menu

Tuesday 19 November 2013

လာမယ့်ခရစ်စမတ်မှာရောင်းချတော့မယ့် မျက်နှာပြင်နှစ်ဖက်နဲ့ ရုရှားYota Phone

Photo: လာမယ့်ခရစ်စမတ်မှာရောင်းချတော့မယ့် မျက်နှာပြင်နှစ်ဖက်နဲ့ ရုရှားYota Phone

ပြီးခဲ့တဲ့ CES 2013တုန်းက စိတ်ဝင်စားဖို့ကောင်းတဲ့ရုရှားဖုန်း တစ်လုံးကိုမိတ်ဆက်ခဲ့ပါတယ်။ အဲဒိဖုန်းကို လာမယ့် ဒီဇင်ဘာလမှာ ရရှိနိုင်တော့မှာဖြစ်ပါတယ်။ ဒီဖုန်းအကြောင်းမပြောရင် ယနေ့ထွက်နေတဲ့စမတ်ဖုန်းများအကြောင်းကို ပြောဖို့လိုပါလိမ့်မယ်။ စမတ်ဖုန်းတွေက လူတွေကို စိတ်ညစ်စေတဲ့ အချက်တစ်ချက်ရှိပါတယ်။ အဲဒါကတော့ ဘက်ထရီကုန်သွားတဲ့အချက်ပါ။ ဘက်ထရီကုန်တဲ့ အကြောင်းတွေထဲမှာ Apps များနဲ့ ရုပ်ထွက် အလွန်ကောင်းတဲ့ မျက်နှာပြင် ရဲ့အလင်းအားကို ပံ့ပိုးပေးရလို့ပဲဖြစ်ပါတယ်။ဒီဖုန်းမှာတော့ မျက်နှာပြင်နှစ်ဖက်ပါဝင်ပါတယ်။ တစ်ဖက်ကတော့ပုံမှန် စမတ်ဖုန်းတွေမှာမြင်တွေ့နေရမယ့် Full Color LCD မျက်နှာပြင်ပဲဖြစ်ပြီး နောက်တစ်ဖက်ကတော့ Electronic Paper Display(EPD) မျက်နှာပြင်နဲ့ဖြစ်ပြီး Dual-Screen ဖြစ်ပါတယ်။

ဒီတော့မျက်နှာပြင်နှစ်ဖက်ပါဝင်ရတဲ့အကြောင်းကို ပြောဖို့လိုမယ်ထင်ပါတယ်။ ပုံမှန်အားဖြင့် ဒီနေ့ခေတ်စမတ်ဖုန်းတွေမှာဆိုရင် email အဝင်၊ message အဝင်၊ social media တွေရဲ့ update status တွေ လိုမျိုး information တွေကိုကြည့်ချင်တဲ့အခါ ဖုန်းကို ဖွင့်ပြီး Apps တွေဖွင့်က ကြည့်ရပါတယ်။ဒီဖုန်းကတော့အဲဒီလိုမဟုတ်ပါဘူး။ update ဖြစ်တဲ့ informationတွေအားလုံးကို တစ်ဖက် LCD မျက်နှာပြင်က ပိတ်ထားပေမယ့်လည်း တစ်ဖက်က အဖြူ အမည်း မျက်နှာပြင်နဲ့တွေ့ရမယ့် Electronic  Paper Display(EPD) မှာ တွေ့ရမှာဖြစ်ပါတယ်။ EPD ကအမြဲပွင့်နေမှာဖြစ်ပြီး ဘက်ထရီအကုန်လည်းသက်သာစေမှာပါ။

မျက်နှာပြင်နှစ်ဖက် က မတူခြားနားတဲ့ လုပ်ဆောင်ချက်တွေကိုယ်စီရှိကြမှာပါ။LCD မျက်နှာပြင်ကတော့ ဗီဒီယိုဖိုင်တွေကြည့်ဖို့၊ဂိမ်းဆော့ဖို့ နဲ့ အခြားသော ကာလာမျက်နှာပြင် နဲ့သုံးစွဲရမယ့် functionတွေအတွက် အသုံးပြုနိုင်ပြီး Electronic Paper Display မျက်နှာပြင်ကတော့ အချိန်အတော်ကြာ သုံးစွဲဖို့လိုအပ်တဲ့ ebooks စာအုပ်များဖတ်ရှုတာလိုမျိုးတွေအတွက်အသုံးပြုနိုင်ပါတယ်။ 

ဒီဖုန်းက အကြမ်းခံခံနဲ့သုံးစွဲနိုင်စေဖို့ ဖန်တီးထားတာလည်းဖြစ်ပါတယ်။ Corning’s 3D Gorilla Glass ကိုသုံးစွဲထားပြီး ပေါ့ပါးပါးလွှာကာတောက်ပြောင်နေပါတယ်။မျက်နှာပြင် အကျယ်ကတော့ ၄.၃ လက်မ ဖြစ်ပါတယ်။

OS ကတော့ Android 4.2.2 ကိုသုံးစွဲထားပြီး သုံးစွဲသူများအနေဖြင့် Google services တွေကို ရနိုင်မှာဖြစ်ပြီး apps များစွာကိုလည်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။

တကယ်တော့ Yota Devices ဟာ 2007 လောက်ကတည်းက modems များနဲ့ routers များကို ရောင်းချခဲ့ပြီး ယခုအခါမှာတော့ ပထမဦးဆုံးစမတ်ဖုန်းလောကထဲကိုဝင်ရောက်လာခဲ့ခြင်းဖြစ်ပါတယ်။အဖြူနဲ့ အနက် နှစ်ရောင် ရှိပြီးလာမယ့် ခရစ်စမတ်ကာလမှာ ခန့်မှန်းခြေ  £380 လောက်နဲ့စတင်ရောင်းချသွားမယ်လို့သိရပါတယ်။

=============================

Nyein Chan (TSJ Tech Team)

Tech Space Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis