menu

Monday 4 November 2013

အခွန်အသစ်ကို ဆန့်ကျင်သည့် လူသောင်းချီသော ပြင်သစ်ဆန္ဒပြ လူအုပ်ကို ရဲက မျက်ရည်ယိုဗုံး သုံး၍ဖြိုခွဲ

forei_aktsksdpybk_afp

ပါရီ၊ နိုဝင်ဘာ ၃
ပြင်သစ်နိုင်ငံ အနောက်မြောက်ပိုင်းတွင် လူသောင်းချီသော ဆန္ဒပြအုပ်စုက အလုပ်များစွာ ပြုတ်စေသော သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အခွန်ကောက်ခံမှုကို ကန့်ကွက်သည့် ဆန္ဒပြပွဲ ပြုလုပ်နေစဉ် အဓိကရုဏ်း နှိမ်နင်းရေးရဲက မျက်ရည်ယိုဗုံးများ အသုံးပြုကာ ဖြိုခွင်းခဲ့ပြီး ဆန္ဒပြသူ အချို့ကလည်း ကျောက်တုံးများ၊ သံချောင်းများဖြင့် ပြန်လည်ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့သည်ဟု AFP သတင်းတစ်ရပ်က ဖော်ပြထားသည်။
ဆန္ဒပြသူ သုံးဦးကို ဖမ်းဆီးထားပြီး လူအုပ်ထဲမှ လေးယောက်နှင့် ရဲအရာရှိ တစ်ဦးတို့ ဒဏ်ရာ ရရှိသွားခဲ့သည်။
ဆန္ဒပြပွဲကို စည်းရုံးလှုံ့ဆော်သူများက ကုန်ပစ္စည်းသယ်ပို့သူများ၊ ရေလုပ်သားများနှင့် စားသောက်ကုန် လုပ်သားများ အပါအဝင် စုစုပေါင်း လူသုံးသောင်းခန့် လာရောက် ပူးပေါင်း ကြသည်ဟု ပြောဆိုထားသည်။
ဒေသထွက် ကုန်ပစ္စည်းများကို သယ်ပို့ပေးသော ကုန်တင်ယာဉ်များကို သဘာဝပတ်ဝန်းကျင် အခွန်ကောက်ခံမည့် Ecotax အစီအစဉ်ကို အစိုးရက ဆိုင်းငံ့ ပေးထားသော်လည်း ယင်းဥပဒေသစ်ကြောင့် ဘရစ်တနီဒေသမှ နစ်နာသူများက ဆန္ဒပြနေကြခြင်း ဖြစ်သည်။
အာဏာပိုင်များက အဆိုပါ ဆန္ဒပြပွဲနှင့် ဆက်စပ်အကြမ်းဖက် အဓိကရုဏ်း ဖြစ်စဉ်များအပေါ် လက်ယာယိမ်း အုပ်စုများတွင် တာဝန်ရှိကြောင်း ပြစ်တင် ပြောဆိုထားသည်။

ပြီးခဲ့သည့် သီတင်းပတ်ကလည်း အလားတူ ဆန္ဒပြပွဲများ ဖြစ်ခဲ့ပြီး ထိပ်တိုက် ပြဿနာများ ဖြစ်ပွားခဲ့ပြီးနောက် အလားတူ ကိစ္စရပ်များ ထပ်မံမဖြစ်ပွားသင့်ကြောင်း ပြစ်သစ် ဝန်ကြီးချုပ် ယန်းမက်စ်အိုင်ရော့က သတိပေးထားသည်။
Ecotax သည် သဘာဝ ပတ်ဝန်းကျင်နှင့် လျော်ညီသော ကုန်ပစ္စည်းသယ်ပို့သည့် စနစ်ကို အားပေးသည့် အခွန်အသစ်ဖြစ်ပြီး ပြင်သစ် ပြည်တွင်းနှင့် နိုင်ငံခြားထွက် ကုန်ပစ္စည်းများတင်သော ၃ တန်ခွဲအထက် ယာဉ်များကို အခွန် ထပ်မံစည်းကြပ်ခြင်း ဖြစ်သည်။
ယင်းစနစ်ကြောင့် စိုက်ပျိုးရေး လုပ်သားများ၊ စားသောက်ကုန်လုပ်ငန်း လုပ်ကိုင်သူများ အလုပ်ပြုတ်ကိန်း ဆိုက်နေပြီး စိုက်ပျိုးရေးကဏ္ဍကို အဓိကမှီခိုသည့် ဘရစ်တနီဒေသတွင် ယင်းသက်ရောက်မှု ပိုမိုပြင်းထန်ကြောင်းလည်း သတင်းများအရ သိရသည်။
ယခင်က ကြိုတင် စီစဉ်ထားသည့်အတိုင်း ဥပဒေ စတင်အသက်ဝင်မည့် ကာလကို ဇန်နဝါရီလ ၁ ရက်နေ့ဟု သတ်မှတ်ထားခြင်းကို အစိုးရက နောက်ဆုတ် ပေးခဲ့သည်။
သို့သော် ဆန္ဒပြခေါင်းဆောင်များက ယင်းလုပ်ရပ်မှာ မလုံလောက်သေးဘဲ ယင်းအခွန်စနစ်ကို လုံးဝ ရာသက်ပန် ရပ်ဆိုင်း ပေးရမည်ဟု တောင်းဆိုထားကြသည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis