menu

Monday 4 November 2013

လူကို အန္တာရယ်ပြုနေသော ဒီရေတော ဆင်တစ်ကောင်အား မြောက်ဇာမဏီ ကြိုးဝိုင်းသို့ ပို့ရန် စီစဉ်နေ

အောင်အောင်

ရန်ကုန် ၊ နိုဝင်ဘာ ၃ ။ ။ မျိုးသုဉ်း ပျောက်ကွယ်တော့မည့် ဒီရေတော ဆင်သုံးကောင်အနက် တစ်ကောင် မှ လူတချို့ကို နင်းသတ်ခဲ့မှုများနှင့် စိုက်ခင်းများဖျက်ဆီးမှုကြောင့် ဖမ်းဆီးကာ မြောက်ဇာမဏီကြိုး ဝိုင်းသို့ ပို့ဆောင်သွားမည်ဖြစ် ကြောင်း ဖျာပုံမြို့နယ်သစ်တော ဦးစီးမှူးဦးမျိုးနိုင်က ပြောသည်။

အဆိုပါ ဒီရေတောဆင်မှာ ၂၀၁၃ခုနှစ် ဖေဖော်ဝါရီလခန့်မှ စတင်ကာ ဘိုကလေးမြို့နယ် သစ် တောကြိုးဝိုင်းများမှထွက်ခွာပြီး ဖျာပုံခရိုင်အတွင်းသို့ရောက်ရှိ ကာ အမျိုးသမီးတစ်ဦးနှင့် အမျိုး သားတစ်ဦးကို နင်းသတ်မှုများနှင့် စိုက်ခင်းများကို ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ဦးမျိုးနိုင်က ''အခု ဆင် ရောက်နေတဲ့နေရာက အရင်ဆင် တွေကို လေ့ ကျင့်ပေး တဲ့ နေရာပါပဲ။ ဒီဆင်က အဲဒီလောက် မရိုင်းပါ ဘူး။ တော်တော်ယဉ် တယ်။ လူ တချို့က ခဲတွေနဲ့ပေါက်တာ တော် တော်များတယ်။ ဆင်ကပြန်ပြီး တုံ့ပြန်တဲ့အခါမှာ လူသေမှုတွေဖြစ် ကုန်တာပါ''ဟုပြောသည်။

အဆိုပါဒီရေတောဆင် ရောက်ရှိနေသောနေရာမှာ ဖျာပုံ ခရိုင် အမာမြို့နယ်ခွဲ မမွေးကွင်း ကျေးရွာနှင့် ကညင်ကုန်ကျေးရွာ များအကြားရှိ ကျွန်းပေါ်တွင် နေ ထိုင်နေပြီး ယနေ့ဖမ်းဆီးရမိပြီး ဖြစ်ကြောင်း သိရသည်။



ဦးမျိုးနိုင်က ''ဒီနေ့ပဲ ဖမ်း ဆီးလိုက်ပါပြီ။ ဘယ်နေ့လောက် ဇာမဏီကြိုးဝိုင်းကို ပို့ဖြစ်မယ် ဆိုတာ ပြောဖို့တော့ ခက်တယ်။ လေ့ကျင့်ပြီးတာနဲ့ အမြန်ဆုံးပို့ ဆောင်သွားမှာပါ''ဟု ဆက်လက် ပြောသည်။

ဆင်များသည် ကမ္ဘာပေါ် တွင် မျိုးသုဉ်းလုနီးပါဖြစ်နေသော သတ္တဝါအဖြစ် သတ်မှတ်ခံထားရ ပြီး မြန်မာနိုင်ငံတွင်လည်း မျိုး သုဉ်းမှုအန္တရာယ်မှကာကွယ်နိုင် ရန် ဖမ်းဆီးခြင်းမပြုရန် ဥပဒေ အရ တားဆီးထားကြောင်း၊ ကျန် ဒီရေတောဆင်နှစ်ကောင်မှာ ဘို ကလေးမြို့နယ်တွင်သာ ရှိနေ သေးကြောင်းသိရသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း ရှိ မြောက်ဇာမဏီ ဆင်ဘေးမဲ့ တောတွင် ရန်ကုန်တိုင်းဒေသကြီး မှ ဆင်ရိုင်းရှစ်ကောင်ကိုလည်း ပို့ ဆောင်ထားပြီးဖြစ်ကြောင်း သိ ရသည်။

Yangon Media Group

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis