menu

Sunday 8 September 2013

မြန်မာစာစနစ် ပါဝင်သော LG စမတ်ဖုန်းသစ် ပြည်တွင်း၌ စတင်ရောင်းချ

ရန်ကုန်၊ စက်တင်ဘာ ၇

ကိုရီးယား နာမည်ကျော် နည်းပညာ ကုမ္ပဏီ LG က ထုတ်လုပ်ထားသော မြန်မာစာစနစ် ပါဝင်သည့် နည်းပညာမြင့် LG စမတ်ဖုန်းသစ် Optimus G Pro ကို စက်တင်ဘာလ ၆ ရက်နေ့မှ စတင်ကာ ပြည်တွင်း၌ ရောင်းချနေပြီ ဖြစ်ကြောင်း LG Electronics ကုမ္ပဏီထံမှ သိရသည်။

အဆိုပါ Optimus G Pro ကို ငွေကျပ် ၆၂၉,၀၀၀ နှင့် ရောင်းချသွားမည်ဖြစ်ပြီး LG အရောင်းပြခန်းများနှင့် လူကြီးမင်း၊ Technoland၊ Unique၊ Phone Corner၊ E-City၊ Best One၊ Mr.Fone၊ ICE၊ Hello Mobile၊ Do Co Mo၊ Touch Mobile အစရှိသော မိုဘိုင်းလ်ဖုန်း အရောင်းဆိုင်များတွင် ဝယ်ယူရရှိနိုင်မည်ဖြစ်ပြီး အာမခံတစ်နှစ် ပေးထားကြောင်း သိရှိရသည်။

အဆိုပါဖုန်းသည် ၂၀၁၃ ခုနှစ်၏ အကောင်းဆုံး 4G LTE ဆု ရရှိထားပြီး ယခုနှစ် နှစ်ဆန်းပိုင်းတွင် ကိုရီးယားနိုင်ငံတွင် စတင်မိတ်ဆက်ခဲ့ကာ မြန်မာနိုင်ငံတွင် အလုံးရေ ၅၀၀ ကျော် စတင်ရောင်းချ သွာမည်ဖြစ်ပြီး ရောင်းအားပေါ် မူတည်ကာ ထပ်မံတင်သွင်း ရောင်းချသွားမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီက သြဂုတ်လ အစောပိုင်းတွင် ကြေညာထားသည်။

LG ကုမ္ပဏီထုတ် ယခုဖုန်းသစ်တွင် ရှေ့ကင်မရာနှင့် နောက်ကင်မရာ တစ်ပြိုင်တည်း ဓာတ်ပုံရိုက်နိုင်သောစနစ် ပါဝင်လာပြီး Dual Recording Camera ဟုခေါ်သော အဆိုပါကင်မရာ နည်းပညာသစ်ကို လူငယ်များ စိတ်ဝင်စားနေကြကြောင်း စက်တင်ဘာလ ၆ ရက်နေ့က ကျင်းပခဲ့သော အဆိုပါဖုန်း မိတ်ဆက်ပွဲတွင် ဖုန်းဝယ်ယူခဲ့သူများက ပြောကြားကြသည်။

လက်ရှိအချိန်တွင် Samsung၊ LG၊ JAS၊ HTC နာမည်ကျော် မိုဘိုင်းလ်ဖုန်း ကုမ္ပဏီများက ပြည်တွင်းသို့ တင်သွင်းလာသော ဖုန်းများတွင် မြန်မာစာစနစ်များ ထည့်သွင်း ထုတ်လုပ်လာကြကြောင်း မိုဘိုင်းလ်ဖုန်း ဈေးကွက်အတွင်း စုံစမ်းသိရှိရသည်။

LG Electronics ကုမ္ပဏီ အနေဖြင့် လာမည့် အောက်တိုဘာလ အတွင်းတွင်လည်း ယင်းကုမ္ပဏီ၏ နောက်ဆုံးထုတ် LG G2 အမျိုးအစား စမတ်ဖုန်းများကို မြန်မာနိုင်ငံသို့ တင်သွင်း ရောင်းချသွားရန် စီစဉ်နေသည်ဟု သိရသည်။
The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis