menu

Sunday 19 February 2012

iPad အမည်ကို တရုတ်တွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီရှိသောကြောင့် အက်ပဲလ်အခက်ကြုံ






အက်ပဲလ်ကုမ္ပဏီ၏ နာမည်ကျော် သင်ပုန်းကွန်ပျူတာ iPad ၏ အမည်ကို တရုတ်တွင် မှတ်ပုံတင်ထားပြီးဖြစ်သောကြောင့် အက်ပဲလ်က iPad အမည်ဖြင့် ရောင်းချဖြန့်ဖြူးနေမှုများကို ရပ်တန့်ပေးပါရန် Proview International Holdings Ltd က တောင်းဆိုခဲ့သည်။
ဟောင်ကောင်အခြေစိုက် ကုမ္ပဏီ Proview က ယင်းသို့ တောင်းဆိုခဲ့ခြင်းကြောင့် အချို့သော အက်ပဲလ်ဖြန့်ဖြူးသူများမှာ ရောင်းချမှု ရပ်တန့်ထားကြောင်း သိရသည်။
ကွန်ပျူတာဖန်သားပြင်ထုတ်လုပ်သည့် Proview ၏ တရုတ်ပြည်တွင်း တရားစွဲဆိုမှုတွင် ကာလီဖိုးနီးယားအခြေစိုက် အက်ပဲလ်က အရေးနိမ့်သွားခဲ့အပြီးတွင် Proview က ယင်းသို့ တောင်းဆိုခဲ့ခြင်းဖြစ်သည်။
အက်ပဲလ်၏ တရုတ်နိုင်ငံဆိုင်ရာ ပြောခွင့်ရ အမျိုးသမီး၏ အစောပိုင်းပြောကြားချက်တွင်မူ အက်ပဲလ်သည် Proview ထံမှ iPad အမည် မူပိုင်ခွင့်ကို တရုတ်အပါအ၀င် နိုင်ငံ ၁၀ နိုင်ငံတွင် ၀ယ်ယူထားပြီးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။နောက်ထပ်မေးမြန်းမှုများကိုမူ ဖြေကြားခြင်းမရှိသေးပေ။ အွန်လိုင်းလေလံနှင့် ပစ္စည်းရောင်းသည့်ဝက်ဘ်ဆိုက် အမေဇုန်၏ တရုတ်ဝက်ဘ်ဆိုက်တွင် iPad ရောင်းချမှုကို ယာယီရပ်ဆိုင်းထားသည်။
Ref: AFP
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis