menu

Sunday 8 September 2013

လူနာ၏ မျက်နှာတွင် နှုတ်ခမ်းမွေး တပ်၍ ဓာတ်ပုံရိုက်ယူကာ Facebook ပေါ် တင်ခဲ့သူ မေ့ဆေးဆရာဝန် တရားစွဲခံရ


အမေရိကန် ပြည်ထောင်စုမှ ဗာအိုနီကာဗဲလ်ဒက်ဇ် အမည်ရှိ အမျိုးသမီး တစ်ဦးသည် တောင်ပိုင်း ကာလီဖိုးနီးယား ပြည်နယ်ရှိ Torrance Memorial Medical Center မှ မေ့ဆေး ဆရာဝန်က ခွဲစိတ်မှု ပြုလုပ်စဉ် ခွင့်ပြုချက် မရှိဘဲ သူမ၏ မျက်နှာကို နှုတ်ခမ်းမွေးနှင့် မျက်ရည်ပုံစံ ပြုလုပ်ထားသော စတစ်ကာများ ကပ်၍ Facebook ပေါ် တင်ခဲ့သည့် မေ့ဆေးဆရာဝန် တစ်ဦးအား တရား စွဲဆိုခဲ့ကြောင်း အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။

ဗာအိုနီကာဗဲလ်ဒက်ဇ်သည် ၂ဝ၁၁ ခုနှစ် အောက်တိုဘာလက Torrance Memorial Medical Center တွင် လက်ချောင်းအား ခွဲစိတ်မှု ပြုလုပ်စဉ် မေ့ဆေးဆရာဝန် ပက်ထရစ်ခ်ယန်သည် သူမ၏ ဘယ်ဘက်မျက်လုံး အောက်တွင် မျက်ရည်ပုံစံ စတစ်ကာများနှင့် နှုတ်ခမ်းမွေးပုံစံ စတစ်ကာများကို တပ်ဆင်ကာ သူမအား လမ်းသရဲအဖွဲ့မှ အဖွဲ့ဝင် အမျိုးသားတစ်ဦး ပုံစံကဲ့သို့ ပြုလုပ်၍ သူနာပြု အကူများက ဖုန်းဖြင့် ဓာတ်ပုံရိုက်ယူခဲ့ခြင်း ဖြစ်ကြောင်း တရားရုံး အမှုဖွင့်ချက်ကို ကိုးကား၍ ABC 7 က ပြောကြားခဲ့သည်။


အဆိုပါ ဖြစ်ရပ်နှင့် စပ်လျဉ်း၍ ဆေးရုံ အာဏာပိုင်များက ခွဲစိတ်ကုသရာတွင် ပါဝင်သော ဒေါက်တာယန်နှင့် အခြားဝန်ထမ်းများအား တာဝန်မှ ခေတ္တ ဆိုင်းငံ့ထားကြောင်း သိရသည်။


http://www.myawady.net.mm/allnews/global/item/24724-2013-09-08-11-43-35

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis