menu

Sunday 8 September 2013

အမျိုးသမီးငယ်၏ ဓါတ်ပုံများကို photoshop ဖြင့်ပြုပြင် ပြီးဂုဏ်သိက္ခာညှိုးနွမ်းအောင်ပြု လုပ်သူအားတရားစွဲတော့မည်


ပဲခူးတိုင်းဒေသကြီး ၊ပြည်မြို့။ဆံတော်ရပ်ကွက်၊လမ်းရှည်လမ်း
အိမ်အမှတ်(317)တွင်နေထိုင်သော(ဘ) ဦးညွန့်တင် (မိ)ဒေါ်သင်းသင်းခိုင်
၏သမီးဖြစ်သူမကေခိုင်ဝင်း(ခ) ကျင်ကျင်း၏အင်တာနက် fb ဓါတ်ပုံများကို
ယူပြီးသားနှင့်မယား မကြားဝံ့၊မနာသာသောစာသားများကိုရေးသားခြင်း
တစ်ကိုယ်လုံးပေါ်ပုံများကိုဖြတ် ၊ညှပ် ၊ကပ်ပြုလုပ်ထားခြင်း၊အမျိုးသမီးငယ်၏
မိခင်နှင့်အတူရိုက်ကူးထားသောဓါတ်ပုံကိုလည်းမဟုတ်မမှန်၊စာသားများ
ရေးသားထားခြင်း၊မောင်ဖြစ်သူနှင့်ရိုက်ထားသောပုံကိုလည်း မဟုတ်မမှန်စာသား
များရေးသားထားခြင်းနှင့် ၄င်းကိုင်ဆောင်သောဟမ်းဖုန်းနံပါတ်၊ အိမ်ဖုန်းနံပါတ်
များကိုအင်တာနက်စာမျက်နှာပေါ်တွင် life page ထောင်ကာဆက်သွယ်ရန်
ဟုဆိုပြီးကြော်ငြာထားခဲ့သည်။
ထိုသို့ပြုလုပ်ခြင်းကို ကာယံကာရှင်အမျိုးသမီးဖြစ်သူမှာ ဂုဏ်သိက္ခာ
ထိခိုက်နစ်နာရသည့်အတွက် ထိုအင်တာနက်စာမျက်နှာပေါ်တွင် life page
ထောင်ထားသူကိုနည်းပညာကျွမ်းကျင်သော ကွန်ပျူတာဆရာများ၏ အကူ
အညီဖြင့်(4.9..2013) ရက်နေ့မှစတင်ဖော်ထုတ်နေပြီဖြစ်ပါသည်
။ထိုသို့အင်တာနက်
စာမျက်နှာပေါ်တွင် ရေးသားထားသောဖုန်းနံပါတ် 053-26411 ကိုဆက်သွယ်
သူများကိုလည်း 09-5409468 သို့ဆက်သွယ်သူများကိုလည်း ပေါ်လာသော
ဖုန်းနံပါတ်ပေါ် မူတည်၍ တရားဥပဒေအတိုင်း တရားစွဲဆိုသွားမည်
ဖြစ်ကြောင်းကိုလည်း အသိပေးအပ်ပါသည်။
ထို့ကြောင့်၎င်း account တွင်သိကျွမ်းထားသူများအနေဖြင့် မိမိတို့၏
ရိုင်းစိုင်းသောစာအရေးအသားများကြောင့် တစ်ဖက်သူတို့၏ ဂုဏ်သိက္ခာ
ကျဆင်းအောင်မပြုလုပ်ကြပါရန်နှင့် စုံစမ်းဖော်ထုတ်သိရှိလိုပါက ၄င်းတို့ကို
တရားဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားပါမည်။သို့ပါသောကြောင့်
မောင်နှင့်နှမ၊ သားနှင့်အမိ၊ကိုယ်ချင်းစာစိတ်များထားကာ အမျိုးကောင်းသား
အမျိုးကောင်းသမီးများ၊ဂုဏ်သိက္ခာမညှိုးနွမ်းစေရန် ၀ိုင်းဝန်းကူညီစောင့်ရှောက်
ခြင်းဖြင့် မိမိတို့၏ လူနေမှု့အဆင့်အတန်းကို မြင့်သထက်မြင့်အောင် ဆောင်ရွက်စေ
ချင်ပါသည်။ထိုကဲ့သို့ မဟုတ်မမှန် လုပ်ကြံခြင်းခံရသည့် အမျိုးသမီးငယ်သည် မိမိ၏အမ ၊ မိမိ၏မောင်နှမ ဟုသဘောထားကာ ကာကွယ်စောင့်ရှောက်ပေးကြပါရန် မေတ္တာရပ်ခံအပ်
ပါသည်။

ပြည့်သဲမောင် (ပြည်)
သတင်းပေါင်းစုံ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis