menu

Sunday 19 February 2012

ဖိုင်ဘာဆက်ကြောင်းသစ် ချိတ်ဆက်နိုင်ရေး ဆွေးနွေးနေ


ရေအောက်ဖိုင်ဘာဆက်ကြောင်း SE-ME-WE 4 ချိတ်ဆက်နိုင်ရန်အတွက် စတင်ဆွေးနွေးနေပြီဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။ ပြည်တွင်းအင်တာနက် မြန်နှုန်း များ ကောင်းမွန်လာရန် အတွက် လက်ရှိ ချိတ်ဆက်ထားသည့် ဖိုင်ဘာဆက်ကြောင်း SE-ME-WE 3 အပြင် အရန်ဆက်ကြောင်းတစ်ခု ဖြစ်သည့် SE-ME-WE 5 အား ချိတ်ဆက်မှုများ ပြုလုပ်ခဲ့သော်လည်း လက်ရှိ အနေအထားများ အရ ဖိုင်ဘာဆက်ကြောင်း SE-ME-WE 5 မှာ အချိန်ကာလကြန့် ကြာမှုများရှိနေသည့်အတွက် SE-ME-WE 4အား ထပ်မံချိတ်ဆက် နေခြင်းဖြစ်ကြောင်း မြန်မာ့ဆက် သွယ်ရေးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
 ”လက်ရှိတော့ SE-ME-WE 4 ချိတ်ဆက်ဖို့အတွက် ဘင်္ဂလား ဒေ့ရှ်၊ အိန္ဒိယ၊ တရုတ်၊ ဟောင်ကောင်စတဲ့ ကုမ္ပဏီတွေနဲ့ စတင် ဆွေးနွေးနေပါပြီ။ ဘယ်နိုင်ငံနဲ့ ချိတ် ဆက်မလဲဆို တာကတော့ မဆုံး ဖြတ်ရသေးပါဘူး။ ညှိနှိုင်းဆွေးနွေး လို့ အဆင်ပြေရင်တော့ ဒီနှစ်အ တွင်း ချိတ်ဆက်သွားမှာပါ” ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။ SE-ME-WE 4 ဆက်ကြောင်း မှာ  SE-ME-WE 5 ဆက်ကြောင်း ကဲ့သို့ ဆက်ကြောင်းအသစ် တစ်ခု မဟုတ်ဘဲ လက်ရှိ အသုံးပြုနေ သည့် SE-ME-WE 3 ဆက် ကြောင်းကဲ့သို့ တိုက်ရိုက်ချိတ်ဆက် နိုင်သည့် ဆက်ကြောင်းတစ်ခုဖြစ် ကြောင်း ၄င်းထံမှ သိရသည်။ ”ညှိနှိုင်းဆွေးနွေးလို့ အဆင် ပြေရင်တော့ ရခိုင်ပြည်နယ်၊ စစ် တွေဘက်ကစပြီး SE-ME-WE 4 ကို သွယ်တန်း သွားဖို့ စီစဉ်ထားပါ တယ်။ ဒါ့အပြင် ထိုင်းနိုင်ငံဘက်က လည်းအင်တာနက်မြန်နှုန်းကောင်းဖို့ အတွက် ယူသွားဖို့ရှိပါတယ်။ အား လုံးအဆင်ပြေသွားရင်တော့ တရား ဝင် ထုတ်ပြန်သွားမှာပါ” ဟု အထက်ပါ ပုဂ္ဂိုလ်က ဆက်လက် ပြောသည်။ မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်း အင်တာနက်အသုံးပြုနိုင်ရန်အတွက်  SE-ME-WE 3 ဖိုင်ဘာ ဆက်ကြောင်း ကို ဧရာဝတီတိုင်းဒေသကြီး ဖျာပုံ မြို့နယ်မှ စတင်သွယ်တန်းခဲ့ခြင်းဖြစ် ပြီး ¤င်းမှတစ်ဆင့် မြန်မာနိုင်ငံအနှံ့ သို့ ဆက်လက်သွယ်တန်းထားခြင်း ဖြစ်သည်။
Popular News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis