menu

Sunday 19 February 2012

အပ်ငွေလွှဲငွေ အိမ်တိုင်ရာရောက် ဝန်ဆောင်မှုပေးသော ဘဏ်များအားအရေးယူမည်


ပုဂ္ဂလိကဘဏ်များ အပ်ငွေလွှဲ ငွေ ကိစ္စများကို အိမ်တိုင်ရာရောက် လိုက်လံဆောင်ရွက်ပါက လုပ်ငန်း လိုင်စင်ရပ်ဆိုင်းမည်ဖြစ်ကြောင်း ဗဟိုဘဏ် ထုတ်ပြန်ချက်များအရ သိရသည်။ဘဏ်အချို့သည် အပ်ငွေ၊ လွှဲ ငွေလုပ်ငန်းများကို အချိန်ကန့်သတ် ချက်မရှိဘဲ နေရာမရွေးလိုက်လံ၍ လက်ခံ ဆောင်ရွက်နေခြင်းကြောင့် ဗဟိုဘဏ်မှ ဘဏ်လုပ်ငန်းချိန်နှင့် ခွင့်ပြုထားသောနေရာတွင်သာ ဘဏ် လုပ်ငန်းဆောင်ရွက်ရန် ညွှန်ကြား ချက်များ ထုတ်ပြန်လိုက်ကြောင်း သိ ရသည်။
”ဘဏ်လုပ်ငန်းတစ်ခုက ပြည် သူတွေရဲ့ ယုံကြည်မှုကို တည် ဆောက်ယူရတာ။ ဘဏ်တစ်ခုရဲ့ လုပ်ထုံး လုပ် နည်းမှာ အိမ်တိုင်ရာ ရောက်ငွေလိုက်လက်ခံတာမျိုး မပါ ဘူး။ နိုင်ငံတကာမှာလည်း ဒီလို ဝန်ဆောင်မှုပေးတာမျိုး မရှိဘူး။ ပုဂ္ဂလိကဘဏ် တွေ အများကြီးပေါ် လာတဲ့အတွက် အပြိုင်အဆိုင် ဝန် ဆောင်မှုပေးတဲ့နေရာမှာ ဒီလို ဝန် ဆောင်မှုမျိုးဟာ ဘဏ်လုပ်ငန်း စည်းမျဉ်းဥပဒေတွေနဲ့ မကိုက် ညီတဲ့ အပြင် အန္တရာယ်များတယ်။ အိမ် တိုင်ရာရောက် ငွေသွားယူတဲ့အခါ အိမ်မှာ ရေတွက်တဲ့ငွေပမာဏ နဲ့ ဘဏ်ရောက်တဲ့အခါ ရေတွက်တဲ့ ငွေ ပမာဏကွာတာမျိုး၊ အဲဒီငွေကို ဘဏ်ကိုသယ်တဲ့အချိန်မှာ လမ်းမှာ ပျောက်ရှတာတို့၊ အလုယက်ခံရ တာတွေဖြစ်ခဲ့ရင် ဘဏ်ကပဲ တာဝန် ယူ ဖြေ ရှင်းရမယ်။ မဖြေရှင်းနိုင်ရင် ပြည်သူတွေရဲ့ယုံကြည်မှု ပျက်ပြား စေပြီး ငွေမအပ်ရဲဖြစ်လာနိုင်တဲ့ အ တွက် ငွေအပ်နှံလိုသူတွေ ဘဏ်ကို ကိုယ်တိုင် ကိုယ်ကျလာရောက် အပ် နှံတာမျိုးပဲ လက်ခံသင့်တယ်”ဟု ဘဏ်လုပ်ငန်းကျွမ်းကျင်သူတစ်ဦးက သုံးသပ်ပြောကြားသည်။ယင်းကိစ္စရပ်များကို မြန်မာ နိုင်ငံငွေရေးကြေးရေး အဖွဲ့အစည်း များ ဥပဒေ၊ မြန်မာနိုင်ငံဗဟိုဘဏ် နည်းဥပဒေ၊ မြန်မာနိုင်ငံငွေရေး ကြေးရေးအဖွဲ့အစည်းများဆိုင်ရာ နည်း ဥပဒေတို့မှ ဘဏ်လုပ်ငန်း ဆောင်ရွက်ရန် မြန်မာနိုင်ငံဗဟို ဘဏ်မှ ရည်ညွှန်းပါ ညွှန်ကြားချက် များဖြင့် ညွှန်ကြားထားပြီးဖြစ်သော် လည်း ပုဂ္ဂလိက ဘဏ်များမှ ဝန် ဆောင်မှုအဖြစ် ကျော်လွန်လုပ်ဆောင် ခြင်းကြောင့် ပုဂ္ဂလိကဘဏ်များအား လုံးအား အကြောင်းကြားစာ ထပ်မံ ပေးပို့ရခြင်း ဖြစ်ကြောင်း သိရသည်။လက်ရှိ မြန်မာနိုင်ငံတစ်ဝန်း လုံးတွင် အစိုးရဘဏ် ၄ ခု၊ ပုဂ္ဂလိကဘဏ် ၁၉ ခုနှင့် ဘဏ်ခွဲ ပေါင်း ၂၄ဝ ကျော်ရှိပြီး ထပ်မံဖွင့် လှစ်မည့်ဘဏ်ခွဲပေါင်း များစွာကျန် ရှိနေသေးကြောင်း သိရသည်။
Popular News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis