menu

Sunday 19 February 2012

5000တန်လေးထောက်ခံပေးကြပါ..(ဟာဂျူလီ.ကသာ)


ခုတလော မောင်ဂျူအဖြေရဆုံးမေးခွန်းလေးကတော့ ၅၀၀၀တန်ဖုန်းကဒ် အဆုံးသတ်တော့မှာလား ဆိုတဲ့မေးခွန်းလေးပါ၊မောင်ဂျူကလည်း ဘာကောင်ကြီးမှ မဟုတ်တာပဲ၊ဘယ်သိပါ့မလဲနော့၊ဒီတော့
ပြန်ဖြေရတာပေါ့၊ ကျွန်တော် မသိပါဘူးလို့၊ဒီအဖြေကို အချို့က ကျေနပ်ပုံမရဘူးခင်ဗျ၊ဟုတ်ရှာမှာပေါ့၊သူတို့ဘက်ကကြည့်တော့လည်း တစ်သက်နဲ့တကိုယ် ဟမ်းဖုန်း
မကိုင်နိုင်လောက်တော့ဘူးလို့ ထင်ထားရာကနေ ဖုန်းတစ်ကဒ် ၅၀၀၀ဆိုတော့ သူရို့တတွေ ကိုင်နိုင်တဲ့ တန်ဖိုးဆိုတော့ ကိုင်ချင်ကြရှာမှာပေါ့။
၊မောင်ဂျူကလည်း သူရို့တတွေကို ဟမ်းဖုန်းလေးတွေကိုယ်စီ ကိုယ်စီ ကိုင်ကြစေချင်သည်ပေါ့၊နော့၊ရော၊ခက်တာပဲ၊ မောင်ဂျူပြောခဲ့သလို မောင်ဂျူက ဘာကောင်မှ မှမဟုတ်တာ ဘာတတ်နိုင်မှာတဲ့တုန်း၊ဒါက ဆက်သွယ်ရေးဝန်ကြီးရဲ့ ဆုံးဖြတ်ချက်လေ၊ဟုတ်ပါပြီ၊ဟုတ်ပါပြီ၊ခင်ဗျားတို့ပြောသလိုပ၊ကျားသနားမှ နွားချမ်းသာမယ်ဆိုတာကို
လက်ခံပါတယ်၊
ခက်တော့ခက်နေပြန်ပါပြီ၊ယုန်ကလေးနာစေးနေတဲ့ မောင်ဂျူ့ကို မေးကြပြန်ပါပြီ၊ဖြစ်နိုင်ပါ့မလားရယ်လို့၊
ဒါလည်း မောင်ဂျူမသိပါဘူး၊မောင်ဂျူက ဆက်သွယ်ရေးပညာရှင်မှ မဟုတ်ထာ၊ဘယ်သိပါ့မလဲ၊အဲအဲအဲ.နို့ပေမယ့် မောင်ဂျူ ကြားဖူးတာလေးတစ်ခုတော့ ရှိသဗျ၊
လွန်ခဲ့တဲ့ ၈နှစ်လောက်က မောင်ဂျူ့မိတ်ဆွေတစ်ယောက် သူတို့ အထွဋ်အမြတ်ထားရာ မကာကို ဘုရားဖူးထွက်သဗျ၊သူတို့ပြောတာလေးက ထူးထူးဆန်းဆန်းမို့ တိုက်ဆိုင်တုန်း ပြန်ပြောပြရဦးမယ်၊
သူတို့ဘုရားဖူးတော့ သူတောင်းစားတွေက သိပ်အတောင်းအရမ်းထူတယ်ဆိုပဲ၊ဒီတော့ ဘုရားဖူးတွေကို နှောက်ယှက်တဲ့သူတောင်းစားတွေကို ရဲက ဖမ်းသတဲ့၊ဘုရားဖူးတန်းကြီးက အရှည်ကြီးဆိုတော့ ရှေ့ဆုံးက သူတောင်းစားကို ရဲကဖမ်းပြီဆိုတာနဲ့ သူ့အနားမှာရှိတဲ့သူတောင်းစားက ခါးကြားထဲက ဟမ်းဖုန်းကိုထုတ်ပြီး နောက်က သူတောင်းစားကို ဖုန်းဆက်တယ်၊ဒီမှာတော့ ရဲကဖမ်းနေပြီပေါ့၊ဒီတော့ နောက်ဆုံးက သူတောင်းစားက သူ့ရဲ့ခါးကြားက
ဟမ်းဖုန်းလေးထုတ်ပြီး နားထောင်တယ်၊သြော် မင်းတို့ရှေ့မှာ ဖမ်းနေပြီဟုတ်လား၊ဒါဆို တိုကတော့ပြေးပြီဆိုပြီး ပြေးကြတယ်တဲ့၊ပြောချင်တာက မကာမှာ သူတောင်းစားတောင် ဟမ်းဖုန်းကိုယ်စီ ကိုင်နိုင်ကြတယ်၊တစ်ခါတစ်ခါတော့ မောင်ဂျူစဉ်းစားမိတယ်၊ဟမ်းဖုန်းမကိုင်နိုင်ရှာတဲ့ မောင်ဂျူတစ်ယောက်ု မကာသွားပြီး တောင်းစားမလားရယ်..လို့။
ဟာဂျူလီ(ကသာ)Facebook မှ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis