menu

Wednesday 4 January 2012

ဒိန်းမတ်ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် နှင့်တွေ့မည်


ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းများ အရှိန်မြှင့်တင်ရန် ဒိန်းမတ်နိုင်ငံ ဖွံ့ဖြိုးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး မစ္စတာ ခရစ်စတီယန်းဖရစ်ဘာ့သည် ဇန်န၀ါရီလ ၆ ရက်နေ့တွင် မြန်မာနိုင်ငံသို့ လာရောက်မည် ဖြစ်ကြောင်း သိရသည်။ မစ္စတာဘာ့၏ ခရီးစဉ်တွင် နေပြည်တော်၌ အစိုးရဌာန အကြီးအကဲများနှင့် လည်းကောင်း၊ ရန်ကုန်မြို့တွင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အခြား နိုင်ငံရေးခေါင်းဆောင်များနှင့် လည်းကောင်း တွေ့ဆုံမည်ဖြစ်ပြီး ရှမ်းပြည်နယ်တွင် ဒိန်းမတ်အစိုးရ၏ ပံ့ပိုးမှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများအား
ကြည့်ရှုရန်နှင့် အဆိုပါ လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများကိုလည်း တွေ့ဆုံသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ ဒိန်းမတ်နိုင်ငံ သံရုံးမှ သတင်းထုတ်ပြန်ခဲ့သည်။ ဒိန်းမတ်နိုင်ငံသည် မြန်မာလူမျိုးတို့အတွက် လူသားချင်း စာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အကူအညီများကို ပေးအပ်လာသည်မှာ ဆယ်စုနှစ်များစွာကပင် ဖြစ်သည်။ မြန်မာနိုင်ငံ ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး လုပ်ငန်းများတွင်လည်း အဓိက ကူညီပံ့ပိုးပေးနေသည်။ ပညာရေး၊ ကျန်းမာရေးနှင့် အသက်မွေးဝမ်းကြောင်းမှု နယ်ပယ်များအတွက် အလှူရှင်များ၏ စုပေါင်းရံပုံငွေတွင် ပါဝင်ထည့်သွင်းခြင်းနှင့် နိုင်ငံတကာနှင့် ပြည်တွင်းရှိ အစိုးရအဖွဲ့ မဟုတ်သော အဖွဲ့အစည်းများ၏ စီမံချက်များအား နှစ်စဉ် အမေရိကန်ဒေါ်လာ ၁၂ သန်းကျော် ကူညီပေးလျက်ရှိသည်ဟု ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၅ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ် ဂျာနယ်တွင် ဖော်ပြထားပါသည်။

By: သစ်ထူးလွင်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis