menu

Saturday 29 September 2012

TV ကြည့်ရင်း ဈေးဝယ်နိုင်မည့် အစီအစဉ်ကို မြဝတီ Digital ရုပ်သံလိုင်းတွင် ထုတ်လွှင့်မည်

Photo: TV ကြည့်ရင်း ဈေးဝယ်နိုင်မည့် အစီအစဉ်ကို မြဝတီ Digital ရုပ်သံလိုင်းတွင် ထုတ်လွှင့်မည်

28 SEPTEMBER 2012  | BY PYI MYANMAR

TV ကြည့်ရင်း ဈေးဝယ်နိုင်သည့် Shopping In Shopping အစီအစဉ်ကို မြဝတီ Digital ရုပ်သံလိုင်းတွင် ယခုလကုန်ပိုင်း၌ စတင် ထုတ်လွှင့်မည် ဖြစ်ကြောင်း ၎င်းရုပ်သံလိုင်းကို ရိုက်ကူး တင်ဆက်မည့် ကိုသုတ (TZ) က ၂၀-၉-၂၀၁၂ ရက်က ပြောကြားသည်။
“Digital လိုင်း ခြောက်လိုင်းရဲ့ Shopping လိုင်းမှာ TV ထဲက အရောင်း စင်တာ သဘောမျိုး ဖွင့်လှစ် ရောင်းချပေးမယ့် အစီအစဉ် တစ်ခုကို တင်ဆက် သွားမှာပါ။ မိဘပြည်သူတွေ မိမိတို့ ရောင်းလိုတဲ့ ကား၊ အိမ်၊ ခြံ၊ မြေတွေကို ဗီဒီယို၊ ဓာတ်ပုံ၊ ဖုန်းနံပါတ်စတဲ့ အချက်အလက်တွေ ပေးပြီး ဒီကဏ္ဍမှာ လာတင်ရောင်းနိုင် ပါတယ်။ ရောင်းထွက်သွားရင်လည်း အရောင်းစာရင်းထဲက ဖြုတ်ပေးပါလို့ ဖုန်းဆက် လိုက်ရုံပါပဲ” ဟု ၎င်းက ပြောကြားသည်။
ထို့ပြင် နိုင်ငံတကာ ဈေးကွက် ရုပ်သံလိုင်းများတွင် အောင်မြင်နေသည့် TV ထဲတွင်ဈေးဝယ်ရသည့် Home Shopping အစီအစဉ်မျိုးကိုလည်း ရိုက်ကူး တင်ဆက်ရန် စီစဉ်လျက်ရှိကြောင်း၊ ထိုအစီအစဉ်ကို ကြည့်၍ မိမိကြိုက်နှစ်သက်သည့် ပစ္စည်းကို Hot Line  မှတစ်ဆင့် ဖုန်းဖြင့် ကြိုက်ဈေးပေးပြီး ဝင်ရောက်ယှဉ်ပြိုင် ဝယ်ယူနိုင်မည် ဖြစ်ကြောင်း၊ သတ်မှတ်ချိန်အတွင်း နောက်ဆုံး ဈေးပေးနိုင်သူကို နောက်တစ်နေ့တွင် Cash On Delivery စနစ်ဖြင့် အိမ်အရောက် ပို့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ မြဝတီ Digital ရုပ်သံလိုင်းတွင် Shopping ရုပ်သံလိုင်းကို စက်တင်ဘာလ ၁  ရက်မှ စတင် ထုတ်လွှင့်လျက်ရှိကြောင်း သိရသည်။
နှင်းနုဝေ


News from : PYI MYANMAR
Post by အေးချမ်းမွန်
( excellencemedia.myanmar@gmail.com)
TV ကြည့်ရင်း ဈေးဝယ်နိုင်သည့် Shopping In Shopping အစီအစဉ်ကို မြဝတီ Digital ရုပ်သံလိုင်းတွင် ယခုလကုန်ပိုင်း၌ စတင် ထုတ်
လွှင့်မည် ဖြစ်ကြောင်း ၎င်းရုပ်သံလိုင်းကို ရိုက်ကူး တင်ဆက်မည့် ကိုသုတ (TZ) က ၂၀-၉-၂၀၁၂ ရက်က ပြောကြားသည်။
“Digital လိုင်း ခြောက်လိုင်းရဲ့ Shopping လိုင်းမှာ TV ထဲက အရောင်း စင်တာ သဘောမျိုး ဖွင့်လှစ် ရောင်းချပေးမယ့် အစီအစဉ် တစ်ခုကို တင်ဆက် သွားမှာပါ။ မိဘပြည်သူတွေ မိမိတို့ ရောင်းလိုတဲ့ ကား၊ အိမ်၊ ခြံ၊ မြေတွေကို ဗီဒီယို၊ ဓာတ်ပုံ၊ ဖုန်းနံပါတ်စတဲ့ အချက်အလက်တွေ ပေးပြီး ဒီကဏ္ဍမှာ လာတင်ရောင်းနိုင် ပါတယ်။ ရောင်းထွက်သွားရင်လည်း အရောင်းစာရင်းထဲက ဖြုတ်ပေးပါလို့ ဖုန်းဆက် လိုက်ရုံပါပဲ” ဟု ၎င်းက ပြောကြားသည်။
ထို့ပြင် နိုင်ငံတကာ ဈေးကွက် ရုပ်သံလိုင်းများတွင် အောင်မြင်နေသည့် TV ထဲတွင်ဈေးဝယ်ရသည့် Home Shopping အစီအစဉ်မျိုးကိုလည်း ရိုက်ကူး တင်ဆက်ရန် စီစဉ်လျက်ရှိကြောင်း၊ ထိုအစီအစဉ်ကို ကြည့်၍ မိမိကြိုက်နှစ်သက်သည့် ပစ္စည်းကို Hot Line မှတစ်ဆင့် ဖုန်းဖြင့် ကြိုက်ဈေးပေးပြီး ဝင်ရောက်ယှဉ်ပြိုင် ဝယ်ယူနိုင်မည် ဖြစ်ကြောင်း၊ သတ်မှတ်ချိန်အတွင်း နောက်ဆုံး ဈေးပေးနိုင်သူကို နောက်တစ်နေ့တွင် Cash On Delivery စနစ်ဖြင့် အိမ်အရောက် ပို့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ မြဝတီ Digital ရုပ်သံလိုင်းတွင် Shopping ရုပ်သံလိုင်းကို စက်တင်ဘာလ ၁ ရက်မှ စတင် ထုတ်လွှင့်လျက်ရှိကြောင်း သိရသည်။
နှင်းနုဝေ

PYI MYANMAR

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis