menu

Tuesday 19 November 2013

တစ်ကမ္ဘာလုံးမှာ တစ်စီးသာ ကျန်တော့တဲ့ Tiger 131 တင့်ကားBrad Pitt ပါဝင် သရုပ်ဆောင်ထားတဲ့ Fury ရုပ်ရှင်ကားမှာမြင်ရမည်

ဒုတိယ ကမ္ဘာစစ် အတွင်းက နာမည်ကျော် Tiger 131 တင့်ကားဟာ အသုံးပြုနိုင်တဲ့ အနေအထားနဲ. တစ်ကမ္ဘာလုံးမှာ တစ်စီးသာ ကျန်တော့တာ ဖြစ်ပြီး အဆိုပါ တင့်ကားကို အင်္ဂလန်နိုင်ငံ Dorset မှာရှိတဲ့ တင့်ကား ပြတိုက်မှာ ထိန်းသိမ်း ပြသ ထားရှိပါတယ်။

အခုတော့ ဒီတစ်စီးတည်းသော တင့်ကားကို Brad Pitt ပါဝင် သရုပ်ဆောင်ထားတဲ့ Fury ရုပ်ရှင်ကားမှာ ထည့်သွင်း ရိုက်ကူးဖို. ငှားရမ်းလိုက်ပြီ ဖြစ်လို. ဒီတင့်ကားရဲ. လှုပ်ရှားမှု ပုံရိပ်တွေကို ကမ္ဘာတစ်လွှားက ရုပ်ရှင် ပရိသတ်များ မြင်တွေ.နိုင်တော့မှာ ဖြစ်ပါတယ်။

ဒုတိယ ကမ္ဘာစစ် ကာလကို အခြေခံထားတဲ့ ဒီဇာတ်ကားရဲ. ဇာတ်ဝင်ခန်းတွေကို အောက်စဖို.မြို.နားက ရွာလေးတစ်ရွာမှာ ရိုက်ကူးနေကြတာပါ။

ဂျာမန်တွေ ထုတ်လုပ်ခဲ့တဲ့ ဒီတင့်ကားဟာ နာဇီတွေ လက်ထဲက ထွက်လာသမျှထဲမှာ ကြောက်စရာ အကောင်းဆုံး စာရင်းထဲ ထိပ်ပိုင်းက ပါနေပြီး တစ်ဖက်တင့်ကားကို နှစ် ကီလိုမီတာ အကွာအဝေးကနေ တိုက်ရိုက်ပစ်ခတ် ဖျက်ဆီးနိုင်တဲ့ အစွမ်းရှိတယ်လို. တင့်ကားပြတိုက်ရဲ. အုပ်ချုပ်ရေးမှုးက ပြောပါတယ်။


ဒီတင့်ကားဟာ ထူးခြားပြောင်မြောက်တဲ့ စစ်ရေးဆိုင်ရာ အမွေအနှစ် တစ်ခု လို.လဲ သူက ပြောခဲ့ပါတယ်။ ရုပ်ရှင် ရိုက်ကွင်းမှာ ဒီတင့်ကားကို အသုံးပြုတဲ့အခါ ပြတိုက်က တင့်ကား ကျွမ်းကျင်တဲ့ ထိမ်းသိမ်းရေး သမားတွေ ကိုယ်တိုင် ကျပ်မတ် ကိုင်တွယ် အသုံးပြုသွားမှာ ဖြစ်တယ်လို. သိရပါတယ်။

ီDorset က Bovington တင့်ကား ပြတိုက်မှာ အလားတူ ပြသထားတဲ့ ရှားမင်း Sherman M4E8 တင့်ကားကိုလဲ ဒီ Brad Pitt ရုပ်ရှင်ကားမှာ ထည့်သွင်း အသုံးပြုဖို. ငှားရမ်းထားပါသေးတယ်။ ဒါ့ကြောင့် ၂၀၁၄ မှာ ရုံတင်ပြသမယ့် ဒီဇာတ်ကားမှာ ဒုတိယ ကမ္ဘာစစ်လက်ကျန် တင့်ကား အစစ် နှစ်စီးကို မြင်တွေ.ရမှာ ဖြစ်ပါတယ်။

http://www.bbc.co.uk/news/uk-england-24987676

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis