menu

Wednesday 4 January 2012

ပထမအကြိမ်လွှတ်တော် တတိယပုံမှန်အစည်းအဝေးများ ဇန်န၀ါရီ ၂၆ တွင်စတင်မည်

ပထမအကြိမ်လွှတ်တော် တတိယ ပုံမှန်အစည်းအဝေးများကို ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၂၆ ရက်နေ့တွင် စတင်ကျင်းပမည်ဖြစ်ကြောင်း သိရှိရပါသည်။
ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေးများနှင့် ပထမအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေးများကို ဇန်န၀ါရီလ ၂၆ ရက်နေ့တွင် စတင်ကျင်းပမည်ဖြစ်ကြောင်းနှင့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ဇန်န၀ါရီလ ၂၄ ရက်ထက် နောက်မကျစေဘဲ လွှတ်တော်ရုံးကို
သတင်းပို့ရမည်ဖြစ်ကြောင်း သိရသည်။
လွှတ်တော် တတိယပုံမှန်အ စည်းအဝေး၌ နိုင်ငံတော် ရသုံးမှန်း ခြေငွေစာရင်းဥပဒေကြမ်းကို ဆွေးနွေးမည်ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက ဦးခင်အောင်မြင့်က ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ သဘင်ခန်းမဆောင်၌ ကျင်းပသည့် ပြည်ထောင်စု၏ ရသုံးမှန်းခြေငွေစာရင်း (ဘတ်ဂျက်) ရေးဆွဲခြင်းဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။
ထို့ပြင် နိုင်ငံခြားငွေကြေး ကိုင်တွယ်မှုဥပဒေ၊ အကောက်ခွန်ဥပဒေနှင့် သွင်းကုန်ထုတ်ကုန် ဥပဒေများအပါအ၀င် စီးပွားရေးဆိုင်ရာဥပဒေများကို ပြန်လည်ပြင်ဆင်ရေးဆွဲတင် သွင်းနိုင်ရန်ဆောင်ရွက်မည်ဖြစ်ကြောင်းလည်း သိရသည်။
ရသုံးမှန်းခြေ ငွေစာရင်း ဆိုသည်မှာ တစ်မျိုးသားလုံး၏ စီမံကိန်းအရ လာမည့်ဘဏ္ဍာရေးနှစ် အတွင်း ၀င်ငွေစုစုပေါင်း မည်မျှရရှိ၍ ယင်းငွေများကို မည်သည့်ကဏ္ဍတွင် မည်သို့မည်ပုံသုံးစွဲမည်၊ ရင်းနှီးမြှုပ်နှံမည် စသဖြင့် နိုင်ငံတော်အဖွဲ့အစည်းများ၏ ဆောင်ရွက်မည့် လုပ် ငန်းအစီအစဉ်ကို ငွေကြေးဖြင့် ပြုစုဖော်ပြသည့် စာရင်းဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် လာမည့်ဘဏ္ဍာရေးနှစ်အတွင်း ဖြစ်ပေါ်လာမည့် ငွေကြေးကိစ္စများကို ကြိုတင်ခန့်မှန်းတွက်ချက်ထားသည့် နှစ်စဉ်ဘဏ္ဍာရေးစာရင်းဖြစ်ကြောင်း သိရသည်။ ဘဏ္ဍာရေးနှစ်မှာ နှစ်စဉ် ဧပြီ လ ၁ ရက်နေ့မှ မတ်လ ၃၁ ရက် နေ့အထိ ဖြစ်သည်။
ပထမအကြိမ် လွှတ်တော် ပုံမှန်အစည်းအဝေးများကို ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက်နေ့မှ မတ်လ ၃၀ ရက်နေ့အထိ လည်းကောင်း၊ ပထမအကြိမ် လွှတ်တော်ဒုတိယ ပုံမှန် အစည်းအဝေးများကို ၂၀၁၁ ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့မှ နိုဝင် ဘာလ၂၅ရက်နေ့အထိလည်းကောင်း ကျင်းပခဲ့ပြီးဖြစ်သည်။
By EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis