menu

Monday 4 November 2013

မြစ်ကြီးနား ဆွေးနွေးပွဲ စတင်၊ ဖယ်ဒရယ်တပ်မတော်ဖြစ်ဖို့ လုပ်လို့မရသေးဟု အစိုးရပြော

Photo by ဧရာဝတီ
လိုင်ဇာသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၇ဖွဲ့ဟာ မြစ်ကြီးနားမြို့မှာ မြန်မာအစိုးရနဲ့ ပထမဆုံး ဆွေးနွေးပွဲတွေ နိုဝင်ဘာ ၄ရက်နေ့မှာ စတင်ခဲ့ပါတယ်။

မြန်မာအစိုးရအနေနဲ့ နိုင်ငံရေးဆွေးနွေးပွဲအထိ သွားဖို့ ဆုံးဖြတ်ထားတာကြောင့် နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ကို အစိုးရအနေနဲ့ လက်ဦးမှုယူပြီး ရေးဆွဲမှာ မဟုတ်ဘူးလို့ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ဆိုပါတယ်။

၁၉၉ဝကစပြီး မြန်မာစစ်တပ်ဟာ နိုင်ငံရေးအဖွဲ့အစည်းမဟုတ်တာကြောင့် နိုင်ငံရေးဆွေးနွေးမှုတွေ မလုပ်ဆောင်ဘူးဆိုတဲ့ ပုံစံနဲ့ ရပ်တည်လာခဲ့ပြီး အခု တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို သမ္မတက ပေးပို့တဲ့ သဝဏ်လွှာထဲမှာ နိုင်ငံရေးဆွေးနွေးပွဲလုပ်ဖို့ ကမ်းလှမ်းခဲ့တာမို့ လက်ရှိအစိုးရဟာ စစ်အစိုးရမဟုတ်ဘဲ နိုင်ငံရေးအစိုးရဖြစ်တယ်လို့ PNLO ဥက္ကဌ ခွန်မြင့်ထွန်းက ဆိုပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ လိုင်ဇာသဘောတူညီချက်နဲ့ အစိုးရဲ့သဘောထားကို အရင်ဆုံး ညှိနှိုင်းရမှာမို့ တစ်နိုင်ငံလုံး အပစ်ရပ်ရေးဆိုတာ ဘယ်တော့ထိုးဖြစ်မယ်ဆိုတာ ပြောရခက်သေးတယ်လို့ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက ဆိုပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ တောင်းဆိုနေတဲ့ ဖယ်ဒရယ်ပြည်ထောင်စုတပ်မတော်ထူထောင်ရေးကိုတော့ လုပ်လို့မရသေးဘူးလို့ ဆိုပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် မစ္စတာ နမ်ဘီယားဟာ လေ့လာသူအဖြစ်နဲ့ မြစ်ကြီးနားဆွေးနွေးပွဲကို တက်ရောက်နေပြီး မြန်မာပြည်မှာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် အကောင်းမြင်တာမို့ ရှေ့ဆက်သွားမယ့် အလားအလာတွေ မြင်ရတယ်လို့ ဆိုပါတယ်။
Kamayut Media

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis