menu

Saturday 9 November 2013

ဤခရီး နီးသလား … ရထားကောင်းကောင်းရှိပါသည်။ သို့သော် ဈေးကြီးနေ၏

ရန်ကုန်ဘူတာကြီးမှ မြို့ပတ်ရထား တစ်စီး ထွက်ခွာရန် ကြေညာလိုက်သောအခါ ကိုမောင်မောင်တစ်ယောက် Air Con ရထားစောင့်စီးရမည်လား။ ယခု ထွက်မည့်ရ ထားကို စီးရမည်လားဟု မရေမရာ ယောက်ယက်ခတ်လျက်ရှိသည် ဟု သူကပြောသည်။ သူကဲ့သို့ သတင်းစာဖြန့်ချိသူတစ် ယောက်အနေနှင့် အချိန်နှင့်တစ်ပြေးညီ လုပ်ဆောင်နေရခြင်းကြောင့် နောက်ဆုံး ယခုထွက်မည့် ရထားပေါ်သို့သာ တက်ရောက်နေရာယူလိုက်သည်။ ရထားပေါ် တွင် ဈေးရောင်းချ သူများ၊ ကျောင်း သား၊ ကျောင်းသူများနှင့် ရှုပ်ယှက်ခတ်နေသည်။ ကိုမောင်မောင် တစ်ယောက် ဂျာနယ် သတင်းစာမျိုးစုံထည့်ထားသော အိတ်ကို ဆွဲ၍ ထိုင်ရန်နေရာ ရှာလိုက်သည် ။ ရန်ကုန်မြို့ ဂျာနယ်တိုက်အသီးသီး၊ သတင်းစာတိုက်အသီးသီးမှ ဂျာနယ်များ ကို မြောက်ဥက္ကလာပရှိ သူ့ဖောက်သည် ဆိုင်များသို့ အချိန်မီပေးပို့ရန် သူ့တွင် တာဝန်ရှိသည် မဟုတ်လားဟု သူက မေးပြော ပြောလိုက်သေးသည်။
”ကျွန်တော့်အလုပ်က တစ်စက္ကန့်၊ တစ်မိနစ်နောက်ကျလို့ မရဘူး”
ရန်ကုန်မြို့တွင် ကားလမ်းများ ကျပ် လာခြင်း၊ ကားလမ်းပိတ်လာခြင်းကြောင့် ဈေးဝယ်သူ၊ ကျောင်းသားများနှင့် ရန် ကုန်မြို့ရှိ ဆင်ခြေဖုံးရပ်ကွက်အတော်များ များမှ လူများ သည် မြို့ပတ်ရထားဘက်သို့ အာရုံပြောင်းလာခြင်းဖြစ်သည်။”ရထားက အချိန်ရော၊ လူရော၊ ငွေ ရော သက်သာတယ်လေ။ ကျွန်တော်တို့ လို လူတွေအတွက်ကတော့ ရထားက အများကြီး အထောက်အကူပြုပါတယ်” ဟု ကိုမောင်ေ မာင်က ရထား၏ အားသာ ချက်ကို ပြောသည်။
သို့သော် မြို့ပတ်ရထားများတွင် နောက်ပိုင်း၌အထူးရထား၊ RBE Aircon  ရထားများ ပေါ်ပေါက်လာသောအခါ သူ့အနေနှင့် အမြဲတမ်းမစီးဖြစ်တော့ပေ။ ”ဒီလိုရ ထားေ တွတော့ ရံဖန်ရံခါ စီး လေ့ရှိတယ်။ ဒါတွေက မိသားစုအပန်း ဖြေရုံလောက်ပဲ ကောင်းတာ”ဟု  ကွမ်း တံတွေးတစ်ချက်ထွေးရင်း ကိုမောင်မောင် က ဆိုသည်။ မင်္ဂလာ ဒုံဈေး သို့ အမြဲဈေးဝယ်လေ့ ရှိသည့် ဈေးသည်တစ်ဦးကလည်း အထူး ရထားကို စီးနင်းလေ့မရှိကြောင်းနှင့် ဈေး ဝယ်နောက်ကျပြီး အချိန်မမီ၍ စီးမိပါက စရိတ်များကာမိရန် မိမိေ ရာင်းသော ပစ္စည်းပေါ်တွင် အမြတ်တင်လိုက်သည် ဟု သူက ပွင့်ပွင့်လင်းလင်း ဆိုသည်။

”အထူးမြို့ပတ်ရထားတွေက ဘတ်စ် ကားထက်ဈေးကြီးလာပြီလေ။ ဈေးသည် တွေအနေနဲ့ ဒီလိုမျိုးရထားစီးမိရင် စရိတ် ကာမိအောင်လုပ်ထားမှာပဲ။ နောက်ဆုံး စားသုံးတဲ့ သူပဲ ထိလာနိုင်တယ်”ဟု ၎င်းက စီးမိတိုင်းအမြတ်တင်ခဲ့ပုံကိုပြောသည်။ အထူးမြို့ပတ်ရထားများသည် လခ စားဝန်ထမ်းများ၊ ကုမ္ပဏီဝန်ထမ်းများ အနေနှင့် အမြဲတမ်း စီးနင်း၍ မဖြစ်နိုင် ကြောင်း မြောက်ဥက္ကလာမှ ရန်ကုန်တွင် အလုပ်ဆင်းရသော အသက် ၃ဝ အရွယ် အရောင်းဝန်ထမ်း အမျိုးသမီးတစ်ဦးက ဆိုသည်။
”တကယ်တွက်ကြည့်ရင် ကျွန်မရတဲ့ လခက ခုနစ်သောင်း၊ ရှစ်သောင်းလောက် ပဲရှိတာ။ ဒီလိုမျိုးရထားကို တစ်လလုံးစီး ရင် ကိုးထောင်တစ်သောင်းဆိုတော့ ဘယ် လိုဖြစ်နိုင်မလဲ”ဟု သူမက ကြုံတွေ့ရသည့် အခက်အခဲကို ဆိုသည်။ ယခင်က မြို့ပတ်ရထားများတွင် သစ်သားထိုင်ခုံများကြောင့် ကြမ်းပိုးကိုက် မှု၊ ညစ်ပတ်ပေရေေ နမှု များရှိပြီး ကျောင်း သွားရာတွင် ရထားလုံးဝမစီးဖြစ်ကြောင်း အရှေ့ပိုင်းတက္ကသိုလ်(တာဝ)တွင် ကျောင်း တက်သည့် ကျောင်းသူတစ်ဦးကဆိုသည်။
”အခု အထူးရထားတွေ၊ Aircon ရထားတွေပေါ်လာတော့ သက်သောင့်သက်သာ ရွေးချယ်စရာများလာပြီလေ။ ကျောင်းတွေကို ဆွဲပေးရင် စီးဖြစ်နိုင်တယ်” ဟု သူ့ အမြင် ပြောသည်။ ပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားအောက်မြန်မာပြည် အထွေထွေမန်နေဂျာဦးထွန်းအောင်သင်းက အထူးမြို့ပတ်ရထားများ၊ Aircon မြို့ပတ် ရ ထား များ ဖြစ်ပေါ်လာရန် ရထားစီးလူထုထံမှ မေးမြန်းခြင်း ဆန္ဒများတောင်းခံခြင်းများ ပြုလုပ်ပြီးမှ ထိုရထားများ ပြေးဆွဲရခြင်း ဖြစ်သည်ဟု ပြောသည်။
”ဒီရထားတွေက အဆင့်မြင့် စီစဉ် ခြင်းဖြစ်ပါတယ်။ နောင်လည်း စီစဉ်ဖို့ရှိ ပါတယ်။ မြို့ထဲသွားတဲ့ကားတွေ နှုန်းထား၊ သွားတဲ့ နှုန်းထားချိန်ဆပြီး ခရီးသည်တွေ ဆီက ဆန္ဒယူပါတယ်”ဟု ဦးထွန်းအောင် သင်းက ပြောသည်။ ထို့အပြင် အများစု၊ အနည်းစုစီးနင်း နိုင်အောင်လည်း စဉ်းစားစီစဉ်ရခြင်းဖြစ် ကြောင်း ၎င်းက ဆိုသည်။”အများ စုစီး နင်းနိုင်မယ့် ၁ဝဝ တန် မြို့ပတ်ရထားတွေလည်း ထပ်မံရှိနေပါဦး မယ်”ဟု ဦးထွန်းအောင်သင်းက ထပ်မံ ပြောသည်။ မီးရထားလမ်းများကို ထပ်မံပြင်ဆင် ၍ စရိတ် သက်သက်သာသာ၊ လိုရာခရီး အမြန်ရောက်ရှိရန် ပြေးဆွဲပေးသွားဦး မည်ဖြစ်ကြောင်း ဦးထွန်းအောင်သင်းက ပြောသည်။
လက်တွေ့တွင်မူ မြို့ပတ်ရထားများ တွင် ရိုးရိုး ၁ဝဝ ကျပ်၊ အထူး ၂ဝဝ ကျပ် အားလူစီးများနေပြီး RBE Aircon၊ နောက်ထွက်ပေါ်လာသည့် အထူးရထားများမှာမူ လူစီး နည်းနေသေးသည်။ မြို့ပတ်ရထားပေါ်တွင် လက်မှတ်စစ်နေသော လက်မှတ်စစ်တစ်ယောက်က ” Aircon ရထားက စနေ၊ တနင်္ဂနွေဆို လူပြည့်တာပေါ့ဗျာ။ ကျန်တဲ့ နေ့ေ တွဆို ရုံးတက်၊ ရုံးဆင်းချိန်တော့ လူရှိတယ်။ ရုံး ချိန်မဟုတ်ရင်တော့ တစ်တွဲကို တစ်ယောက်၊ နှစ်ယောက်ပဲပါတာပေါ့ဗျာ”ဟု ပြောသည်။ ကိုမောင်မောင် ကဲ့သို့ တောင်ဒဂုံ မှနေ၍ ရန်ကုန်မြို့မှ သတင်းစာမျိုးစုံ၊ မြောက်ဥက္ကလာပသို့ ပို့ဆောင်ရန်မှာ ကားများနှင့် လုံးဝမဖြစ်နိုင်ဘဲရထားနှင့်သာ အဆင်ပြေသည်ဟု ဆိုပါသည်။
လိုင်းကားများသည် ယာဉ်ကြော ပိတ်ခြင်း၊ ကျပ်ခြင်းများကြောင့် သူနေထိုင်ရာနေရာမှ ရန်ကုန်မြို့ထဲ၊  ရန်ကုန်မြို့ထဲမှ မြောက် ဥက္ကလာပ သို့ နေ့စဉ် လေးငါး နာရီကြာ တတ်ပြီး ရထားသည် အချိန်ကြာမြင့်မှု တစ်ဝက်အထိ လျော့ နည်းကြောင်း ၎င်းကဆိုသည်။ သူတို့လို လက်လုပ် လက်စားများ၊ နေ့စား၊ လခစားဝန် ထမ်းများ အနေနှင့် ရ သည့် ပိုက်ဆံနှင့် မြို့ပတ်အထူးရထား RBE Aircon  ရထားများသည် အမြဲ တမ်းစီးချင်သော်လည်း ရံဖန်ရံခါသာ စီး အပ်သည့် ဇိမ်ခံပစ္စည်းတစ်ခုအဖြစ်သာ သဘောထားသည်။
ယခင်အချိန်က ကားစီး၍ မင်္ဂလာဒုံမှ ရန်ကုန်သို့ နေ့စဉ်ရုံးတက်လေ့ရှိသော ကိုအောင်(အမည်လွဲ)က ယခုမူ ရထားဖြင့်သာ ရုံးတက်လေ့ရှိသည်ဟု ဆိုသည်။” ကျွန်ေ တ်ာနေတဲ့ နေရာနဲ့ ရုံးကိုသွားရင် အရင်ကတော့အဆင်ပြေတယ်။ အခု ကားပိတ်တော့ ရုံးနောက်ကျတော့ မသက်သာဘူး။ ဒဏ်ရိုက်ခံရတယ်လေ။ ဒီတော့ ရထား ပဲ ပြောင်းစီးဖြစ်သည်ဟု ၎င်း၏ အမြင်ကိုပြောသည်။ ကုန်ကျစရိတ်အနေနှင့် မူလက ရထားက သက်သာသော်လည်း ယခုမူ ရထားခမှာ ကားခထက်များစွာ ကုန် ကျ ကြောင်း ၎င်းက ပြောသည်။
”ကျွန်တော်လည်း ဒီလိုရထားတွေ ဇိမ်နဲ့စီးသွားချင်တာပေါ့ဗျာ၊ ဒါပေမဲ့ မိသားစု စားစရိတ်က ရှိနေတော့ ဘယ်စီး နိုင်ပါ့မလဲ”ဟု ၎င်းက ဆိုသည်။ ရန်ကုန်မြို့တွင်း ကားများ အဆမတန် များပြားလာကာ ယာဉ်ကြောပိတ်ခြင်း၊ ယာဉ်ကြောကျပ်ခြင်းများ နေ့စဉ် ကြုံတွေ့ နေရခြင်းကြောင့် ရန်ကုန်မြို့နှင့် အလှမ်းဝေးသော ဆင်ခြေဖုံးရပ်ကွက်များမှ ရန် ကုန်မြို့ထဲတွင် အလုပ်လုပ်သူများ၊ တက္က သိုလ်တက်သည့် ကျောင်းသား၊ ကျောင်း သူများမှာ ရထားကို အဓိကအားကိုး လာကြသည်။ရန်ကုန်မြို့ထဲနှင့် ဆင်ခြေဖုံးမြို့ နယ် များရှိ ပြည်သူများ ဆက်သွယ်သွားလာ ရာ၌ လွယ်ကူသက်သာစေရန် ၁၉၅၉ ခုနှစ် မတ်လ ၁၉ ရက်တွင် ဖောက်လုပ် ပြီးစီးခဲ့ပြီး နှစ်ပေါင်း ၅၄ နှစ် အကြာ တွင် ပြည်သူများ သက်သောင့်သက်သာစီးနိုင် ရန် ရိုးရိုးမြို့ပတ်ရထားများကြားတွင် RBE  Aircon ရထား၊ အထူးရထားများ ပြေးဆွဲခဲ့ရာ ရထားလောကအတွက် ဂုဏ် ယူ ဖွယ်ရာဖြစ်သော်လည်း အခြေခံလူ တန်းစားကြား၌မူ စီးပွားရေးမပြေလည်မှု ပြဿနာကြောင့် ရွေးချယ်နေရဆဲဖြစ်သည်။
နိုင်ငံတကာတွင် ကျည်ဆန်ရထား များ၊ အဆင့်မြင့်ရထားများကို လွန်ခဲ့သည့် ဆယ်စုနှစ်များစွာကတည်းက ပြေးဆွဲပေး နေသော်လည်း မြန်မာနိုင်ငံတွင်မူ မီးရထား က အချိန်ကြန့်ကြာနေဆဲဖြစ်ပုံကို ဆင်ကဲ့ သို့ယမ်း၊ လိပ်ကဲ့သို့နှေး၊ မြင်းကဲ့သို့ခုန်နေ သော ရထားများဖြစ်သည်ဟု ဗိုလ်ချုပ်မှူး ကြီး(ငြိမ်း) (ဦး)သန်းရွှေက မှတ်ချက်ပြုခဲ့ ဖူးကြောင်း သမ္မတရုံးဝန်ကြီး ဦးအောင် မင်းက မီဒီယာတွေ့ဆုံပွဲတွင် ပြောခဲ့ဖူးသည်။ အခြေခံလူတန်းစားအများစုမှာ Air-con  မြို့ပတ်အထူးရထားများကို အမြဲ စီးနင်းလေ့ မရှိဘဲ ရံဖန်ရံခါသာ စီးနင်း လေ့ရှိကြသည်။ RBE Aircon အထူးရထားများကို လူနည်းစုနှင့် မိသားစု အပန်းဖြေရန်သာ စီးနင်းလေ့ရှိသည်။ မည်သို့ပင်ဖြစ်စေ ၁ဝဝ ကျပ် တန်မြို့ပတ်ရထားများရှိနေခြင်းကြောင့် ယာဉ်ကျပ်၊ ကားကျပ်မှုများ ကြုံရလေ့ရှိ သည့် လိုင်းကားများအစား မြို့ပတ်ရထား များကိုသာ အားကိုးအားထားကာ စီးနင်း မှုရှိနေမှာ ဧကန်မလွဲပေ။
စိုင်းလမင်း
Popular Myanmar

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis