menu

Sunday 8 September 2013

ဆီးရီးယား နိုင်ငံ တိုက်ခိုက် ခံရပါက ရုရှား ကူညီမည်ဟု သမ္မတ ပူတင်ပြောကြား

ဆီးရီးယား နိုင်ငံ တိုက်ခိုက်ခြင်း ခံရပါက ရုရှားနိုင်ငံ အနေဖြင့် ၎င်းနိုင်ငံအား အကူအညီများ ဆက်လက် ပေးအပ်သွားမည် ဖြစ်ကြောင်း ရုရှား သမ္မတ ဗလာဒီမာ ပူတင်က စက်တင်ဘာ ၆ ရက်တွင် ပြောကြားခဲ့ကြောင်း သိရသည်။

ရုရှား နိုင်ငံသည် ဆီးရီးယား နိုင်ငံသို့ လက်နက်များ ထောက်ပံ့ပေးလျက် ရှိပြီး နှစ်နိုင်ငံကြား စီးပွားရေး ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု များကို လုပ်ဆောင်လျက် ရှိသည့်အပြင် ၎င်းတို့ အနေဖြင့် ဆီးရီးယား ပြည်သူများအား လူသားချင်း စာနာ ထောက်ထားမှု အကူအညီများ တိုးမြှင့် ပေးအပ်ရန် ရည်ရွယ်ထားကြောင်း သမ္မတ ပူတင်က ထပ်လောင်း ပြောကြား ခဲ့သည်။

ထို့အပြင် ရုရှား နိုင်ငံသည် မြေထဲပင်လယ် အတွင်းသို့ ၎င်းတို့၏ ရေတပ်ဆိုင်ရာ စစ်သင်္ဘော များအား တိုးမြှင့် ချထားခဲ့ပြီး လိုအပ်ပါက ၎င်းစစ်သင်္ဘော များဖြင့် ဆီးရီးယား နိုင်ငံမှ ရုရှားနိုင်ငံ သားများအား ဘေးကင်းရာသို့ ပြောင်းရွှေ့ ပေးနိုင်ရန် ဖြစ်ကြောင်း ကရင်မလင် နန်းတော်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

http://www.myawady.net.mm/allnews/global/item/24707-2013-09-08-08-00-28

http://www.myawady.net.mm

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis