လူစည်သော မြို့လယ်၊ ဆင်ခြေဖုံး
ရပ်ကွက်များနှင့် လမ်းမလမ်းသွယ်များ ထိပ်နေရာအစုံတွင် ရောင်စုံထီးများမိုး၍
စားပွဲတစ်လုံးချ၊ အလုပ်လုပ်နေကြရသည့် အဖြူ၊ အပြာ ဝတ်စုံဝတ်ဝန်ထမ်းများကို
သွားရင်းလာရင်း မြင်တွေ့ဖူးကြ လိမ့်မည်။ သင့်ထံတွင် ငွေအပြည့်နှင့်
လက်ကိုင် ဖုန်းတစ်လုံးရှိပါက ထိုသူ များကို အမှတ်တမဲ့သာ ဖြစ်မည်။ သို့ သော်
သင်သည် ဖုန်းငွေဖြည့်ရန်အ ကြောင်း အမျိုးမျိုးကြောင့် မစွမ်းသာသည့်
အချိန်သို့တည်းမဟုတ်လက်ကိုင် ဖုန်းတစ်လုံးမဲပေါက်ရန် ကံတရားနှင့်စီး
ချင်းထိုး နေရ တုန်း သူတစ်ဦးဆိုပါက ထို ဝန်ထမ်းများနှင့် ၎င်းတို့၏
ဆိုင်လေးများသည် သင်နှင့်အလွန်တရာပင် ရင်းနှီးကျွမ်းဝင်ပေလိမ့်မည်။
ထိုနေရာသည် သင့်ထံ တွင် ငွေ အနည်း ငယ်ရှိရုံဖြင့်လိုရာကို လေလှိုင်းဖြင့်
ခေါ်ဆိုနိုင်မည့် အများပြည်သူသုံးတယ်လီဖုန်းဆိုင်များသာ ဖြစ်သည်။
”အများပြည်သူသုံး” ဟူ၍ အမည်နာမနှင့်
လိုက်ဖက်အောင်ပင် အများ ပြည်သူများ အလွယ်တကူ မြင်သာထင် သာရှိသည့်
လမ်းမနေရာများတွင် ဘေးဘီဝဲယာ အကာ အရံမထားဘဲ စားပွဲ တစ်လုံးနှင့်ပင်
တယ်လီဖုန်းများ ချထားသည်။ အရောင်မတူ ဆိုက်မတူသည့် တယ်လီဖုန်းသုံးလေးလုံးက
ဥဒဟိုဝင် ထွက်ဆက်နေကြ သူများကြောင့် သပ် ရပ်စွာမရှိတော့။ ထို့ပြင်
ဗလာစာအုပ် တစ်အုပ်၊ ဘောလ်ပင်နှင့်အချိန်မှတ် နာ ရီငယ်တစ်ခုကလည်း
စားပွဲပေါ်တွင် အ ခန့်သား ရှိနေသေးသည်။ ထိုအရာများ က PCO ဝန်ထမ်းများအတွက်
လက်စွဲ တော်အသုံးအဆောင်များ ဖြစ်သလို ”ငွေ” ဖြစ်သည့်အထောက်အပံ့များလည်း
ဖြစ်သည်။ PCO ဝန်ထမ်းတစ်ဦးတွင် သယ်ယူစရာပစ္စည်း များများစားစားမရှိ။
ထမင်းချိုင့်နှင့် ခြင်းတောင်းများ ခုံအောက်ထည့်သိမ်းပြီးလျှင်
၎င်းတို့၏ရုံးခန်း နေရာတကျဖြစ်ပြီဟု ဆိုရမည်။ ထိုအချိန်သည် ရန်ကုန်မြို့
စတင်လူ စည်ကားချိန် နံနက် ၈ နာရီခန့် ဖြစ်သည်။
အင်္ကျီအဖြူက ယူနီဖောင်းဖြစ်ပြီး အပူဒဏ်ကို
ခံနိုင်စေရန်ဖလံထည်အင်္ကျီ ကွက်ကို အပေါ်ကထပ်ဝတ်ထားသည်မို့ အနည်းငယ်
ညှိုးနွမ်းသယောင် မြင် ရသည်။ မျက်နှာ တွင်တော့ ပါးကွက် များ ပါးနှစ်ဖက်
အပြည့်ကွက်ထားသည့် မစံပယ်က PCO ဝန်ထမ်းလုပ်သက် ၁၁ နှစ် ကျော်ပြီဟု
သူကဆိုသည်။ လုပ်သက်များသည့် အလျောက် တာဝန်ကျ ရာနေရာလည်း
စုံနေပြီဖြစ်ကြောင်း သိရသည်။ သူက ကျောက်တံတား အရှေ့ဘက် တစ်ဝိုက် တာဝန်ကျ
ဏဃဥ ဝန် ထမ်းတစ်ဦး ဖြစ်ပြီး ဝင်ငွေ ကောင်းသည့် အထဲပါသည်ဟု
ဆိုနိုင်ခြင်းကြောင့် အ လုပ်မပြောင်းဖြစ်ခဲ့ကြောင်း ပြောသည်။
”အောက်ဆိုက်ငွေနဲ့ အသက်ဆက် တယ်လေ။ အရင်ကဆို ဒီအလုပ်က ရွှေ ပဲ”
PCO ဝန်ထမ်းအလုပ် လုပ်ကိုင်ရင်း
တခြားအလုပ်တော့မလုပ်ဖြစ်ဟု သူကဆိုသည်။ သို့သော် တခြား အလုပ်တစ်ခု
ထပ်မံရှာဖွေရန်လည်း မလို။ နံနက် ၈ နာရီမှ ညနေ ၄ နာရီ အတွင်း
ဖုန်းဆိုင်ထိုင်နေရုံဖြင့်အပိုဝင်ငွေလေး စုမိဆောင်းမိချေပြီ။ ထိုငွေက
သူမအတွက်သာမက မိသားစုနှင့် ကလေးအတွက်လည်း စို့စို့ပို့ပို့ကလေး ရှိသည်။
ဤအချက်က သူမကို PCO ဝန်ထမ်းအဖြစ်မှ နုတ်ထွက်မသွားရန် တားဆီးထားခြင်းလည်း
ဖြစ်သည်။
PCO ဝန်ထမ်းတစ်ဦး ဖြစ်ရန်
ဆက်သွယ်ရေးလုပ်ငန်းလက်အောက်ရှိ PCO လုပ်ငန်းတွင် လျှောက်ထားရမည် ဖြစ်ပြီး
PCO များ ဝင်ငွေကောင်းချိန်တွင် ဝန်ထမ်းဖြစ်ရန် အထူးတလည်
ကြိုးပမ်းခဲ့ကြရသူများလည်း ရှိသည်။ မစံပယ်အတွက်တော့ ထိုသို့မဟုတ်။
သူမအမျိုးသား ဖြစ်လာမည့် ဖုန်းလိုင်းမင်းသမားနှင့် ချိတ်ဆက်မိကာ ထိုမှတစ်
ဆင့် PCO ဝန်ထမ်းလောကသို့ ခြေ ချမိခဲ့သည်ဟု ဆိုသည်။
”အိမ်မှာ ထိုင်နေမယ့်အစား တစ် ထောင်ရရ နှစ်ထောင်ရရပေါ့ ဈေးဖိုး ဖြစ်တယ်”
အထက်ပါစကားက အလုပ်ရှားပါးသည့်
အခြေခံလူတန်းစားများ အတွက် ကျားကန်နေရသည့် ဘဝကို မြင်ယောင်စေသည်။
ဖုန်းဆက်ရင်း ရင်းနှီး လာကြသူများ ကမူဒီ့ထက်ပိုကောင်းသည့်လုပ်ငန်းတစ်ခုကို
ပြောင်းရွှေ့လုပ်ကိုင်ရန် ပြောဆိုကြသော်လည်း မစံပယ်အဖို့ PCO ဝန်ထမ်းအဖြစ်မှ
တစ်ဖဝါးမှမခွာ။ သူမထံတွင် အကြောင်း တရားများစွာနှင့်။
”ဒီအလုပ်က အလုပ်ရှင်မျက်နှာ မကြည့်ရဘူး။
ကိုယ့်ကို ထိုင်ပြီး စောင့် ကြည့်နေမယ့်အလုပ်ရှင်မရှိဘူး” ဟု မစံပယ်က
ဆိုသည်။ သူက ဓာတုဗေဒနှင့် ဘွဲ့ရထားသူဖြစ်ပြီး ကုမ္ပဏီဝန်ထမ်းလုပ်ရန်
တိုက်တွန်းမှုများက ယခုလောက် ငြိမ်းငြိမ်းချမ်းချမ်း မရှိလောက်ဟု သူမ က
မြင်သည်။ ဏဃဥ ဝန်ထမ်းအတွက် အခက်အခဲက ငွေကြေး အရှုပ်အရှင်း တစ်ခုသာ။
နေ့စဉ် ဝင်ငွေရသည့် လက်လီ
အလုပ်ဖြစ်သည့်အတွက်လိုသည်ထက် ပို၍ အပိုငွေရှာမိချိန်များတွင် ထိခိုက်မှု
ရှိသည်။ ထို့ပြင် ဖုန်းအချိန်များတိကျစွာ မှတ်သားမထား မိသည့် အခါမျိုးတွင်
လည်း ငွေစိုက်လျော်ကြရသည်။ ယင်း အတွက် ထိုအချက်များ ကာမိစေရန် အတွက်
အစိုးရမှ သတ်မှတ်ထားသည့် နှုန်းထားထက် အနည်းငယ် ပို၍တောင်း
နေကြခြင်းဖြစ်သည်ဟု ဆိုသည်။ သို့ သော် အရမ်းကာရော ပိုယူနေကြခြင်းတော့
မဟုတ်။ တစ်ခါတစ်ရံ ဖုန်းလာ ဆက်သူများ ပြန်မယူသွားသည့် အကြွေ အပိုင်းအစများ
စုစည်းပြီး တစ်နေ့စာ ဈေးဖိုး အောက်ဆိုက် စုနေကြရသည်ဟု ဆိုသည်။
လူမျိုးစုံနှင့် ဆက်ဆံနေကြရသည့်အတွက် တစ်ခါတစ်ရံနှစ်ဆယ်၊ ငါးဆယ်ပင်
ကပ်သပ်သူများလည်း ရှိ သေးကြောင်း သူမက ဆိုသည်။ သို့ သော် PCO
ဝန်ထမ်းများဘဝက လက်ဖျားငွေသီးခဲ့ကြသည်။
ရန်ကုန်တိုင်းအတွင်း PCO ဖုန်း စခန်းများ
တစ်သောင်းနှစ်ထောင့်ငါး ရာကျော် ချထားပေးပြီး ဝန်ထမ်းနှစ်ထောင်ကျော်နှင့်
လည်ပတ်နေသည် ဟု မြန်မာ့ ဆက် သွယ်ရေးလုပ်ငန်း PCO ဌာန တာဝန်ရှိသူ
ဦးဝင်းဆွေက ဆိုသည်။ ၎င်းတို့အနေနှင့် လက်ရှိတွင် ဝန်ထမ်းနှင့်
စခန်းများထပ်မံတိုးချဲ့ခြင်း မပြုသေးဘဲ ယခုအတိုင်းပင် လည် ပတ် မြဲ
ဖြစ်မည်ဟု သိရသည်။ ဖုန်းပြောခ များကို မြို့တွင်း တစ်မိနစ် ၁၅ ကျပ်
ဝန်ဆောင်ခ ၅ ကျပ်နှင့်ပေါင်း ၂ဝ ကျပ် ကျခံပြီး နယ်ခေါ်ဆိုခ တစ်မိနစ် လျှင်
၂၅ ကျပ် ဝန်ဆောင်ခ ၅ ကျပ်နှင့် ပေါင်း ၃ဝ ကျပ်နှုန်း ကောက်ခံဆဲဖြစ် သည်ဟု
ဆိုသော်လည်း တကယ့်လက် တွေ့တွင် တစ်မိနစ် ၅ဝ ကျပ်သာ ပေးနေကြရသည်။
သာကေတ PCO ဝန်ထမ်းတစ် ဦးဖြစ်သည့်
ကိုမင်းမင်းက ”၂ဝ ကျပ် ပြန် အမ်းဖို့ မလွယ်ဘူးလေ။ နောက်ပြီး တစ်မိနစ်
ငါးဆယ်ကျတယ်ဆိုပေမယ့် လာဆက်တဲ့သူ အတွက်တော့ မများပါ ဘူး” ဟု ၎င်းတို့
ကောက်ခံနေသည့် ပိုက်ဆံအပေါ် ဖြေရှင်းချက် ထုတ်သည်။ ယခင်က ညနေ ၎
နာရီထိုးသည်နှင့် ညပိုင်းတာဝန်ကျသူနှင့် ဂျူ တီချိန်း သော်လည်း ယခုတွင်
ညဆိုင်းဆင်း မည့်သူ မရှိတော့ခြင်း ကြောင့် ညနေ ၆ နာရီကျော်မှ
ပြန်ဖြစ်တော့သည်ဟု ဆိုသည်။ တစ်နေ့ ဝင်ငွေအနေနှင့် ယခု လက်ရှိ လူ စည်သည့်
ရပ်ကွက်တွင် မ ထိုင်ရသည့်အတွက် အနည်းအကျဉ်း သာ ရှိသည်ဟုလည်း ဆိုသည်။ သို့
သော် ထိုနေရာသည် တစ်လတာ အတွက်သာ ဖြစ်သည်။
၂ဝဝ၈ ခုနှစ်များထိ အများပြည် သူသုံး
တယ်လီဖုန်းများ ဝင်ငွေကောင်း လွန်းခဲ့ပြီး ကျပ်ငါးသိန်းတန် ဂျီအက်စ်
အမ်ဖုန်းများစတင်ချထားပေးသည့် ၂ဝ၁၁ ခုနှစ်မှစကာ PCO တို့ ဝင်ငွေထိခိုက်
လာသည်။ သို့သော် အနည်းအကျဉ်းမျှ ဖြစ်ပြီး သက်ရောက်မှုမသိသာလှ။
မိုဘိုင်းဖုန်းများ လိုင်းများ ထပ်မံ တိုးချဲ့ရန် ဆက်သွယ်ရေးဝန်ကြီးဌာနမှ
ငါးနှစ်စီမံကိန်း စီစဉ်ထားပြီး လိုင်းအင် အားသန်း ၃ဝ ချထားပေးရန် ဆောင်
ရွက်ဆဲလည်းဖြစ်သည်။ ထို့ပြင် နှစ်သိန်း တန် မိုဘိုင်းဖုန်းများနှင့် ၁၅ဝဝ
ကျပ် တန် မိုဘိုင်းဖုန်း များ ပေါ်ပေါက်လာ သည်က PCO ဝန်ထမ်းများကို အနည်း
ငယ် တပ်လှန့်လိုက်သည်။
”ခုဆို မြို့ထဲက နေရာတွေမှာတောင်
အိတ်ပွန်းလာတယ်” ဟု ပန်းဘဲ တန်းမြို့နယ်အတွင်း PCO မှ မဝါက လက်ရှိ
ထိခိုက်လာသည့် လုပ်ငန်း အပေါ် ပြောကြားသည်။ ယခင်က အပို ဝင်ငွေ ငါးထောင်နှင့်
ခုနစ်ထောင်ကြား မှ ယခု ငါးထောင်စွန်းရန် မနည်း ဆု တောင်းနေရသည်ဟု ဆိုသည်။
မိုဘိုင်း ဖုန်းကို ပြည်သူအားလုံး မကိုင်နိုင်ခြင်းက ပင် သူ့ထမင်းအိုး
မကွဲသေးခြင်း ဖြစ် သည်ဟူ၍လည်း ပြောသည်။ ”လမ်းဘေးဖုန်းကို ဆက်နေသေး တဲ့
လူတန်းစားတစ်ရပ်တော့ ရှိနေပါ သေးတယ်” ဟု သူ၏စကားက အလုပ်
အကိုင်ရပ်တည်နိုင်ဖို့အတွက် ကိုယ်တိုင် အားပေးနေရသည့် ပုံမျိုးဖြစ်သည်။
ယခင်လောက် လူမများတော့ သည့် အလုပ်မို့
အလုပ်လာလျှင် ဖတ် စရာစာအုပ်တစ်အုပ် အမြဲသယ်လာရ စမြဲဟု ဆိုပြန်သည်။
ဖုန်းဆက်သူ တဖွဲ ဖွဲဖွဲဘဝမှ တဖြော က်ဖြောက် ဘဝသို့ ပြောင်းလာပြီမို့
ဝတ္ထုစာအုပ်များ မပါပါက ထိုနေ့သည် ငူငူငိုင်ငိုင်နှင့်ပင် ပြီး
သွားတတ်ပြန်သည်။ မည်သည့် အရပ် ကပေါ်လာမည်မှန်းမသိသည့် ဖုန်းဆ က် မည့်သူကို
မျှော်နေရသည်က ပင်ပန်း လွန်းလှသည် မဟုတ်ပါလော။
PCO ဖုန်း ဆက်၍ ပိုက်ဆံအနည်းငယ်
ပိုတောင်းပါက ထိုဝန်ထမ်းအပေါ် စိတ်အနည်းငယ်တော့ ကွက်တတ်ကြသည်။ ထိုသို့
အပိုငွေယူသည့် အပေါ်တွင်လည်း အပြစ်မြင် တတ်ကြသည်။ ယင်းအတွက်လည်း PCO ဝန်ထမ်း
အချို့တိုင်တန်းခံရမှုများရှိပြီး အရေးယူ မှုများလည်း ရှိခဲ့သည်ဟု PCO ဌာနမှ
သိရသည်။ ထိုသူတို့ မည်သည့် အတွက် အပိုဝင်ငွေ အောက်ဆိုက် မျှော်ကြပါ သနည်း။
”လစာက တစ်လကို ငါးထောင်။ လူတစ်ယောက်တည်းတောင် ဘယ်လိုလောက်မှာလဲ”
ဝန်ထမ်းလစာ အခြေအနေကြောင့် သာ
အပိုရှာနေရခြင်း ဖြစ်သည် ဟု ကျောက်တံတားမြို့နယ်တွင်းက PCO ဝန်ထမ်း မစံပယ်က
ဆင်ခြေပေးသည်။ သို့သော် အခြေခံ လစာသည်ကား ထောင်ဂဏန်းမျှသာ
ရသည်ဆိုခြင်းကတော့ အမှန်။ အောက်ဆိုက်ရှာသည့် အခါတွင်လည်း လိုသလောက် မဟုတ်
ဘဲ အတိုင်းအတာ တစ်ခုနှင့် သာ ရှိသင့် ကြောင်း သူမက ချိန်ဆပြသည်။ မဟုတ်လျှင်
ထိုအလုပ်က အလျော်အစားနှင့်မို့ အိတ်စိုက်ဖြစ်မည်။ တစ်နေ့တာရ သမျှ
ငွေကိုတော့ နောက်တစ်ရက် မနက် တွင် မောင်ထော်လေးလမ်း ရုံးသို့သွားအပ်ရသည်ဟု
သိရသည်။
အချိန်များတစ်ရိပ်ရိပ် ကုန်လာသည်နှင့်
မစံပယ်အတွက်အတွေးပို လာလေဖြစ်သည်ဟု သူက ဆိုပါသည်။ လက်ရှိက ပြည်တွင်းမှ
ချထားပေးနေသည့် ဖုန်းအလုံးအရေအ တွက်နှင့် ခေါ်ဆိုခများက များနေသေးခြင်းမို့
PCO များ ရပ်တည်နိုင်သေးသော်လည်း ရှေ့လာ မည့် နှစ်အနည်းငယ် အတွင်း
ပြည်ပတယ်လီဖုန်း အော်ပရေတာများ ဝင်လာ ပါက ထင်သလောက်မလွယ်နိုင်တော့။
ဖုန်းကတ်များအလွယ် တကူရလာမည့်အပြင် ဖုန်းခေါ်ဆိုခများ လွန်စွာသက်သာသွားလျှင်
ယခုထက်ပင်အလုပ်ပါး သွားနိုင်ချေပြီ။ ယင်းအတွက်လည်း
လာမည့်အချိန်များကိုတွေးကာပူနေရပြီဟု မစံပယ်က ဆိုသည်။
ထိုစိတ်၏ တခြားဘက်တွင်တော့
ဘဝနှင့်တစ်သားတည်း ကျနေခဲ့ရသည့် ထိုအလုပ်မှ ချက်ချင်းပြောင်းနိုင်သည့်
ခွန်အားလည်း မရှိတော့ခြင်း ဖြစ်သည်။ PCO ဝန်ထမ်း ဘဝမှ ထွက်လိုက်သည်
နှင့်အလုပ်လက်မဲ့ဘဝသို့ရုတ်ချည်းပြောင်းလဲမည်ကိုလည်း တွေးကာပူနေရသည်
ဟုဆိုသည်။ သို့သော်အလုပ်အကိုင်အခြေ မဟန်တော့ မည့် ရက်ကိုလည်းကြိုမတွေး
ထား၍မရတော့။ သည့်အတွက် မစံပယ် ၏အဖြေကား ရှင်းသည်။
”လာမယ့်ဘေးပြေးတွေ့ရုံပေါ့”
PCO ဝန်ထမ်းတစ်ဦးလည်း ဖြစ်ပြီး
အပူအပင်ကင်းသည့် မဝါအဖို့တော့ ယခုအလုပ်ကိုပင် ဆက်လုပ်မည်ဖြစ်သော်လည်း
အသက်အရွယ်ကြောင့် ယခုအလုပ်မှ ထွက် လိုက်ပြီးလျှင်လည်း ”သီလရှင်”
သာသွားဝတ်တော့မည်ဟု ရယ်ကျဲကျဲဖြင့် ဆိုသည်။ ထို့အတွက် ယခုကတည်းကပင် လူပါး၊
အလုပ်ပါး လျှင်တရားစာရွတ် ဖတ်နေ သည်ဟု ပြော ပြသည်။ သူမအတွက်တော့
အလုပ်ပါးသည်နှင့် ကုသိုလ်ရချေပြီ ဖြစ်သည်။
PCO ဌာနအနေနှင့်တော့ သူတို့ ၏ ဏဃဥ
စခန်းများကို ဖျက်သိမ်းသွားမည်မဟုတ်ဘဲ ပြည်သူ့ဝန်ဆောင်မှု ဖြစ်သည့်အတွက်
နေမြဲအတိုင်းသာ ထားရှိသွားမည်ဟု ဆိုသည်။ ဝန်ထမ်းအင်အား
လျှော့ချခြင်းများလည်း ပြုလုပ် မည် မဟုတ်ကြောင်း ပြောကြားသည်။
လာမည့်နှစ်များအတွက် PCO ဖုန်းများ၏ ရပ်တည်မှုက မပြိုလဲနိုင်သော် လည်း PCO
ဝန်ထမ်းများ၏ ဘဝ ရပ်တည်မှုများကတော့ မသေချာလောက်တော့။ လစာငါးထောင်ကို
မမျှော်လင့်သော်လည်းတစ်နေ့တာအပိုဝင်ငွေ မျက်နှာဖြင့်လုပ် ကိုင် ခဲ့ကြသည့်
ဝန်ထမ်းများ အဖို့ အလင်းနည်းလာတော့မည်။
တစ်ရက်တစ်ရက် ဖုန်းဆိုင်ရှေ့မှ
ဖြတ်သွားသည့် လူ ၁ဝ ဦးခန့်တွင် အနည်းဆုံး လေးဦးခန့်တော့
မိုဘိုင်းဖုန်းကိုင်နိုင်နေသည့်အတွက် အများပြည်သူ ဖုန်းဘက် ခြေဦး မ
လှည့်ကြတော့ဟု မစံပယ်က သူ၏ စိတ်အတွင်း တွက်ထားသည့် ရာခိုင်နှုန်းအချိုးကို
ပြောပြသည်။ စာအုပ်တွင်းမှတ်ရသည့် ဖုန်းခေါ်ဆိုမှု အရေအတွက် တာလီဘား များ လည်း
အရင်လို ဗလာစာအုပ် တစ်မျက်နှာမပြည့်။ သည့်အတွက် ယခုအချိန်ရသမျှ
အောက်ဆိုက်များကိုသာ ပို၍ခြစ်ခြုတ်စုနေရပြီဖြစ်သည်ဟု ဆို သည်။ ထိုအမြတ်
များ သည် နောင်တစ် ချိန်အလုပ်ထွက်လိုက်မည့် သူမအတွက် အရင်းများသာ ဖြစ်သည်။
”အရင်းအနှီး မရှိရင် ဒီမှာက ဘာ မှလုပ်လို့မရဘူး။ ဒီအလုပ်ကထွက်ရင် စက်ချုပ်မယ်” ဟူ၍ဖြစ်သည်။
ရန်ကုန်မြို့ လမ်းမ၏တစ်ဖက်တစ်ချက်စီတွင်
ရောင်စုံထီးများဖြင့်လည်း ကောင်း၊ ကြော်ငြာ စတစ်ကာများကပ် ကာ
အရပ်ခေါ်စပွန်ဆာရုံများဖြင့် တဖုံ၊ အရောင်အသွေး အစုံစုံဖြင့် အများပြည်သူ
သုံးတယ်လီဖုန်းဟူ၍ မြင်တွေ့နိုင်သည်။အကယ်၍သင်သည်အကြောင်း
တစ်စုံတစ်ရာကြောင့် ဖုန်းငွေမဖြည့်နိုင် သေးပါကထိုနေရာသို့သွား၍ စိတ်ကြိုက်
ဆက်နိုင်သည်။ သို့မဟုတ် မိုဘိုင်းဖုန်း တစ်လုံးမဲပေါက်ရန်
ဆုတောင်းဆဲဆိုပါက သင်၏အိမ်အနီးအနားရှိ PCO ဖုန်းဆိုင် နှင့်
ရင်းနှီးအောင်လုပ်ယူပါ။ပြီးလျှင် ထို ဆက်သွယ်ရေး ဖုန်းနံပါတ်များကို
သင့်ထံဆက်သွယ်နိုင်မည့် ဖုန်းအဖြစ် ခေါ်
ဆိုခိုင်းနိုင်မည်ဖြစ်သည်။သို့သော်အရေး ကြီးသောအချက်မှာ တစ်မိနစ်ကျသင့်မည့်
‘၅ဝ’ အတွက်တော့ သင့်အနေဖြင့် စိတ်မကွက်ရန်လိုအပ်သည် မဟုတ်ပါလား။
သုတလင်း
Popular Myanmar
No comments:
Post a Comment