menu

Sunday 8 September 2013

တာတမံ ရေ ပြွန်ဖောက်မှုဖြင့် ရွာသားအချင်းချင်းအငြင်းပွား

နန်းသီတာဝင်း၊ ရန်ကုန် ၊ စက်တင်ဘာ(၆)
ဒေးဒရဲ မြို့နယ် တိုးစံပြကျေးရွာနှင့်မင်္ဂ လာသိမ်ကျောင်းကို ဆက်သွယ် ထားသော တာတမံကိုရေပြွန်ပြု လုပ်ရန်အတွက် နှောင့်ယှက်သူ များအား တာတမံနှင့်ဆက်စပ် လျက်ရှိသည့် လယ်မြေပိုင်ရှင် ဦးမောင်ဟန်နှင့် ဒေါ်မြင့်မြင့်ရီ တို့က စက်တင်ဘာ ၁၂ရက်တွင် တရားစွဲဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါကျေးရွာမှ ရွာသူ ရွာသားများဘက်မှလည်း ရေပြွန် မဖောက်လုပ်ရန် အဆုံးထိတား ဆီးကန့်ကွက်သွားမည်ဖြစ်ကြောင်း စက်တင်ဘာ ၅ရက်က တိုးစံပြ ကျေးရွာတွင် ရွာသူရွာသားများ ဘက်မှပြုလုပ်သော 'မင်္ဂလာသိမ် ကျောင်း တာလမ်းအား မည်သည့် ချိုးဖောက်ခြင်းမှ မသင့်ကြောင်း' သတင်းစာ ရှင်းလင်းပွဲတွင် ရွာသူ ရွာသားများက ပြောသည်။
ဦးမောင်ဟန်က ''ကျွန်တော် ကတော့ ဒီပြွန်ပေါက်ကို မရရ အောင်ဖောက်မယ်။ ကျွန်တော့် ကို တားဆီးနှောင့်ယှက်တဲ့သူမှန် သမျှကို စက်တင်ဘာ ၁၂ ရက်မှာ တရားစွဲဆိုသွားမှာပါ''ဟု ပြော သည်။
ယင်းက ဆက်လက်၍''ကျွန် တော်တောင်းတာက ရေတံခါး မဟုတ်ဘူး။ ခြောက်လက်မ၊ တစ် ပေပြွန်ကိုပဲလုပ်မှာ။ အဲဒါကို လယ်မြေနဲ့ မသက်ဆိုင်တဲ့သူတွေ က လာကန့်ကွက်နေကြတယ်။ ဒါကြောင့် တားဆီးတဲ့သူတွေကို တရားစွဲသွားမယ်''ဟု ပြောသည်။
အဆိုပါတာတမံကို ရေပြွန် ဖောက်လုပ်ရန်အတွက် သက်ဆိုင် ရာ ဌာနများကလည်း ခွင့်ပြုခဲ့ ကြကြောင်း၊ ဒေးဒရဲမြို့နယ် ဆည် မြောင်းဦးစီးဌာနမှ ရေပြွန်ပြုလုပ် ရန် ခြောက်ကြိမ်တိုင်လာရောက် လေ့လာမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ရေတာတမံကိုဖွင့် ထားစဉ်ကာလက ရွာမှအိမ်များ သည် ပင်လယ်ရေအလုံးအရင်း နှင့် ဝင်ရောက်သည့်ဒဏ်ကိုခံခဲ့ရ ကြောင်း၊ ဒီရေတက်ချိန်ဖြစ်သည့် လဆန်း ၁ရက်၊ ၂ ရက်၊ ၃ ရက်၊ လပြည့်ကျော်၁ရက်၊ ၂ရက်၊ ၃ ရက်တို့တွင် အိမ်များ၌ငြမ်းစင် များ ပြုလုပ်ကာ အိပ်ရကြောင်း၊ အဆိုပါဒဏ်ကို နှစ်စဉ်ဝါဆို၊ ဝါ ခေါင်၊ တော်သလင်းနှင့်သီတင်း ကျွတ်လများတွင် ခံစားခဲ့ရကြောင်း၊ တာတမံကိုပိတ်လိုက်မှသာ ရွာ သူရွာသား၊ ကျောင်းသားများက သွားလာရေးနှင့် အလုပ်အကိုင်များ အဆင်ပြေသွားခဲ့ကြောင်း ရွာ သားတစ်ဦးဖြစ်သူ ဦးအုန်းလှက ဝင်ရောက်ရှင်းလင်းပြောပြခဲ့သည်။
တိုးစံပြကျေးရွာမှဦးကံစု က''ဒီအပေါက်ကို ဖွင့်လိုက်မယ် ဆိုရင် လယ်တွေပျက်စီးမယ်။ လူ နေအိမ် ၄၀၀ လောက် ရေမြုပ် မယ်။ ရွာမှာရှိတဲ့သောက်သုံးရေ ကန်တွေကိုလဲ ပင်လယ်ရေငန်တွေ ဝင်လာနိုင်တယ်။ ဒါကြောင့် ကျွန် တော်တို့ကတားတာ''ဟု ပြော သည်။
ဒေါ်မြင့်မြင့်ရီက အဆိုပါ လယ်တွင် စပါးကြဲကာ စိုက်ပျိုး သော်လည်း မရကြောင်း၊ ရေများ ရှိနေသည့်အတွက် စပါးရိတ်ချိန် နွေရာသီတွင်ပင် လှေဖြင့် စပါးရိတ် ခဲ့ရကြောင်း၊ ယခင်က စပါးတင်း ၃၀ဝထွက်ပြီး ယခု စပါးတင်း ၅၀ ပင် မထွက်သည့်အတွက် မစိုက် ဘဲပစ်ထားရခြင်းဖြစ်ကြောင်း၊ ပြွန်လုပ်မည်ဆိုသည်မှာလည်း မိုးရေကိုသာ စစ်ထုတ်မည်ဖြစ် ကြောင်း ရှင်းလင်းပြောပြခဲ့သည်။
တိုးစံပြကျေးရွာ၏ ရပ်မိရပ် ဖ ဦးစိုးစိုးက ''သူတို့က လူကြီးတွေ လာစစ်ရင် စိုက်မရဘူးဆိုတာပြ ဖို့အတွက် ဒီလယ်လေးဧကကို မနှစ်ကရော ဒီနှစ်ရော မစိုက်ဘဲ ပစ်ထားကြတယ်။ ဒီလယ်ကို ရောင်းပါဆိုတော့လဲ မရောင်းဘူး'' ဟု ပြောသည်။
အဆိုပါတိုးစံပြကျေးရွာ နှင့် မင်္ဂလာသိမ်ကျောင်းကို ဆက် သွယ်ထားသည့် အမြင့်ခြောက် ပေ၊ အကျယ်ပေ ၂ဝရှိသည့် တာ တမံကို ၁၉၈၁ ခုနှစ်တွင်ဆောက် လုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ တာတမံပြုလုပ်ရန်အတွက် လယ် သမားလေးဦးက ၎င်းတို့ပိုင်ဆိုင် သည့် လယ်မြေများထဲမှ လှူဒါန်း ခဲ့ခြင်းဖြစ်ကြောင်း ရွာသားများ ထံမှသိရသည်။
Yangon Media Group

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis