menu

Monday 4 November 2013

မင်္ဂလာစုံတွဲတို့အတွက်မင်္ဂလာခန်းမရွေးချယ်စရာ


သီတင်းကျွတ်မင်္ဂလာရာသီရောက်ပြီဆိုတာနဲ့ တူနှစ်ကိုယ်လက်တွဲ ဘဝခရီး ဆက် ကြတော့မယ် ချစ်သူစုံတွဲများဟာ နှစ်ကိုယ်တူဘဝရဲ့ အရေးကြီးတဲ့ ပွဲတစ်ပွဲလို့ ဆိုရမယ့် မင်္ဂလာဧည့်ခံပွဲများ ပြုလုပ်ဖို့အတွက် တိုင်ပင်စီစဉ်ကြပါပြီ။ တစ်သက်မှာတစ်ခါသာ ဆင်နွှဲ ကြရတဲ့ သူတို့ရဲ့ မင်္ဂလာပွဲတွေကို အကောင်းဆုံးဖြစ်စေချင်တဲ့ ဆန္ဒကတော့ မင်္ဂလာစုံတွဲတိုင်း မှာ ရှိကြစမြဲပါ။ တိုးတက်လာတဲ့ခေတ်နဲ့အညီ မိမိရဲ့ မင်္ဂလာပွဲကိုလည်း တတ်နိုင်သမျှ အဆင့် အတန်းမြင့်စေချင်ကြပါတယ်။ ဝါကျွတ်ကာလ မင်္ဂလာပွဲ များ ဆင်နွှဲကြတော့မယ့် ရန်ကုန်မြို့နေ လူငယ်စုံတွဲများ အနေနဲ့ မင်္ဂလာနေရာရွေးချယ်မှုအတွက် အတတ်နိုင်ဆုံး လွယ်လင့်တကူ ရှိစေဖို့် ရန်ကုန်မြို့တွင်းရှိ ဟိုတယ်၊ မင်္ဂလာခန်းမ တချို့ရဲ့ မင်္ဂလာဝန်ဆောင်မှုစရိတ်များကို ဖော်ပြလိုက်ရပါတယ်။
Central Hotel
Central Hotel အနေနဲ့ ခန်းမလေးခု Jade Hall(100 Pax မှ 250 Pax) ကို ကျပ်ခုနစ်သောင်း၊ade Hall (251 Pax မှ 450  Pax) ကို ကျပ်ရှစ်သောင်း၊ Jade Hall (450 Pax  အထက်) ကို ကိုးသောင်းကျော်၊ Ruby House (80 Pax) ကို ကျပ်ခြောက် သောင်းသတ်မှတ်ထားပြီး မင်္ဂလာစင်မြင့်ပန်းအိုး တစ်အိုးကို ငွေ ကျပ်တစ်သောင်းခွဲ၊ မင်္ဂလာနာမည်ထိုး မြန်မာဘာသာတစ်မျိုး ကျပ် တစ်သောင်းခုနစ်ထောင် ၊ တရုတ်၊ အင်္ဂလိပ်၊ မြန်မာ ဘာသာကျပ် နှစ်သောင်းသတ်မှတ်ထားပါတယ်။ အချိန်အနေနဲ့ မနက် ၉နာရီ က ၁ဝနာရီခွဲ၊ နေ့လယ်၁၂နာရီက ၁နာရီခွဲ၊ ညနေ ၃နာရီက ၄နာရီခွဲ၊ ညနေ၆နာရီက ၇နာရီခွဲရှိပြီး အစားအသောက် အနေနဲ့ ကြက်သား (ထောပတ်ထမင်း /ဒံပေါက်) ချဉ်ပေါင်ဟင်းချို၊ ဘာလချောင်ကြော်၊ သခွားသီး ငရုတ်သီးစပ်ချဉ်၊ သရက်သီးသနပ်၊ ရေခဲမုန့်ကို တစ်ဦးစာ ကျပ်၄၅ဝဝ၊ ဆိတ်သား(ထောပတ်ထမင်း /ဒံပေါက်)၊ ချဉ်ပေါင်ဟင်း ချို၊ ဘာလချောင်ကြော်၊ သခွားသီး ငရုပ်သီးစပ်ချဉ်၊ သရက်သီးသနပ်၊ ရေခဲမုန့်ကို တစ်ဦးစာ ကျပ် ၄၇ဝဝ၊  ပေါက်စီ(ကြက်၊ဝက်၊ပဲ)၊ ငါးဖယ်၊ ငုံးဥ ပေါင်း၊ ပုစွန်ကော်ပြန့်လိပ် ကြော်၊ ကြက်ဘဲဥအငံ၊ ပုစွန်ရေညှိလိပ်၊ ကော်ဖီ၊ သီးစုံရေခဲမုန့်ကို တစ်ဦးစာ ကျပ်၃၅ဝဝ၊Cheese Sandwich, Sweet Roll, Chocolate Eclair, Muttom Puff, Coffee, Strawberry Ice Cream  ကို တစ်ဦးစာ ကျပ် ၃၄ဝဝ တို့ဖြစ်ပါတယ်။
လူ၂ဝဝနဲ့ အထက်မှာယူပါ ......လက်ဖွဲ့ပြီး လူ ၅ဝဝနဲ့အထက် ဟိုတယ်ကနေ အစားအသောက် မှာယူပါက သတို့သား၊သတို့သမီးကို တစ်ညတာတည်းခိုခွင့်အခန်းနဲ့ မနက်စာအတွက်ပါ လက်ဖွဲ့မှာဖြစ် ပါတယ်။
Strand Hotel
ကမ်းနားလမ်းက Strand မှာတော့ လူ၆ဝဝဆံ့ Ballroom ခန်းမအတွက်ကိုတော့ ၂နာရီစာ USD 3000 သတ်မှတ်ထားပြီး လူ၃ဝဝဆံ့ခန်းမဝက်အတွက်တော့ USD 2000သတ်မှတ်ထား ကြောင်းသိရပါတယ်။ အစားအသောက်အနေနဲ့ လူတစ်ဦးစာ ၃မျိုးကို ကျပ်၁၂ဝဝဝဖြစ်ပြီး စားသောက်ဖွယ်ရာ ၄ မျိုးကိုတော့  ကျပ် ၁၄ဝဝဝဖြစ်ေ ကြာင်း သိရပါတယ်။
Trader Hotel
Trader Hotel မှာ မင်္ဂလာအခမ်းအနားကျင်းပမယ်ဆိုရင်တော့ Package  လေးမျိုးခွဲထားပြီး Package တစ်ခုမှာလူတစ်ဦးစာ အတွက် US $ 12 မှ US $ 18 ထိရှိပြီး မင်္ဂ လာ ခန်းမဆောင်၊ ခန်းမဆောင်နံရံများမှာ မြန်မာ၊ အင်္ဂလိပ်၊ တရုတ် နှစ်သက်ရာ ဘာသာစကားနဲ့ နောက်ခံစာတန်း ပြင်ဆင်ပေးခြင်း၊ မင်္ဂလာအဝတ် လဲခန်း၊ နောက် ခံတေး ဂီတ၊ Traders Club Room  မှာ တစ်ညတာ တည်းခိုခွင့်၊ မင်္ဂလာကိတ်၊ ပန်းအလှ ဆင်ခြင်း စတဲ့ဝန်ဆောင်မှုများကိုလည်း ရရှိမှာဖြစ်ပါတယ်။
Orchid City Hotel
ခန်းမအသုံးပြုခွင့် ၂ နာရီ အတွက်ကိုတော့ ကျပ်တစ်သိန်းခွဲသတ်မှတ်ထားပြီး လူဦးရေ ၂၅ဝ ထိ ဝင်ဆံ့ပါတယ်။ အစားအသောက်အတွက် ထောပတ်ထမင်း (သို့) ကြက်ဆီ ထမင်းနဲ့ အအေးတစ်မျိုးမျိုးကို တစ်ဦးစာ ကျပ်၃ဝဝဝ ဖြစ်ပြီး မုန့် သုံးမျိုးနဲ့ လက်ဖက်ရည်ကို ကျပ်၂၅ဝဝ သတ်မှတ်ထားပါတယ်။ အခမ်းအနား အပြင်အဆင်တွေနဲ့ ပန်းအ လှဆင်ခြင်းတွေအတွက်ကိုလည်း ပြင်ပက ပညာရှင်တွေနဲ့ ချိတ်ဆက်ဆောင် ရွက်ပေးတယ်လို့လည်း သိရပါတယ်။
Summit Park View Hotel
မုန့်လေးမျိုး၊ ကော်ဖီ၊ ရေခဲမုန့် လူတစ်ဦးစာ ကျပ်၇ဝဝဝ၊ မုန့်ငါး မျိုး၊ ကော်ဖီ၊ ရေခဲမုန့် လူတစ်ဦးစာ ကျပ် ၈ဝဝဝ၊ ထောပတ်ထမင်း (သို့) ဒံပေါက်ထမင်း၊ ရေခဲမုန့်လူတစ်ဦးစာ ကျပ် ၉၅ဝဝ သတ်မှတ်ထားပြီး လူ ၃ဝဝ စာ အနည်းဆုံးယူရပါမယ်။ ခန်းမကြေးပေးစရာမလို။ မနက် ၉ နာရီ ကနေ ၁၁ နာရီ၊ နေ့လယ်ခင်း ၁ နာရီကနေ ၃ နာရီ၊ ညနေ ၄နာ ရီခွဲကနေ ၆နာရီိခွဲအချိန် သတ်မှတ်ထားပါတယ်။ မိတ်ကပ်လိမ်း ဖို့ အခန်းတစ်ခန်းပေးထားပြီး သတို့သား၊ သတို့သမီးညအိပ်ခွင့်လည်း ရမှာ ဖြစ်ပါတယ်။ Weddign Cake တစ်လုံး၊ ပန်းအပြင်အဆင် အားလုံးကို လက်ဆောင်ပေးမှာဖြစ်ပါတယ်။ ခန်းမအနေနဲ့ လူ ၃ဝဝ ကနေ အများဆုံး လူ၃၅ဝ ဆံ့ပါတယ်။ Summit Park View  အနေနဲ့ လက် ရှိဈေးနှုန်းများမှာ ၂ဝ၁၃ နှစ်ကုန်အထိဖြစ်ပါတယ်။
Chatrium Hotel
Chatrium  မှာ မင်္ဂလာအခမ်းအနားပြုလုပ်မယ်ဆိုရင်တော့ Wedding Package အနည်းဆုံး၂၅ဝ ရှိပါမယ်။ Package ခုနစ် မျိုးရှိပြီး အားလုံးမှာ ညအိပ်တည်းခိုခွင့် ပါဝင် မှာဖြစ်သလို၊ မင်္ဂလာ နှစ်ပတ်လည်နဲ့ကလေးမွေးနေ့များအတွက် ၅ ရာခိုင်နှုန်းလျော့ပေး သွားမယ့် အထူးအခွင့်အရေးလည်းရှိတယ်ဆိုတာသိရပါတယ်။ Lily Package ၊ Louts Package ၊ Daffodil Package ၊ Orchid Package ၊ Jasmine Package ၊Tulip Package  နဲ့ Red Rose Package တို့ဖြစ်ပါတယ်။ Package  တစ်ခုချင်း စီအတွက် ဈေးနှုန်းနဲ့ဝန်ဆောင်မှု ကွာခြား တယ်လို့ သိရပါတယ်။
ParkRoyal Hotel
မင်္ဂလာသတို့သား၊ သတို့သမီးများအတွက် မင်္ဂလာအခမ်း အနားများအပါအဝင် ဒင်နာ၊ ဟန်းနီးမွန်းအထိပါဝန်ဆောင်မှုပေးထားပြီး တစ်ဦးစာအတွက် အနည်းဆုံး ၁၃ ဒေါ် လာမှ ဒေါ်လာ ၃ဝ ကျော် အထိအစားစားရှိပြီးမင်္ဂလာသတို့သား၊သတို့သမီးများစိတ်ကြိုက်ရေခဲအရုပ်များ၊ ကိတ်များစတဲ့ဝန်ဆောင်မှုများကိုလည်းပေးပါတယ်။
Kandawgyi Palace Hotel
မင်္ဂလာဆောင်  Package ၂ဝ၁၄ မေလအထိကို ဈေးနှုန်း သတ်မှတ်ထားတာက ကျပ်၁ဝဝဝဝ၊ ကျပ်၁၃ဝဝဝ၊ ကျပ်၂ဝဝဝဝ သတ်မှတ်ထားတယ်။ နှစ်သောင်းကတော့ ဒံပေါက်ထမင်းဒါမှမဟုတ် ထောပတ်ထမင်းပေါ့။ ခန်းမကြေးပေးစရာမလိုဘူး။ လူ၂ဝဝ အနည်း ဆုံးပေးရမယ်။ ခန်းမကလည်း လူ၂ဝဝဆံ့ပဲ။ သတို့သား၊ သတို့သမီး တစ်ည အိပ်ခွင့်လည်းလက်ဆောင်ပေးပါတယ်။
ရဲရဲ၊ မျိုးမောင်
Popular Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis