တန်
၁၆ဝ ကျော်အလေးချိန်ရှိသည့် ပေါက်ကွဲစေနိုင်သော ပစ္စည်းများ၊
ယမ်းမှုန့်များနှင့် မြေပြင်မှ ဝေဟင်ပစ် Patriot ဒုံးကျည်များကို
ကုန်တင်သင်္ဘောပေါ်တွင် ဖမ်းဆီး ရရှိခဲ့ကြောင်း ဖင်လန်အစိုးရက
ထုတ်ပြန်ကြေညာခဲ့သည်။ တာဝေးပစ်ဒုံးကျည်များကို ‘မီးရှူးမီးပန်း’ ဟု
စာတန်းများထိုးပြီး အလုံပိတ်ထုပ်ပိုး ထားခြင်းဖြစ်သည်ဟု ပြည်ထဲရေးဝန်ကြီး
Paivi Rasanen က ပြောကြားခဲ့သည်။ယခုအခါအတွင် ၄င်းလက် နက်ပစ္စည်းများတင်ဆောင်လာသော MS Thor Liberty သင်္ဘောဝန်ထမ်း များကို စစ်ဆေးမေးမြန်းမှုများ ပြု လုပ်နေကြောင်းသိရှိရသည်။ ထို သင်္ဘောသည် လွန်ခဲ့သော အပတ် က
MS Thor Liberty သည် ဒီဇင်ဘာ ၁၃ ရက်နေ့တွင် ဂျာမနီ နိုင်ငံမြောက်ပိုင်းEmden ဆိပ်ကမ်း မှထွက်ခွာလာခဲ့ကာ ၂ ရက်ကြာပြီး ဖင်လန်နိုင်ငံ Kotka သို့ရောက်ရှိ လာခဲ့ခြင်းဖြစ်သည်။ ယင်းပစ္စည်းများကို တရုတ်နိုင်ငံ ရှန်ဟဲသို့ တင်ပို့ကြောင်းကို ဖော်ပြ ထားသော်လည်း မည်သူ့ထံသို့ တင်ပို့မည်ကိုမူ တိကျသည့်လိပ်စာ မပါကြောင်း တွေ့ကြရသည်။ ထို့ အပြင် ပေါက်ကွဲစေနိုင်သော ယမ်းမှုန့်များ စနက်တံအပြင်းစားများ လည်း ပါရှိကြောင်း သိရသည်။ ထို ၆၉Patriot တာဝေးဒုံးကျည် ဒီဇိုင်းများသည် အမေရိကန်နိုင်ငံ Raytheon ကုမ္ပဏီလုပ်ပစ္စည်းများ ဖြစ်ပြီး ၄င်းနှင့် မဟာမိတ်နိုင်ငံများ အတွက်ထုတ်လုပ်ပေးနေခြင်းဖြစ်သည်။
KLMA Ref: AFP / Chinh’s News
By Popular News
No comments:
Post a Comment