menu

Wednesday 4 January 2012

ရွှေတိဂုံသမိုင်းကြောင်းဆိုင်ရာ စာတမ်းဖတ်ပွဲကျင်းပမည်

4404
ဒီဇင်ဘာလ ၂၉ ရက်နေ့က ရွှေတိဂုံစေတီတော်သို့ ဘုရားဖူးများ လာရောက်ကြစဉ်
ရွှေတိဂုံသမိုင်းကြောင်း ဆိုင်ရာ အချက်အလက်များအား ပြုစုထားသည့် စာတမ်းဖတ်ပွဲကိုလာမည့် ဇန်န၀ါရီလ ၂၁ ရက်နေ့တွင် ရွှေတိဂုံ စေတီတော်၌ ပြုလုပ်ကျင်းပမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။
အဆိုပါ စာတမ်းဖတ်ပွဲအား ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှ  ပထမဆုံးအကြိမ် ပြုလုပ်ကျင်းပရန် စီစဉ်ခြင်းဖြစ်ပြီး နံနက် ၈ နာရီမှ စတင်၍ ချမ်းသာကြီး တန်ဆောင်းတွင် ပြုလုပ်သွားမည်ဖြစ်သည်။

“အခုပြုလုပ်မယ့် စာတမ်းဖတ်ပွဲမှာ သမိုင်းသုတေသီ ပညာရှင်တွေ ဖြစ်တဲ့ ဒေါက်တာတိုးလှ၊ ဒေါက်တာ ကျော်ဝင်းတို့က သူတို့ပြုစုထားတဲ့ ရွှေတိဂုံ သမိုင်းကြောင်းဆိုင်ရာတွေကို ဖတ်ကြားသွားမှာပါ။ အဲဒီလိုဖတ်ကြားတဲ့အခါမှာ ရွှေတိဂုံ သမိုင်းကြောင်း ဆိုင်ရာနဲ့ ပတ်သက်တဲ့ ဘာသာရေး၊ နိုင်ငံရေး၊ လူမှုရေးစတဲ့ ကဏ္ဍတွေထဲ က သူတို့မှတ်သားပြုစုထားတဲ့ ရှုထောင့်ကို ဖတ်ကြားကြမှာ ဖြစ်တာကြောင့် ဗဟုသုတမျိုးစုံကို ရရှိနိုင်မှာပါ။ ဒါကြောင့် အခုပြုလုပ်မယ့် စာတမ်းဖတ်ပွဲကို လာရောက် နားထောင်ချင်တဲ့သူတိုင်း လာရောက်လို့ရပါတယ်” ဟု ရွှေတိဂုံ စေတီတော် ဂေါပကအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြပါသည်။
ရွှေတိဂုံ စေတီတော်တွင် ရွှေတိဂုံသမိုင်းကြောင်းဆိုင်ရာ စာတမ်းဖတ်ပွဲအား ပြုလုပ်ကျင်းပရန် စီစဉ်ရခြင်းမှာ ရွှေတိဂုံစေတီတော်နှစ် ၂၆၀၀ ပြည့် ဗုဒ္ဓပူဇနိယပွဲတော် အကြိုအဖြစ် ပြုလုပ်ခြင်းဖြစ်ကြောင်း သိရပါသည်။
By EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis