menu

Tuesday 19 November 2013

ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးခန်းအတွင်းသို့ဝင်၍ အုပ်ချုပ်ရေးမှူးကို ဓားဖြင့်ခုတ်

အောင်ဆန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးခန်းအတွင်း ညအချိန်ဓားမကိုင်၍ ၀င်လာသူ အမျိုးသားတစ်ဦးက အုပ်ချုပ်ရေးမှူးကို ဓားမဖြင့် ဆက်တိုက်ခုတ်သောကြောင့် ပြည်သူ့ဝန်ထမ်းအား နာကျင်အောင်ပြုလုပ်မှုဖြင့် အရေးယူလိုက်ကြောင်း သတင်းရရှိသည်။

အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက်အတွင်း နေထိုင်သည့် အငှားယာဉ်မောင်းတစ်ဦးက နိုဝင်ဘာ ၁၆ ရက် ည ၉ နာရီ မိနစ် ၃၀ တွင် ရပ်ကွက်အုပ်ချုပ်ရေးရုံးအတွင်း ဓားမကိုင်၍ ၀င်လာကာ အုပ်ချုပ်ရေးမှူးအား ဆက်တိုက်ခုတ်သောကြောင့် ဦးခေါင်းနှင့်လက်တို့တွင် ဒဏ်ရာများရကာ အင်းစိန်ဆေးရုံသို့ ပို့ဆောင်လိုက်ရကြောင်း ရန်ကုန်တိုင်းဒေသကြီး  ရဲတပ်ဖွဲ့မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။
““ငါးခုတ်တဲ့ဓားမနဲ့ ၀င်ခုတ်တဲ့အချိန်မှာ အုပ်ချုပ်ရေးမှူးက အမှုတစ်ခုလာတိုင်တဲ့ အမျိုးသမီးတစ်ယောက်နဲ့ စကားပြောနေချိန်ပဲ။ ခေါင်းဘယ်ဘက်အခြမ်းကို ဓားမနဲ့ တအားခုတ်လိုက်တာကို ညာလက်နဲ့မြှောက်ပြီးကာလိုက်လို့ ခေါင်းမပြတ်တာ၊ သူက ဆက်တိုက်ထပ်ခုတ်သေးတယ်”” ဟု အဆိုပါအမျိုးသမီးကပြောသည်။

အုပ်ချုပ်ရေးမှူးကို ငါးခုတ်ဓားမဖြင့် ခုတ်သူအား ပြစ်မှုဆိုင်ရာပုဒ်မ-၃၃၃ ဖြစ်သည့် ပြည်သူ့ဝန်ထမ်းအား တာဝန်ဝတ္တရားဆောင်ရွက်ခြင်းမှ ဟန့်တားရန် မိမိအလိုအလျောက် အပြင်းအထန်နာကျင်စေမှုဖြင့် အရေးယူကာ ဖမ်းဆီးစစ်ဆေးနေကြောင်း သတင်းရရှိသည်။

ပြစ်မှုကျူးလွန်မှုထင်ရှားပါက ဆယ်နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း သတင်းရရှိသည်။

7Day Daily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis