
က်၍ ဒဂုံမြို့နယ်တရားရုံးတွင် ယနေ့ စက်တင်ဘာလ(၂၈)ရက်နေ့တွင် ရုံးချိန်းစတင်စစ်ဆေးနေပြီဖြစ်သည်။

ကိုဂျော်ဂွမ်းနှင့် မမေစံပယ်ဖြူ (ဖြူဖြူခေါန်ထွယ်) တို့အား တရားစွဲဆိုမှုကို ဒဂုံမြို့နယ်ရဲစခန်းမှူး ဦးထွန်းထွန်းဝင်းမှ တရားလိုပြသက်သေအဖြစ် ထွက်ဆိုခဲ့သည်။

စက်တင်ဘာ (၂၁) ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် ပြည်တွင်းစစ်ရပ်စဲရေးအတွက် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော် လမ်းလျှောက်ရန်အတွက် သက်ဆိုင်ရာ အာဏာပိုင်ထံသို့ စက်တင်ဘာ(၁၃)ရက်နေ့တွင် လျှောက်ထားခဲ့သော်လည်း ခွင့်ပြုမိန့်မရခဲ့ပေ။

“ကျွန်မတို့ကို လောလောဆယ်တော့ ဒဂုံမြို့နယ်ကပဲ စစွဲသေးတယ်။ အခြားမြို့နယ်တွေကတော့ အကြောင်းကြားစာ မရောက်လာသေးဘူး။”ဟု ကချင်ငြိမ်းချမ်းရေးကွန်ယက်မှ မမေစံပယ်ဖြူက ပြောသည်။

တရားစွဲခံရသူ နှစ်ဦးသည် ခွင့်ပြုမိန့်ရရန် အကြိမ်ကြိမ် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့။

“နိုင်ငံသားတစ်ယောက်ဖြစ်သည့်အတွက် တရားဥပဒေကိုလေးစားလိုက်နာရမယ်။ နိုင်ငံသားတစ် ယောက်ပီသစွာနဲ့ တရားရုံးကိုလာရောက်ရခြင်းဖြစ်ပါတယ်။ အထူးသဖြင့် ကချင်ပြည်နယ်မှာ စစ် ကြောင့် ဒုက္ခအတိဖြစ်နေတဲ့အရာတွေအတွက် ငြိမ်းချမ်းရေးကိုလိုချင်လို့ ကျွန်တော်တို့ လုပ်ဆောင်ခဲ့တာပါ။” ဟု ကိုဂျော်ဂွမ်းက ပြောသည်။

သို့သော် ခွင့်ပြုမိန့်မရခဲ့သော်လည်း နေပြည်တော်သို့သွားရောက်၍ နိုင်ငံတော်သမ္မတရုံး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးနှင့် လွှတ်တော်အမတ်များထံငြိမ်းချမ်းရေး ပန်းစည်းများသွားရောက်ပေးရန် စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ သို့သော် အာဏာပိုင်များက နေပြည်တော်တို့သွားရန် တားမြစ်ခဲ့ သဖြင့် ၎င်းနှစ်ဦးမှ ရန်ကုန်မြို့တွင်း ငြိမ်းချမ်းရေးဆန္ဒပြသည့်အဖွဲ့များနှင့် ထပ်မံပူးပေါင်းဆောင်ရွက် ခဲ့ခြင်းဖြစ်သည်။

စက်တင်ဘာလ (၂၁) ရက်နေ့မှပင် တိုင်းဒေသကြီးအစိုးရဖွဲ့ မှ သတင်းစာရှင်းလင်းပွဲတစ်ရပ်၌ ဥပဒေဖောက်ဖျက်ပါက အရေးယူမည်ဖြစ်ကြောင်း ရဲမှူးမြင့်ထွေးက ယခုကဲ့သို့ အသိပေးပြောကြားခဲ့သည်။

`ဥပဒေနဲ့အညီ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်တာကို (၅)ရက်ကြိုတင်ပြီးတော့ တင်ရပါတယ်။ အခုဟာက ငြင်းပယ်တာကို အယူခံနှစ်ရပ်ပေါ့။ ဥပဒေမှာပါပြီးသား။ ငြင်းတဲ့အချိန်မှာ လုပ်ရင် ဒါဟာ ဥပဒေ ဖောက်ဖျက်မှုပဲ။ ဥပဒေဖောက်ဖျက်မှုဆောင် ရွက်တဲ့အတွက် ကျွန်တော်တို့က အရေးယူ နိုင်တယ်။´ ဟု ရဲမှူးက ပြောကြားခဲ့သည်။

အဆိုပါ ဆန္ဒထုတ်ဖော်မှုကို ဦးဆောင်သူ (၉)အား သက်ဆိုင်ရာ ရဲစခန်းများမှ စက်တင်ဘာလ (၂၃) ရက်နေ့တွင် ခံဝန်ချက် ထိုးစေခဲ့သည်။

ထိုသို့ ခံဝန်ချက်ထိုးပြီး စက်တင်ဘာလ (၂၅) ရက်နေ့တွင် အရပ်ဘက် လူမှုအဖွဲ့အစည်း(၂၄)ဖွဲ့မှ သက်ဆိုင်ရာအာဏာပိုင်များအနေဖြင့် တရားစွဲဆိုနေမှုများကို ပြန်လည်စဉ်းစားသုံးသပ်ပေးပါရန်နှင့် ပြည်သူတစ်ရပ်လုံး၏ နှလုံးသားဆန္ဒမှပေါက်ဖွားလာသော ငြိမ်းချမ်းရေး လိုလားသံကို လွတ်လပ်စွာ ထင်ဟပ်ဖော်ပြခွင့်ပေးပါရန်အစရှိသည့် ကြေငြာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။

“လက်ရှိမြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးဟာ ပြည်သူသန်း (၆၀) နဲ့ သက်ဆိုင်တယ်ဆိုလို့ရှိရင် ပြည်သူသန်း(၆၀)မှာ ဒါကို ဖော်ထုတ်ဖို့၊ ပြောပြဖို့ အခွင့်ရှိကိုရှိရမယ်။ ကျွန်တော်တို့ဟာ ဒီဟာကို ပြောခွင့်မရှိခဲ့ဘူး။ ငြင်းပယ်ခံရတယ်။ ကျွန်တော်တို့ဟာ ဘာသာတရားအရ၊ ယဉ်ကျေးမှုအရ အုပ်စုဖွဲ့ပြီးတော့ ဒါလေးကို ငြိမ်းချမ်းစွာ ပြန်ပြင်ဖို့လုပ်တယ်။ ကျွန်တော်တို့ဟာ တရားခံ မဟုတ်ပါဘူး။”ဟု ကိုဂျော်ဂွမ်းက ဆန္ဒထုတ်ဖော်ရခြင်း အကြောင်းရင်းကို ပြောကြားသည်။

တိုင်းပြည်ငြိမ်းချမ်းဖို့အတွက် မိမိတွင်တာဝန်ရှိသည်ဟု ခံယူ၍ ပြည်သူတစ်ယောက် အနေနှင့် ပါဝင်ခဲ့ခြင်းဖြစ်ကြောင်းကိုလည်း ၄င်းကဆိုသည်။

Myit Makha Mediagroup

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis