menu

Saturday 9 November 2013

ထားထက်ထက် ၀တ်ဆင်သည့် ကချင်ဝတ်စုံ အမြင်ဆန်း၍ လူကြိုက်အများဆုံးဖြစ်ခဲ့

မေစနိုး၊ ရန်ကုန်၊ နိုဝင်ဘာ-၇

နိုဝင်ဘာ ၅ ရက်က ဗန်ကောက်တွင် ပြုလုပ်ခဲ့သည့် Chairty ရှိုးပွဲ၌ မြန်မာကိုယ်စားပြုမယ် ထားထက် ထက် ၀တ်ဆင်ခဲ့သော ကချင်ဝတ်စုံက အမြင်ဆန်း သောကြောင့် ပွဲ၏ လူကြိုက်အများဆုံး ၀တ်စုံဖြစ်ခဲ့ သည့် အပြင် မီဒီယာသမားများ၏ စိတ်ဝင်စားမှု အထူးခံ ခဲ့ရကြောင်း နိုဝင်ဘာ ၇ ရက်တွင် Miss Grand မြန်မာ အဖွဲ့အစည်းတည်ထောင်သူ အမှုဆောင်အရာရှိချုပ် ကိုဝေယံအောင်က စံတော်ချိန်သို့ ပြောဆိုသည်။

အဆိုပါပွဲ၏ ပြိုင်ပွဲဝင်များနှင့် မီဒီယာတွေ့ဆုံပွဲတွင် နိုင်ငံကိုယ်စားပြုမယ် အများကြားမှ မြန်မာမယ် ထားထက်ထက်အား မီဒီယာများက အင်တာဗျူးပြုလုပ်မှု များခဲ့ပြီး တက်ရောက်လာသော ပရိသတ်များထဲမှ ဓာတ်ပုံတွဲရိုက်မှု အလွန်များပြားခဲ့ကြောင်း သိရသည်။

" ဒီပွဲမှာ ကချင်ဝတ်စုံလေးဝတ်ဖြစ် သွားတာကလည်း ဆန်းသွားတာပေါ့လေ။ နောက်ပွဲတွေမှာလည်း မြန်မာဝတ်စုံကိုပဲ အခါအခွင့်သင့်ရင် သင့်သလိုမရိုးအောင်လို့ တစ်မျိုးပြီး တစ်မျိုး ၀တ်သွားမှာပါ။ မြန်မာဆိုတာနဲ့ ၀တ်စုံနဲ့လူနဲ့တွဲပြီး သိတဲ့ပုံစံမျိုးဖြစ်အောင် ကြိုးစားသွားပါ့မယ်။ အခုဒီပွဲမှာလည်း မီဒီယာတွေ အလယ်မှာ မယ်တွေအများကြီးရပ်နေတာတောင် မြန်မာ၊ ဘားမားဆိုပြီး သီးသန့်ခေါ်ပြီး အင်တာဗျူးတွေ လာလုပ် ကြတယ်။ နောက်ပြီး ဓာတ်ပုံတွေ တွဲရိုက်ကြတယ်။ ကချင်ဝတ်စုံလေးနဲ့ ထားထက်ထက် ရုပ်ရည်ကို သဘော ကျကြတယ်။ မုန့်ကုမ္ပဏီတစ်ခုကဆို ထားထက်ထက် တစ်ယောက်ထဲကိုပဲ မုန့်ထုပ်လေးပေးပြီး သူတို့မုန့်ထုပ်နဲ့ ပုံရိုက်သွားတယ်။
မြန်မာနိုင်ငံအကြောင်းကို Golden Land Myanmar ဆိုပြီး ဂုဏ်ယူဝံ့ကြွားစွာ ရှင်းပြခွင့် ရခဲ့တယ် " ဟု ကိုဝေယံအောင်က စံတော်ချိန်သို့ ပြောဆို သည်။

မြန်မာနိုင်ငံကိုယ်စားပြုမယ် ထားထက်ထက်နှင့် အလှမယ်များသည် နိုဝင်ဘာ ၈ ရက် ညနေ ၆ နာရီတွင် ရိုးရာဝတ်စုံပြိုင်ပွဲ ကျင်းပမည့် ချင်းမိုင်မြို့သို့ နိုဝင်ဘာ ၇ ရက်၌ သွားရောက်ခဲ့ကြပြီး ချင်းမိုင်တွင် သုံးရက်ကြာ မည်ဖြစ်ကြောင်း သိရသည်။ နိုဝင်ဘာ ၆ ရက်က အလှမယ်များသည် ဗန်ကောက်မြို့၏ အထင်ကရနေရာ များ ကို လည်ပတ်ခဲ့ကြကြောင်းသိရသည်။

စံတော်ချိန် နေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis