menu

Sunday 19 February 2012

အက်ပဲလ်ရဲ့ အိုင်ဖုန်းတွေ ရေပန်းစားနေပေမယ့် အန်းဒရွိုက်ရဲ့ ဟန်းဆက်တွေကတော့ စမတ်ဖုန်း ဈေးကွက်မှာ ဦးဆောင်နေ


အိုင်ဖုန်းကိုင်မှ ဖြစ်မယ်ဆိုတဲ့ ရောဂါကြောင့် အက်ပဲလ်ဟာ ၂၀၁၁ ခုနှစ် အကုန်ပိုင်းမှာ ကမ္ဘာတစ်လွှား ရေပန်း အစားဆုံး စမတ်ဖုန်း ကုမ္ပဏီ ဖြစ်သွားပါတယ်။
ဒါပေမယ့် ဂူးဂဲလ်ရဲ့ အန်းဒရွိုက် ဆော့ဖ်ဝဲသုံး ဟန်းဆက်တွေကတော့ ဈေးကွက်အတွင်း အောင်မြင်မှု အမှန် တကယ်ရသူတွေ ဖြစ်နေပါတယ်။
ကယ်လီဖိုးနီးယားအခြေစိုက် အက်ပဲလ်ကုမ္ပဏီဟာ လူကြိုက်အများဆုံး ပစ္စည်းကို ထုတ်လုပ်နိုင်ခဲ့တဲ့အတွက် စမတ်ဖုန်းတင်ပို့ ရောင်းချမှုဟာ ၂၀၁၁ ခုနှစ် နောက်ဆုံးသုံးလပတ်မှာ ပြီးခဲ့တဲ့ နှစ်ကထက် ၅၄ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်လို့ အိုင်ဒီစီက တနင်္လာ နေ့မှာ ထုတ်ပြန်ခဲ့တဲ့ အချက်အလက် တွေအရ သိရပါတယ်။

၂၀၁၁ ခုနှစ် စတုတ္ထသုံးလပတ်မှာ စမတ်ဖုန်းကုမ္ပဏီတွေက ဖုန်းလုံးရေ ၁၅၇ ဒသမ ၈ သန်း တင်ပို့ရောင်းချခဲ့ ကြပြီး ၂၀၁၀ ပြည့်နှစ် နောက်ဆုံးသုံးလ ပတ်မှာတော့ ၁၀၂ သန်းတင်ပို့ရောင်း ချနိုင်ခဲ့တယ်လို့ အိုင်ဒီစီက ယှဉ်ပြထား ပါတယ်။
ဒါ့ပြင် ၂၀၁၀ ပြည့်နှစ်မှာ စမတ်ဖုန်း လုံးရေစုစုပေါင်း ၃၀၄ ဒသမ ၇ သန်း တင်ပို့ရောင်းချခဲ့ရာမှ ၂၀၁၁ ခုနှစ်မှာ ၁၅၇ ဒသမ ၈ သန်းအထိ "အားရစရာ ကောင်းလောက်အောင် ၆၁ ဒသမ ၃ ရာခိုင်နှုန်းအထိ" တိုးမြှင့်တင်ပို့ရောင်း ချနိုင်ခဲ့တာကို တွေ့ရပါတယ်။
အိုင်ဒီစီက ထုတ်ပြန်ထားတဲ့ အချက် အလက်တွေအရ အက်ပဲလ်ဟာ ကမ္ဘာ့ စမတ်ဖုန်းဈေးကွက်ဝေစု ၂၃ ဒသမ ၅ ရာခိုင်နှုန်းနဲ့ ဦးဆောင်နေပြီး ဆမ်ဆောင်းက ၂၂ ဒသမ ၈ ရာခိုင်နှုန်းနဲ့ နိုကီယာက ၁၂ ဒသမ ၄ ရာခိုင်နှုန်း အသီးသီးရှိတယ်လို့ သိရပါတယ်။
"ဟီးရိုးပစ္စည်းတွေလို့ခေါ်တဲ့ ဆမ်ဆောင်းရဲ့ Galaxy Nexus နဲ့ အက်ပဲလ် ရဲ့ အိုင်ဖုန်း 4S တွေလို ပစ္စည်းတွေဟာ သူတို့ရဲ့ ပုံစံကြောင့် လူအများစု က စိတ်ဝင်စားကြတယ်"လို့ အိုင်ဒီစီ ရဲ့ ကမ္ဘာတစ်လွှားမှ မိုဘိုင်းဖုန်းဆိုင်ရာ အချက်အလက်တွေကိုလေ့လာ ပြုစုရာ ဌာနမှ ၀ါရင့်သုတေသီ ကယ်ဗင်ရက်စ် တီဗိုက ပြောပါတယ်။
"ဒါပေမယ့် အန်းဒရွိုက်ဆော့ဖ်ဝဲကို အခြေခံထားတဲ့ ဒေါ်လာ ၂၅၀ အောက် ဟန်းဆက်မျိုးတွေ ပိုပြီး ထွက်ပေါ်လာတဲ့အတွက် ဂူးဂဲလ်ရဲ့ စက်ပစ္စည်းပိုင်း ဆိုင်ရာပါတနာတွေကို စမတ်ဖုန်း အရေအတွက် ပိုထုတ်နိုင်စေသလို တစ်ချိန်တည်းမှာပဲ ဈေးကွက်ထဲမှာ လည်း နေရာပိုရလာစေပါတယ်"လို့ သူကပြောပါတယ်။
အိုင်ဖုန်းစက်ပစ္စည်းပိုင်းဆိုင်ရာနဲ့ ဆော့ဖ်ဝဲတွေကို အက်ပဲလ်ကတင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားတဲ့ အချိန်မှာ ဂူးဂဲလ်က အန်းဒရွိုက် မိုဘိုင်းလည်ပတ် ရေးစနစ်ဆော့ဖ်ဝဲတွေကို ဟန်းဆက် အမျိုးအစား အမျိုးမျိုးထုတ်လုပ်နေကြတဲ့ စမတ်ဖုန်းကုမ္ပဏီတွေကို အခမဲ့ ပေးနေပါတယ်။
အက်ပဲလ်နဲ့ အိုင်ဖုန်းစမတ်ဖုန်းတွေရဲ့ ၂၀၁၁ ခုနှစ် နောက်ဆုံး သုံးလပတ် ရောင်းအားဟာ အမေရိကန် စမတ်ဖုန်း ရောင်းအားရဲ့ ၉၀ ရာခိုင်နှုန်းကျော် ရှိတယ်လို့ ဒီလုပ်ငန်းနဲ့ပတ်သက်ပြီး သုတေသနလုပ်နေတဲ့ အင်န်ပီဒီ အုပ်စုက တနင်္လာနေ့မှာ သတင်းထုတ်ပြန်ခဲ့ ပါတယ်။
ဒါ့ပြင် အန်းဒရွိုက်ဟာ ဈေးကွက်ထဲမှာ ၄၈ ရာခိုင်နှုန်း နေရာရထားပြီး အက်ပဲလ်ကတော့ ၄၃ ရာခိုင်နှုန်း နေရာ ရထားတယ်လို့ အင်န်ပီဒီက ဖော်ပြထားပါတယ်။
အင်န်ပီဒီရဲ့ အချက်အလက်တွေ အရ ပြီးခဲ့တဲ့ စတုတ္ထသုံးလပတ်မှာ အန်းဒရွိုက်ရဲ့ ဈေးကွက်ဝေစု ၅၇ ရာခိုင် နှုန်းရှိပြီး အက်ပဲလ်က ၃၄ ရာခိုင်နှုန်း ရှိခဲ့တာကြောင့် အန်းဒရွိုက် ဆော့ဖ်ဝဲတွေဟာ အမေရိကန်နိုင်ငံက ပထမ ဦးဆုံးအကြိမ် စမတ်ဖုန်းဝယ်တဲ့ ၀ယ်လက် တွေကြောင့် ပိုပြီး ရေပန်းစားခဲ့တာကို တွေ့ရပါတယ်။
"အန်းဒရွိုက်ဖုန်းဟာ သူ့ရဲ့ ပြိုင်ဘက်တွေနဲ့ယှဉ်ရင် သုံးရတာ ပိုရှုပ်တယ်လို့ ပြောနေကြပေမယ့် ကုမ္ပဏီရဲ့ ဆက်သွယ်ရေးဝန်ဆောင် မှုက ကျယ်ပြန့်ပြီး ရွေးစရာ ဆော့ဖ်ဝဲတွေကလည်း အများအပြားရှိတာကြောင့် စမတ်ဖုန်းသုံးစွဲသူတွေ ပိုစိတ်ဝင်စားကြတယ်"လို့ အင်န်ပီဒီက ကျွမ်းကျင်သူ ရော့စ်ရူဘင် က ပြောပါတယ်။
Myanmar Times

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis