menu

Sunday 19 February 2012

တောင်ကိုရီးယားပရိသတ်တွေနဲ့ တစ်သားတည်းဖြစ်ခဲ့တဲ့ မယ်လိုဒီ


Photo

ဇာတ်ကားရိုက်ကူးမှုများကိုရပ်နားလိုက်ပြီး တခြားအနုပညာအလုပ်များ ဆက်လက်လုပ်ကိုင်နေသော မယ်လိုဒီသည် ကိုရီးယားဖျော်ဖြေရေးပွဲတွင် သီချင်း အသစ် ၄ ပုဒ်သီဆိုခဲ့ကြောင်း သူမကပြောသည်။
“အားပေးတဲ့ ပရိသတ်တွေ အရမ်းယဉ်ကျေးတယ်။ အရမ်းလည်းနွေးထွေးတယ်။ သူတို့ လိုက်ဆိုလို့ရတဲ့ သီချင်းဆိုလိုက်ဆိုပေးတယ်။ မျိုးဆိုအဲဒီမှာဆိုတာ သီချင်းအသစ်ပဲ ၄ ပုဒ်၊ အသစ်ဆိုတော့ ကိုယ့်အသိုင်းအ၀ိုင်းထဲက မကြားဖူးတဲ့သီချင်းဖြစ်သွားတာပေါ့ နော်။ သူတို့မသိတဲ့သီချင်းအသစ် ၄ ပုဒ်ကိုလည်း ငြိမ်ပြီးနားထောင်ပေးတယ်။ များသောအားဖြင့် ပျော်ချင်လို့လာကြတာလေ။ သီချင်းအသစ်တွေဆိုတချို့တွေ  သိပ်ပြီးနားမထောင်ချင်ဘူး။ အော်တာ ဟစ်တာတို့ရှိတယ်။ သူတို့က အဲလိုမျိုးမရှိဘူး”ဟု မယ်လိုဒီကပြောသည်။

ထိုဖျော်ဖြေပွဲတွင် သီချင်း ၉ ပုဒ်သီဆိုခဲ့ပြီး ကိုဇော်ဝင်းထွဋ်နှင့် စုံတွဲ “ရှေ့ဆက်ရန်စဉ်းစားပါ”သီချင်း၊ အသစ် ၄ ပုဒ်၊ အဟောင်းထဲက၂ ပုဒ်၊ အေးချမ်းမေသီချင်းကြိုက်နှစ်သက်သည့်အတွက်အေးချမ်းမေသီချင်း“တမ်းတတဲ့အချစ်”သီဆိုခဲ့သည်။ ယခုပွဲသည် ပြည်ပပွဲသုံးကြိမ်မြောက်ဖြစ်ပြီး စင်ကာပူ၊ မလေးရှား
တွင်လည်း သီဆိုခဲ့သည်။ ကိုရီးယားတွင် အမျိုးသားပရိသတ်ပိုများပြီး မလေးရှား၊ စင်ကာပူတို့ထက် မိန်းကလေး ပိုနည်း ကြောင်း သူမက ဆက်လက်ပြောသည်။
“အရမ်းချမ်းတာအနုတ်၁၉ ဒီဂရီ စင်တီဂရိတ်၊ အေးလွန်းလို့ အကျ ၆ထပ်၊ ဘောင်းဘီ ၆ ထပ်၊ မျက်လုံးပဲဖော်နိုင်တယ်။ ကျန်တာဘာမှ မဖော်နိုင်ဘူး။ အရမ်းအေးတာ။
အဲဒီလိုတစ်ခါမှ မအေးဖူးဘူး။ အဲဒါတော့အမှတ်တရပဲ။ တောင်ကိုရီးယား၊ မြောက်ကိုရီးယား ဥမင်လိုဏ်ခေါင်းလေ။ အဲဒါလည်းပို့ပေးတယ်”ဟု မယ်လိုဒီကပြောသည်။
မယ်လိုဒီသည်  Lazy Club   တီးဝိုင်းမန်နေဂျာ ကိုအီကြာကွေး၏ စီစဉ်မှုဖြင့် ဇန်န၀ါရီ ၂၀ရက်တွင် ဇော်ဝင်းထွဋ်၊ နောနော်၊ ချမ်းချမ်းတို့နှင့်အတူ ကိုရီးယားသို့ သွားရောက်ခဲ့
ပြီး  ဇန်န၀ါရီ ၂၂ ရက်တွင် သီဆိုဖျော်ဖြေကာ ဇန်န၀ါရီ ၂၅ ရက်တွင် ရန်ကုန်သို့ ပြန်လည်ရောက်ရှိလာသည်။    မယ်လိုဒီသည် ယခုအချိန်တွင် စိတ်ရောလူပါ နားနေသော်
လည်း ယခုလုပ်နေသော အလုပ်ဖြစ်သည့် ရှိုးလျှောက်ခြင်း၊ လက်ရှိလုပ်နေသည့် အလုပ်တစ်ခုချင်းကို အကောင်းဆုံး သပ်သပ်ရပ်ရပ်လုပ်သွားချင်ပြီး ကားရိုက်ဖို့ လုံးဝ အစီအစဉ်မရှိကြောင်း သူမကပြောသည်။
7 Day News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis