menu

Saturday 9 November 2013

လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုမရှိရန် စစ်တပ်အတွင်း စည်းကမ်းထပ်ထုတ်ရန်လို

ရန်ကုန်၊ နိုဝင်ဘာ ၉။

အမျိုးသမီးဗိုလ်လောင်း ခေါ်ယူပြီးနောက် စစ်တပ်အတွင်း
လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ မရှိစေရေးအတွက်
စစ်စည်းကမ်းများ ထပ်မံ ထုတ်ရန်လိုကြောင်း လူ့အခွင့်
အရေး ပညာပေးဌာန(မြန်မာနိုင်ငံ)မှ ဒါရိုက်တာ
ဦးအောင်မျိုးမင်းက သတိပေးပြောကြားသည်။

မြန်မာနိုင်ငံတွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ
ပျက်သုန်းပြီးနောက်ပိုင်း ပထမဦးဆုံးအကြိမ်အဖြစ် ပြီးခဲ့သည့်လဆန်းပိုင်းက အမျိုးသမီး ဗိုလ်လောင်း
ခေါ်ယူမှုနှင့်ပတ်သတ်ပြီး ၎င်းက ပြောဆိုခဲ့ခြင်းဖြစ်သည်။

“အမျိုးသမီးဗိုလ်လောင်းတွေကို ခေါ်ယူတာအပြင်
စစ်တပ်ထဲမှာ အမျိုးသမီးတွေကို အကြမ်းဖက်တာတွေ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ မဖြစ်ဖို့ စစ်စည်းကမ်းတွေ
ထပ်ထုတ်ဖို့ လိုအပ်နေပါသေးတယ်”ဟု ၎င်းက ဆက်
လက်ပြောကြားသည်။

လူ့အခွင့်အရေးကို ကျယ်ကျယ်ပြန့်ပြန့် တောင်းဆိုနေမှု
များတွင် အမျိုးသမီးသမီးများသည် အရည်ခြင်းတူညီပါက
ခံစားခွင့် လုပ်ပိုင်ခွင့်နှင့် တန်းတူညီမျှရေးတို့ကို အဓိက
ထားခဲ့ကြောင်းနှင့် ယခင်အမျိုးသမီးများ လုပ်ခွင့်မရှိသော
အလုပ်ကို လုပ်ကိုင်နေရခြင်းသည် ကောင်းသော အလား အလာဖြစ်နိုင်ကြောင်း၎င်းကသုံးသပ်ပြောကြားသည်။



“အခု အမျိုးသမီးတွေကို လုပ်ပိုင်ခွင့်ပေးတာကရော
စစ်တပ်ဆိုတာ အမျိုးသမီးတွေနဲ့ မသက်ဆိုင်ဘူးလို့
သိထားတဲ့ အခြေနေမှာ စစ်တပ်အတွက် အမျိုးသမီး ဗိုလ်လောင်းတွေ ခေါ်ယူတယ်ဆိုတော့ အရမ်းကို
ကောင်းတဲ့ အခြေအနေတစ်ရပ် ဖြစ်သလို အရည်အချင်း
ရှိတဲ့သူတွေ အတွက်လည်း တိုးတက်နိုင်တဲ့ အနေအထား မျိုးဖြစ်နိုင်တယ်”ဟု ဦးအောင်မျိုး မင်းကဆိုသည်။

ကမ္ဘာပေါ်မှာ အမျိုးသမီးတွေ စစ်မှုထမ်းဆောင်မှုသည်
မြန်မာနိုင်ငံတစ်နိုင်ငံတည်း မဟုတ်ကြောင်းနှင့် စစ်တပ်
အတွင်း ကျားမခွဲခြားခံရမှုများ ရှိနိုင်မရှိနိုင်ဆိုသည်မှာ
၎င်းတို့ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများအပေါ်
တွင်သာ မူတည်ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

ရေးသားသူ - မောင်မျိုး
တည်းဖြတ်သူ-နီတိုး

People Power

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis