menu

Monday 4 November 2013

နေပြည်တော်ရှိ ကျောင်းများ မတ်လတွင်အစားထိုးပြန်တက်ရမည်


ရန်ကုန်၊ နိုဝင်ဘာ ၄။

ဆီးဂိမ်းပြိုင်ပွဲကျင်းပချိန်တွင် နေပြည်တော်ရှိ အခြေခံ
ပညာကျောင်းများကို ဒီဇင်ဘာတစ်လလုံး ပိတ်ထား
ပေးမည်ဖြစ်ရာ မတ်လတွင် အစားထိုးပြန်လည်တက်
ရမည်ဖြစ်ကြောင်း အားကစားဝန်ကြီးဌာန၏ တရားဝင် သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဆီးဂိမ်းပြိုင်ပွဲကျင်းပချိန်တွင် နေပြည်တော်ရှိ အခြေခံ
ပညာကျောင်းများကို တရားဝင်ပိတ်မည်ဟု သတင်း ထုတ်ပြန်ထားသော်လည်း အခြား တိုင်းဒေသကြီးများမှာ
ကျောင်းများကို ဒီဇင်ဘာတွင် ပိတ်မည်ကို လက်ရှိအချိန်တွင် သတင်းထုတ်ပြန်ပေးရခြင်း မရှိသေးကြောင်း အားကစား
ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်မှု တွင်ပါရှိသည်။


“မတ်လမှာ ကျောင်းတက်မယ်ဆိုတော့ ကလေးတွေ
အတွက် တော်တော်ကို ပူလိမ့်မယ် ဆယ်တန်းသမားတွေ
ဆို ဒုက္ခရောက်နိုင်တယ်” ဟု ရန်ကုန်တိုင်းဒေသကြီး
မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ အထက်တန်းပြ ဆရာမ
တစ်ဦးက မှတ်ချက်ပြုပြောကြားသည်။

ယင်းအပြင် ကျောင်သား၊ ကျောင်း ၊ဆရာများကို အသုံးပြု
မည်ဆိုပါက စားမေးပွဲများကို နောက်ဆုတ်ရမည့် အနေ အထားဖြစ်နေကြောင်း ၎င်းက ဆိုသည်။

“အခြားတိုင်း ဒေသကြီးက ကျောင်းတွေကို ပိတ်ပေးမှာ
လား။ မပိတ်ပေးဘူးလားဆိုတာ လက်ရှိအချိန်မှာ ပြောလို့
မရသေးပါဘူး။ ဒီရက်ပိုင်း အတွင်း တရားဝင်သတင်းထုတ်ပြန်
ပေးသွားမှာပါ”ဟု အားကစားဝန်ကြီးဌာန သတင်းနှင့်ပြန်ကြား
ရေးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၂၇ကြိမ်မြောက်ဆီးဂိမ်းဖွင့်ပွဲ၊ပိတ်ပွဲ အခမ်းအနားကို အခြေခံပညာကျောင်းများမှာ ကျောင်းသူကျောင်းသားများ အများဆုံးအသုံးပြုကာ ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနားကို ကျင်းပ
ပြုလုပ်သွားမည်ဖြစ်ကြောင်း နေပြည်တော် ရှိအခြေခံ
ကျောင်းများကို ဒီဇင်ဘာလတစ်လလုံး ပိတ်ပေးထားခြင်း
ဖြစ်ကြောင်း အားကစားဝန်ကြီးဌာနမှ တာဝန် ရှိသူတစ်ဦးက
People Power သတင်းစာ၏ ဆက်သွယ်မေးမြန်းမှုကို
ပြန်လည်ဖြေကြားသည်။

ရေးသားသူ - ဇော်ဇော်
တည်းဖြတ်သူ-နီတိုး
People Power

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis