menu

Tuesday 19 November 2013

စစ်ကိုင်းတွင် သံဃာတစ်ပါးနှင့် လူသုံးဦး ဓားဖြင့်ခုတ်ခံရပြီး တစ်ဦးသေဆုံး


ကိုတိုးကြီး| အင်္ဂါနေ့၊ နိုဝင်ဘာလ ၁၉ ရက်၊ ၂၀၁၃ ခုနှစ်

စစ်ကိုင်းမြို့နယ်အတွင်း လူတစ်ဦးက သံဃာတစ်ပါးနှင့် လူသုံးဦးကို ဓားဖြင့်ခုတ်ခဲ့ပြီး၊ ကျူးလွန်သူကို လတ်တလော သံသယရှိထားသည်မှာ စိတ်ဒေနာသည် တစ်ဦးဖြစ်ကြောင်း စစ်ကိုင်းမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက နိုဝင်ဘာ ၁၈ တွင် ပြောကြားလိုက်သည်။

သေဆုံးသူ အမျိုးသားတစ်ဦးမှာ ရွာသစ်တိုက်နယ် အုပ်စုနှင့် ငါ့တရော်ကျေးရွာအကြားရှိ ကျေးလက် ဖွံ့ဖြိုးရေး လမ်းပေါ်တွင် နိုဝင်ဘာ ၁၇ ရက် နံနက်က လည်ပင်းနေရာတွင် ပြတ်ရှဓားဒဏ်ရာများနှင့် သေဆုံးခဲ့ခြင်းဖြစ်သည်။

သေဆုံးသူမှာ ငါ့တရော်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ခိုင် အသက်(၃၈)နှစ်ဆိုသူဖြစ်ပြီး ယာဘက် လည်ပင်းပြတ်ရှ ဒဏ်ရာ၊ ၀ဲဘက်မျက်လုံးအောက် ပြတ်ရှဒဏ်ရာများဖြင့် သေဆုံးလျက်ရှိသည်ကို စစ်ကိုင်းမြို့မရဲစခန်းမှ ရဲအုပ်ဌေးဝင်းနိုင်က မှုခင်းဆိုင်ရာမှတ်တမ်းများရယူထားသည်။

သေဆုံးသူ ကျေးရွာအုပ်ချုပ်ရေးမှူး၏ ဦးလေးတော်စပ်သူ ဦးနေ၀င်းမှ ပြစ်မှုကျူးလွန်သူဟု ယူဆရသူ တစ်ရွာတည်းနေ အသက်(၃၇)နှစ်ရှိသူအမျိုးသားကို အရေးယူပေးရန် ရဲစခန်းသို့ တိုင်တန်းခဲ့သည်။


ထို့နောက် ပြစ်မှုကျူးလွန်ခဲ့သူဟု ယူဆရသူသည် ဆိုသူသည် အရိုးအသွားတစ်တောင်ခန့်ရှိသည့် ဓား ရှည်တစ်လက်ကို ကိုင်ဆောင်လျက် အဆိုပါ ကျေးရွာရှိ ဇ၀နရာမ ကျောင်းတိုက်အတွင်းသို့ ၀င်ရောက် ကာ သက်တော် (၈၆)နှစ် ကျောင်းထိုင်ဘုန်းတော်ကြီး ဥူးဇ၀နကို ဓားဖြင့်ဆက်ခုတ်ခဲ့ရာ ဦးခေါင်းယာ ချိုစောင်း ပြတ်ရှဒဏ်ရာနှင့် ဒဏ်ရာပြင်းထန်စွာရရှိသွားပြီး ရွာသစ်ကြီး ပြည်သူ့ဆေးရုံတွင် အတွင်းလူနာ အဖြစ် ဆေးဝါးကုသမှုခံယူလျက်ရှိသည်။

ဘုန်းတော်ကြီးအား ဓားဖြင့်ဝင်ရောက်ခုတ်နေစဉ် အဆိုပါကျောင်းရှိ ကျောင်းကပ်္ပိယဖြစ်သူ ကိုမောင်နိုင် နှင့် ကိုလွင်တို့က ၀င်ရောက်ဟန့်တားခဲ့ရာ ကိုအောင်နိုင်ဦးမှ ဆက်လက်၍ ဓားဖြင့်ခုတ်ခဲ့သည့်အတွက် လက်ဖျံများတွင် ပြတ်ရှဒဏ်ရာများရရှိခဲ့ရာ ရွာသစ်ကြီး ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိနေ သည်။

ယမန်နှစ်က မုံရွာမြို့ အလုံစစ်ပင်ရပ်ကွက်တွင် စိတ်ဖောက်ပြန်သူ လူတစ်ဦးမှ နေအိမ်တစ်ခုအတွင်းသို့ ၀င်ရောက်ရိုက်နှက်ခဲ့သည့်အတွက် အဘွားအိုတစ်ဦးနှင့် ကလေးငယ်တစ်ဦး သေဆုံးခဲ့ရပြီး လွန်ခဲ့သည့် လအနည်းငယ်ခန့်ကလည်း အရာတော်မြို့နယ်တွင် စိတ်ဖောက်ပြန်သူ လူတစ်ဦးမှ ဓားဖြင့်ခုတ်သဖြင့် အဘွားအို တစ်ဦးသေဆုံးပြီး လူငယ်တစ်ဦးအပြင်းအထန် ဒဏ်ရာများရရှိခဲ့သည့် ဖြစ်စဉ်များပေါ်ပေါက်ခဲ့ဖူးသည်။

Mizzima News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis