menu

Wednesday 4 January 2012

ကားဟောင်းအပ် ကားသစ်သွင်းသူများကို ၂၀၀၆ မော်ဒယ်ထိတင်သွင်းခွင့်ပြု၊ မော်ဒယ်မြင့်တင်သွင်းခွင့်ရသောကြာင့်ကားဟောင်းဈေးတက်

4401
ဗိုလ်အောင်ကျော် ဆိပ်ကမ်းသို့ ရောက်ရှိလာသော ကားသစ်များအား တွေ့ရစဉ်
ကားဟောင်းများ အပ်နှံကာ ကားသစ်တင်သွင်းသူများကို ၂၀၀၆ မော်ဒယ်ကားများအထိ တင်သွင်းခွင့်ထပ်မံပြုကြောင်း သတင်းရရှိပါသည်။ Saloon, Van, Wagon, Pick Up, Light Truck, Heavy Truck  နှင့် Bus ကားအမျိုးအစား အားလုံးအား ၁၉၉၆ မော်ဒယ်မှ ၂၀၀၆ မော် ဒယ်အထိကားများ တင်သွင်းခွင့်ပြု ခြင်းဖြစ်ပြီး ယခင်ကကဲ့သို့ မော်ဒယ်၊ အမျိုးအစားခွဲခြားမှု မရှိတော့ဘဲ CIF ဈေးနှုန်းဖြင့်သာ ခွဲခြားသတ်မှတ်ထားကြောင်း သိရသည်။
Saloon, Van အုပ်စုအတွက် CIF ဈေးမှာ အနိမ့်ဆုံး အမေရိကန် ဒေါ်လာ ၃၄၀၀ မှ အမြင့်ဆုံး အမေရိကန်ဒေါ်လာ ၆၂၀၀၀ အထိ သတ်မှတ်ထားကြောင်း၊ ႊၽေါသည အုပ္စု အတွက် အနိမ့်ဆုံး
အမေရိကန်ဒေါ် လာ ၄၂၀၀ မှ အမြင့်ဆုံး အမေရိကန် ဒေါ်လာ ၅၀၀၀၀ အထိသတ် မှတ်ထားကြောင်း၊ Wagon အုပ်စု အတွက် အနိမ့်ဆုံး အမေရိကန်ဒေါ်လာ ၃၄၀၀ မှ အမြင့်ဆုံး အမေရိကန်ဒေါ်လာ ၈၀၀၀ အထိ သတ်မှတ်ထားကြောင်း၊ Pick Up အုပ်စုအတွက် အနိမ့်ဆုံး အမေရိကန် ဒေါ်လာ ၄၇၀၀ မှ အမြင့်ဆုံး အမေရိကန်ဒေါ်လာ ၁၀၀၀၀ အထိ သတ်မှတ်ထားကြောင်း၊ Heavy Truck  အုပ်စုအတွက် အနိမ့်ဆုံး အမေရိကန် ဒေါ်လာ ၁၀၀၀၀ မှ အမြင့်ဆုံး အမေရိကန်ဒေါ်လာ ၂၄၀၀၀ အထိ သတ်မှတ်ထားကြောင်းနှင့် Bus အုပ်စုအတွက် CIF ဈေးမှာ အနိမ့်ဆုံး အမေရိကန် ဒေါ်လာ ၁၂၅၀၀ မှ အမြင့်ဆုံး အမေရိကန်ဒေါ်လာ ၃၅၀၀၀အထိ သတ်မှတ်ထားကြောင်း ထုတ်ပြန်ထားချက်များအရ သိရသည်။
ယခင်က အင်ဂျင်ပါဝါ ၁၃၀၀ စီစီအောက်ကားများကို ၁၉၉၅ မော်ဒယ်အထက် မည်သည့် အမျိုးအစားကိုမဆို တင်သွင်းခွင့်ပြုထားခြင်း ကိုလည်း ပြန်လည်ပြင်ဆင် ထားကြောင်း၊ ယခုအခါ အင်ဂျင်ပါဝါ ၁၃၅၀ စီစီ အောက် မည်သည့်အမျိုးအစားကို မဆို ၁၉၉၆ မော်ဒယ်မှ လက်ရှိ မော်ဒယ်အထိ တင်သွင်းခွင့်ပြုမည်ဖြစ် ပြီး မည်သည့် မော်ဒယ်ကိုတင်သွင်းသည်ဖြစ်စေ CIF ဈေးမှာ အမေရိကန်ဒေါ်လာ ၅၀၀၀ တစ်မျိုးတည်း သတ်မှတ်ထားကြောင်း သိရသည်။ ထုတ်ပြန်ထားချက်တွင်မပါဝင်ဘဲ Brand Name အသစ်ဖြင့် လျှောက်ထားလာပါက One Stop Service အစည်းအဝေးသို့ တင်ပြပြီးမှ ခွင့်ပြုမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
၂၀၀၆ မော်ဒယ်အထိ တင်သွင်းခွင့်ရ၍ အပ်နှံရမည့်ကားဟောင်းများ မှာ ယခင်က ကျပ်သိန်း ၁၁၀ ၀န်း ကျင်သာရှိရာမှ ယခုအခါကျပ်သိန်း ၁၅၀ ၀န်းကျင်အထိ ဈေးမြင့်တက်သွားကြောင်းလည်း သိရသည်။ ကားဟောင်းဈေး၊ ပါမစ်ဈေးမြင့်တက် သွားသည့်အတွက် တင်သွင်းပြီးကားများ၏ တန်ဖိုးမှာလည်း ကျပ်သိန်း ၂၀ မှ ၅၀ ကြား တန်ဖိုးမြင့်တက် သွားသည်။ သို့သော် မကြာမီ သင်္ဘော သားများ၊ နိုင်ငံခြားသံရုံး ၀န်ထမ်းများ၊ ပြည်ပ၌ အလုပ်လုပ်ကိုင်ကာ နိုင်ငံခြားငွေဖြင့် အခွန်ပေးဆောင်ထားသူများအတွက် တင်သွင်းခွင့် ပါမစ်များ ချထားပေးတော့မည်ဖြစ်ရာ ကားဟောင်းဈေးများ ပြန်လည်ကျဆင်း သွားနိုင်ကြောင်း သုံးသပ်ကြသည်။
“ကားဟောင်းဈေးက ကျပ် သိန်း ၄၀၊ ၅၀ လောက်ခုန်တက် သွားတယ်။ ကားပါမစ်ဈေးတက် သွားတဲ့အတွက် သွင်းပြီးသားကား တချို့လည်း ကျပ်သိန်း ၂၀ ကနေ ၅၀ ကြားလောက် လိုက်မြင့်သွားတာ ပေါ့။ ဒါပေမယ့် ကားဟောင်းပါမစ် ဈေးက ပြန်ကျသွားနိုင်တယ်။ မ ကြာခင် သင်္ဘောသားပါမစ်တွေ ထွက်လာတော့မှာလေ။ လောလောဆယ်ပါမစ် ဈေးတက်သွားတဲ့အတွက် ဈေးကွက်ထဲမှာ သွင်းထားတဲ့ကား တွေက ကျပ်သိန်း ၃၀၀ အောက် ကားမရှိနိုင်တော့ဘူး။ ၂၀၀၂ မော် ဒယ်ကလည်း နောက်ပိုင်း တင်သွင်းတဲ့သူ တော်တော် နည်းသွားနိုင်တယ်။ ၂၀၀၆ မော်ဒယ်ကတော့ အခု CIF ဈေးတွေအရ ကျပ်သိန်း ၆၀၀၊ ၈၀၀၊ ၉၀၀ လောက်ဖြစ်သွားမယ်။ အစီးများတဲ့ ကျပ်သိန်း ၃၀၀၊ ၄၀၀ တန်းကတော့ ပထမသတ်မှတ်ချက် နဲ့သွင်းထားတဲ့ ၂၀၀၂ မော်ဒယ်အောက်မှာပဲ ရှာမှရတော့မယ်။ ကားဈေးတွေက အခုပါမစ်ကြောင့် တက်တယ်ဆိုပေမယ့် မကြာခင်တော့ ကားဈေးက ပြန်ကျမှာပါ။ အခွန်ဆောင်ရမယ့်တန်ဖိုး၊ ကားဟောင်း ပါမစ်တန်ဖိုး၊ ပြည်ပမှာ ကားမှာယူတဲ့တန်ဖိုးတွေရဲ့အောက်ရောက်တဲ့ အထိမကျပေမယ့် ပါမစ်ဈေးကျတာ နဲ့ ပြန်လိုက်ကျနိုင်ပါတယ်”ဟု ကားတင်သွင်းသူတစ်ဦးက ပြောကြားခဲ့ ပါသည်။


ထပ်မံ၍အသစ် တင်သွင်းခွင့်ပြုသည့် ကားအမျိုးအစား၊ မော်ဒယ်နှင့် မော်ဒယ်အလိုက် CIF တန်ဖိုးများ (အမေရိကန်ဒေါ်လာ)

                
အမျိုးအစား မော်ဒယ်ခုနှစ်အလိုက် CIF တန်ဖိုးများ
Saloon/Van       ၁၉၉၆ ၁၉၉၇ ၁၉၉၈ ၁၉၉၉ ၂၀၀၀ ၂၀၀၁ ၂၀၀၂ ၂၀၀၃ ၂၀၀၄ ၂၀၀၅ ၂၀၀၆
Honda   ၃၈၀၀  ၄၀၀၀ ၄၂၀၀ ၄၄၀၀ ၄၆၀၀ ၄၈၀၀ ၅၀၀၀ ၇၀၀၀ ၉၀၀၀ ၁၁၀၀၀ ၁၃၀၀၀
Mazda    ၃၈၀၀   ၄၀၀၀    ၄၂၀၀  ၄၄၀၀ ၄၆၀၀ ၄၈၀၀ ၅၀၀၀ ၇၀၀၀ ၉၀၀၀ ၁၁၀၀၀ ၁၃၀၀၀
Mercedes(S-Class မပါ )   ၄၈၀၀    ၅၀၀၀    ၇၀၀၀   ၉၀၀၀    ၁၁၀၀၀    ၁၃၀၀၀    ၁၅၀၀၀    ၁၇၀၀၀    ၁၉၀၀၀   ၂၁၀၀၀    ၂၃၀၀၀
Mercedes(S-Class) ၇၀၀၀    ၁၂၅၀၀    ၁၈၀၀၀    ၂၃၅၀၀    ၂၉၀၀၀    ၃၄၅၀၀    ၄၀၀၀၀    ၄၅၅၀၀    ၅၁၀၀၀      ၅၆၅၀၀ ၆၂၀၀၀
Mitsubishi   ၃၈၀၀    ၄၀၀၀    ၄၂၀၀    ၄၄၀၀   ၄၆၀၀    ၄၈၀၀    ၅၀၀၀    ၈၀၀၀    ၁၁၀၀၀   ၁၄၀၀၀    ၁၇၀၀၀
Nissan    ၃၈၀၀   ၄၀၀၀    ၄၂၀၀    ၄၄၀၀    ၄၆၀၀        ၄၈၀၀ ၅၀၀၀ ၈၀၀၀ ၁၁၀၀၀ ၁၄၀၀၀ ၁၇၀၀၀
Subaru    ၃၆၀၀    ၃၈၀၀    ၄၀၀၀    ၄၂၀၀    ၄၄၀၀   ၄၆၀၀    ၄၈၀၀   ၅၀၀၀    ၇၆၆၈   ၁၀၃၃၄    ၁၃၀၀၀
Toyota   ၃၈၀၀    ၄၀၀၀    ၄၂၀၀    ၄၄၀၀    ၄၆၀၀   ၄၈၀၀  ၅၀၀၀   ၈၇၅၀    ၁၂၅၀၀    ၁၆၂၅၀   ၂၀၀၀၀
Volkswagen    ၃၆၀၀    ၃၈၀၀    ၄၀၀၀    ၄၂၀၀  ၄၄၀၀    ၄၆၀၀    ၄၈၀၀   ၅၀၀၀   ၇၀၀၀      ၉၀၀၀ ၁၁၀၀၀
BMW   ၄၆၀၀    ၄၈၀၀    ၅၀၀၀    ၇၅၀၀    ၁၀၀၀၀    ၁၂၅၀၀    ၁၅၀၀၀   ၁၇၅၀၀    ၂၀၀၀၀  ၂၂၅၀၀ ၂၂၅၀၀
Volvo   ၄၆၀၀    ၄၈၀၀    ၅၀၀၀    ၇၅၀၀   ၁၀၀၀၀    ၁၂၅၀၀    ၁၅၀၀၀    ၁၇၅၀၀      ၂၀၀၀၀ ၂၂၅၀၀ ၂၅၀၀၀
Audi ၄၆၀၀ ၄၈၀၀ ၅၀၀၀ ၇၅၀၀ ၁၀၀၀၀ ၁၂၅၀၀ ၁၅၀၀၀ ၁၇၅၀၀ ၂၀၀၀၀ ၂၂၅၀၀ ၂၅၀၀၀
Hundai   ၃၄၀၀   ၃၆၀၀    ၃၈၀၀    ၄၀၀၀    ၄၂၀၀   ၄၄၀၀    ၄၆၀၀    ၄၈၀၀   ၅၀၀၀    ၇၅၀၀    ၁၀၀၀၀
Daewoo   ၃၄၀၀    ၃၆၀၀  ၃၈၀၀   ၄၀၀၀   ၄၂၀၀    ၄၄၀၀    ၄၆၀၀    ၄၈၀၀  ၅၀၀၀   ၇၅၀၀    ၁၀၀၀၀
KIA    ၃၄၀၀    ၃၆၀၀   ၃၈၀၀ ၄၀၀၀ ၄၂၀၀ ၄၄၀၀ ၄၆၀၀ ၄၈၀၀ ၅၀၀၀ ၇၅၀၀ ၁၀၀၀၀
Station Wagon










Chrysler Cherokee  ၅၀၀၀ ၆၃၀၀ ၇၆၀၀ ၈၉၀၀ ၁၀၂၀၀ ၁၁၅၀၀ ၁၂၈၀၀ ၁၄၁၀၀ ၁၅၄၀၀ ၁၆၇၀၀ ၁၈၀၀၀
Honda    ၄၂၀၀ ၄၄၀၀ ၄၆၀၀ ၄၈၀၀ ၅၀၀၀ ၇၀၀၀ ၉၀၀၀ ၁၁၀၀၀ ၁၃၀၀၀ ၁၅၀၀၀ ၁၇၀၀၀
ISUZU    ၄၄၀၀ ၄၆၀၀ ၄၈၀၀ ၅၀၀၀ ၇၀၀၀ ၉၀၀၀ ၁၁၀၀၀ ၁၃၀၀၀ ၁၅၀၀၀ ၁၇၀၀၀ ၁၉၀၀၀
Mercedes ၅၀၀၀ ၇၀၀၀ ၉၀၀၀ ၁၁၀၀၀ ၁၃၀၀၀ ၁၅၀၀၀ ၁၇၀၀၀ ၁၉၀၀၀ ၂၁၀၀၀ ၂၃၀၀၀ ၁၅၀၀၀


ထပ်မံ၍အသစ် တင်သွင်းခွင့်ပြုသည့် ကားအမျိုးအစား၊ မော်ဒယ်နှင့် မော်ဒယ်အလိုက် CIF တန်ဖိုးများ (အမေရိကန်ဒေါ်လာ)
အမျိုးအစား မော်ဒယ်ခုနှစ်အလိုက် CIF တန်ဖိုးများ
Mitsubishi   ၄၂၀၀    ၄၄၀၀    ၄၆၀၀    ၄၈၀၀   ၅၀၀၀    ၈၀၀၀    ၁၁၀၀၀  ၁၄၀၀၀    ၁၇၀၀၀   ၂၀၀၀၀    ၂၃၀၀၀
BMW   ၇၀၀၀   ၉၀၀၀    ၉၀၀၀    ၁၁၀၀၀   ၁၃၀၀၀      ၁၅၀၀၀ ၁၇၀၀၀ ၁၉၀၀၀ ၂၁၀၀၀ ၂၃၀၀၀ ၂၅၀၀၀
Audi ၅၀၀၀ ၇၀၀၀ ၉၀၀၀ ၁၁၀၀၀ ၁၃၀၀၀ ၁၅၀၀၀ ၁၇၀၀၀ ၁၉၀၀၀ ၂၁၀၀၀ ၂၃၀၀၀ ၂၅၀၀၀
Valvo ၅၀၀၀   ၇၀၀၀    ၉၀၀၀    ၁၁၀၀၀    ၁၃၀၀၀   ၁၅၀၀၀    ၁၇၀၀၀    ၁၉၀၀၀   ၂၁၀၀၀    ၂၃၀၀၀    ၂၅၀၀၀
Nissan ၄၂၀၀    ၄၄၀၀  ၄၆၀၀   ၄၈၀၀   ၅၀၀၀    ၇၀၀၀    ၉၀၀၀    ၁၁၀၀၀  ၁၃၀၀၀   ၁၅၀၀၀   ၁၇၀၀၀
Suzuki ၄၂၀၀    ၄၄၀၀   ၄၆၀၀ ၄၈၀၀ ၅၀၀၀ ၇၀၀၀ ၉၀၀၀ ၁၁၀၀၀ ၁၃၀၀၀ ၁၅၀၀၀ ၁၇၀၀၀
Toyota ၄၄၀၀ ၄၆၀၀ ၄၈၀၀ ၅၀၀၀ ၈၀၀၀ ၁၁၀၀၀ ၁၄၀၀၀ ၁၇၀၀၀ ၂၀၀၀၀ ၂၃၀၀၀ ၂၆၀၀၀
Toyota, Lancuriser ၁၂၀၀၀ ၁၅၃၀၀ ၁၈၆၀၀ ၂၁၉၀၀ ၂၅၂၀၀ ၂၈၅၀၀ ၃၁၈၀၀ ၃၅၁၀၀ ၃၈၄၀၀ ၄၁၇၀၀ ၄၅၀၀၀
Toyota, Prado ၆၅၀၀ ၈၈၅၀ ၁၁၂၀၀ ၁၃၅၅၀ ၁၅၉၀၀ ၁၈၂၅၀ ၂၀၆၀၀ ၂၂၉၅၀ ၁၂၅၃၀၀ ၂၇၆၅၀ ၃၀၀၀၀
Toyota, Lexus    ၁၇၀၀၀   ၂၀၃၀၀    ၂၃၆၀၀    ၂၆၉၀၀    ၃၀၂၀၀   ၃၃၅၀၀   ၃၆၈၀၀   ၄၀၁၀၀    ၄၃၄၀၀    ၄၆၇၀၀   ၅၀၀၀၀
Landrover   ၄၄၀၀ ၄၆၀၀ ၄၈၀၀ ၅၀၀၀ ၈၀၀၀ ၁၁၀၀၀ ၁၄၀၀၀ ၁၇၀၀၀ ၂၀၀၀၀ ၂၃၀၀၀ ၂၆၀၀၀
Mazda    ၄၂၀၀ ၄၄၀၀ ၄၆၀၀ ၄၈၀၀ ၅၀၀၀ ၇၀၀၀ ၉၀၀၀ ၁၁၀၀၀ ၁၃၀၀၀ ၁၅၀၀၀ ၁၇၀၀၀
Pick Up










Pick Up/Extra cab/ Space cab (All Brand)    ၃၄၀၀ ၃၆၀၀ ၃၈၀၀ ၄၀၀၀ ၄၂၀၀ ၄၄၀၀ ၄၆၀၀ ၄၈၀၀ ၅၀၀၀ ၆၅၀၀ ၈၀၀၀
Light Truck (All Brand)    ၄၇၀၀ ၄၉၀၀ ၅၁၀၀ ၅၃၀၀ ၅၅၀၀ ၅၇၀၀ ၅၉၀၀ ၆၁၀၀ ၆၃၀၀ ၆၅၀၀ ၁၀၀၀
Heavy Truck (All Brand)   ၁၀၀၀၀   ၁၀၅၀၀    ၁၁၀၀၀    ၁၁၅၀၀    ၁၂၀၀၀    ၁၄၀၀၀   ၁၆၀၀၀    ၁၈၀၀၀    ၂၀၀၀၀ ၂၂၀၀၀    ၂၄၀၀၀
Minibus (All Brand)          ၁၂၅၀၀ ၁၃၀၀၀ ၁၃၅၀၀ ၁၄၀၀၀ ၁၄၅၀၀ ၁၅၀၀၀ ၁၅၅၀၀ ၁၆၀၀၀ ၁၆၅၀၀ ၁၇၀၀၀ ၂၀၀၀၀
City Bus (All Brand) ၁၂၅၀၀ ၁၃၀၀၀ ၁၃၅၀၀ ၁၄၀၀၀ ၁၄၅၀၀ ၁၅၀၀၀ ၁၅၅၀၀ ၁၆၀၀၀ ၁၆၅၀၀ ၁၇၀၀၀ ၂၀၀၀၀
Express (All Brand)    ၁၅၀၀၀    ၁၅၅၀၀   ၁၆၀၀၀    ၁၆၅၀၀   ၁၇၀၀၀    ၂၀၀၀၀   ၂၃၀၀၀   ၂၆၀၀၀   ၂၉၀၀၀   ၃၂၀၀၀   ၃၅၀၀၀


By EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis