menu

Wednesday 4 January 2012

၂၀၁၁ အတွင်းဆေးပညာတွေ့ရှိမှုများ

(၁) တရားရှုမှတ်ခြင်းသည် ဦးနှောက်ကို ပြောင်းလဲပေးနိုင်။
တစ်နေ့လျှင် မိနစ် ၃ဝ မျှ အချိန်ယူလျက် ရက်သတ္တ ၈ပတ်မျှအထိ တရားထိုင်သူ တစ်ဦး၏ ဦး နှောက် အစိတ်အပိုင်းများထဲတွင် မှတ်ဥာဏ်စွမ်းအား ပို၍ကောင်း လာခြင်း၊ မိမိကိုယ်ကိုယ် ယုံကြည်မှု အမြင်ရှိလာခြင်းနှင့် သောကဖိစီး ခြင်းများကို ပြေလျော့စေနိုင်ကြောင်း စစ်တမ်းများက တွေ့ရှိခဲ့ကြသည်။
(၂) ကိုယ်ချင်းစာနာစိတ်  ထားတတ်သူများဖြစ်မှသာ ကိုယ့် ကျန်းမာရေးကို ကောင်းအောင် လုပ်နိုင်။
New Wave Research စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်မှုပြု ပေးနေကြသော ဆေးသုတေသီများ၏ အကြံ ပြုချက်မှာ မိမိ၏အတွင်းစိတ်သဏ္ဌာန်တွင် အခြားသူတစ်ပါးအား ကရုဏာ
သနားစိတ်၊ကိုယ်ချင်းစာနာလိုသော စိတ်များရှိလာအောင် ပြုလုပ်လေ့ကျင့်ပေးခြင်းသည် အရေးပါလှသော ကိုယ်စိတ်နှစ်ပါးကျန်းမာရေး၏ အရေးကြီးလှသော ပထမအဆင့်ဖြစ် ကြောင်း ဖော်ထုတ် အကြံပြု ခဲ့သည်။
(၃) အမျိုးသားတစ်ဦး၏ သုတ်ရည်အလှူဖြင့် သားသမီး ၁၅ဝ ခန့်ရရှိနိုင်ပြီ။
သဘာဝအလျောက် ဖြစ်စဉ် မဟုတ်ဘဲ မေထုန်မဲ့ ပဋိသန္ဓေ တည်စေခြင်းကြောင့် ဖခင်တစ်ဦး၏ သုတ်ရည်သည် ကလေးသားသမီး များစွာကို ရရှိစေနိုင်သည်။ ဤ ပြ ဿနာကိုသိပ္ပံသုတေသီများအကြား တွင် များပြားလှသော တွေးတော ပူပန်စရာများ ရှိလာနေကြသည်။
(၄) ကယ်လိုရီကန့်သတ်ပြီး ကိုယ်အလေးချိန် လျှော့ချခြင်း ခေတ်မမီတော့ပေ။
ဆေးသုတေသီများ၏ ၂ဝ၁၁ တွင် အသစ်လွင်ဆုံး ရှာဖွေတွေ့ရှိမှု များထဲမှ သီးသန့်သတ်မှတ်ထား သော အစားအစာများကို စားသုံး ခြင်းအားဖြင့် ကယ်လိုရီကို ကန့် သတ်ပေးကာ ကိုယ်အလေးချိန် လျော့ကျစေခြင်းဟူသော အသိကို ဖျောက်ဖျက်ကြရန် ဖြစ်သည်။ အမျိုးစုံလင်လှသော အစားအစာ များကို လျော့စားခြင်း တစ်ခါတစ်ခါ ပိုစားခြင်းတို့ကို မကြာမကြာ ပြုလုပ် ပေးခြင်းသည်သာ နည်းကောင်းတစ် ခုဖြစ်ပြီး အသက်ရှည်နိုင်မည်ဖြစ် ကြောင်း ဖော်ပြထားသည်။
(၅) ဘယ်သန်များအား အထင် အမြင်လွဲမှားမှု ပျောက်ပြယ်
ရာစုနှစ်ပေါင်းများစွာ အထင် သေးခံလာရသော ဘယ်သန်များ အတွက် ရာဇဝတ်မှုများ ကျူးလွန် တတ်သူ၊ မကောင်းမိစ္ဆာများနှင့် ဆက်နွှယ်နေတတ်သူ ဟူသော အယူအဆများမှာ စကားထာတစ်ခု အဖြစ်သာ ဖော်ပြနိုင်ပြီဖြစ်သည်။ သမ္မတအိုဘားမား၊ သမ္မတဟောင်း ကလင်တန်နှင့်ဂျရယ်လ်ဖို့တို့သည် ဘယ်သန်များသာ   ဖြစ်ကြသည်။By Popular News
KLMA Ref:’The New York Time’ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis