menu

Monday 20 February 2012

မော်လမြိုင် သံလွင်မြစ်အတွင်း အပျော်စီးရေပေါ် ရှပ်ပြေးယာဉ်တစ်စင်း တိမ်းမှောက်၍ ဆရာဝန်တစ်ဦးသေဆုံး




မော်လမြိုင်မြို့ စစ်ကဲကုန်းရပ် မြို့မတံတားရှိ ဂျက်စကီးအပျော်စီး ရေပေါ်ရှပ်ပြေးယာဉ်တစ်စီးကို ရန်ကုန်မှ ဆေးပစ္စည်းပြပွဲ လာရောက်သော ဆရာဝန်ဇနီးမောင်နှံတို့ ငှားရမ်းစီးနင်းရာ အရှိန်မထိန်းနိုင်ဘဲ ရပ်ထားသော ပိုင်းလော့ဘုတ်ကို ၀င်တိုက်မိခဲ့ပြီး ပိုင်းလော့ဘုတ်နှင့် ရေဘောင်ကြား သံလွင်မြစ်အတွင်း ကျသွားသည်ကို အနီးရှိသူများက ၀ိုင်းဝန်းဆယ်ယူခဲ့ပြီး မော်လမြိုင်ဆေးရုံကြီးသို့ ပို့ဆောင်ရာ၊ ဆေးရုံအရောက်တွင် ဒေါက်တာအောင်ဝင်းမောင် သေဆုံးသွားခဲ့သည်ဟု သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ၈ နာရီ ၄၅ မိနစ်ခန့်တွင် ဒေါက်တာအောင်ဝင်းမောင်(၅၄နှစ်) (ဘ)ဦးဖွန်နား၊ ဗိုလ်တစ်ထောင်မြို့ နယ်နေသူနှင့် ဇနီးဒေါ်မြင့်မြင့်စိန် (၅၈)နှစ်(ဘ)ဦးရှလန်တို့သည် ဂျက်စကီး (အပျော်စီးယာဉ်)ရှိသည့် မြို့မတံတားသို့ ရောက်ရှိလာပြီး ယာဉ်အမှတ်(၁)ကိုငှားရမ်းကာ သံလွင်မြစ်အတွင်း စီးနင်းခဲ့ကြောင်း၊ ထိုသို့စီးနင်းစဉ် အရှိန်မထိန်းနိုင်ဘဲ ဆိပ်ကမ်းသာတံတားတွင် ဆိုက်ကပ်ထားသော အောင်ပင်လယ်(၃) ပိုင်းလော့ဘုတ်ကို ယာဘက်ဦးဖြင့်တိုက်မိ၍ လိုက်ပါစီးနင်းသူနှစ်ဦးလုံး ရေဘောင်နှင့် ပိုင်းလော့ဘုတ်ကြား သံလွင်မြစ်ထဲသို့ ကျခဲ့ကြောင်း၊ အနီးရှိမြို့မရဲစခန်း၊ ပိုင်းလော့ဘုတ်ဝန်ထမ်းများက ၀ိုင်းဝန်းဆယ်ယူပြီး မော်လမြိုင်ဆေးရုံသို့ ပို့ဆောင်ခဲ့ရာ၊ ဆေးရုံအရောက်တွင် ဒေါက်တာအောင်ဝင်းမောင်မှာ ရရှိသည့်ဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး ဇနီးဖြစ်သူဒေါ်မြင့်မြင့်စိန်မှာ ဆေးရုံတွင် ကုသမှုခံယူလျက်ရှိသည်ဟု သိရှိရသည်။
အဆိုပါဖြစ်စဉ်အား သက်ဆိုင်ရာရဲစခန်းမှ (ပ)၂၉/၂၀၁၂၊ ပြစ်မှုပုဒ် မ ၃၀၄(က)အရ အမှုဖွင့်ထားကြောင်း သိရသည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis