ငွေရှိအာဏာရှိတဲ့ လူတစ်ဦး လူတစ်စုစီရဲ့ ကျန်းမာရေးကိုပဲ ဦးစားပေးပြီး အများလူထုရဲ့ ကျန်းမာရေးကို လျှစ်လျှူရှု ထားမယ်ဆိုရင် တိုင်းပြည်ရဲ့ ရေရှည် ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်လာမှာပါပဲ။ ဘယ်လောက် ချမ်းသာတဲ့ နိုင်ငံမှာပဲဖြစ်ဖြစ် ကျန်းမာရေး စနစ်ဟာ အများလူထုရဲ့ ကျန်းမာရေးကို ဦးစားမပေးဘူး ဆိုရင် တိုင်းပြည်ရဲ့ ဖွံ့ဖြိုးမှုကို ထိခိုက်နေခဲ့တာတွေ ကို တွေ့နေကြရပါတယ်။ ကျန်းမာရေး ကုန်ကျစရိတ် များလေလေ ဖွံ့ဖြိုးတိုးတက်မှု အတွက် ရင်းနှီးသုံးစွဲစရိတ်ရှိမှု နည်းလေလေပဲ ဖြစ်ပါတယ်။
အမေရိကန် ပြည်ထောင်စုကို ဥပမာ ကြည့်လို့ရပါတယ်။ ထိပ်တန်း ဆေးကုသမှုတွေပေးနေနိုင်တဲ့ နိုင်ငံ တစ်ခု ဖြစ်ပေမယ့် ၂ဝ၁၁ ခုနှစ်မှာ လူဦးရေ ၄၈.၆ သန်း(၁၅.၇ ရာခိုင် နှုန်း)ဟာ ကျန်းမာရေး အာမခံမှု မရှိပါဘူး။ ၂ဝ၁ဝ ခုနှစ်မှာ ကျန်းမာရေး ကုန်ကျစရိတ်ဟာ နိုင်ငံ GDP ရဲ့ ၁၇.၉ ရာခိုင်နှုန်း (US $ ၂.၆ Trillion) ဖြစ်ပါတယ်။ ဆေးရုံနဲ့ ဆရာဝန် စရိတ်ဟာ ကုန်ကျစရိတ်ရဲ့ ၅၁ ရာခိုင်နှုန်းဖြစ်ပါတယ်။ ကျန်းမာရေး စနစ်ကို တိုးတက်ပြောင်း လဲနိုင်အောင် ကြိုးစားနေကြတာ ကြာပြီဖြစ်ပေမယ့် အယူအဆ ကွာခြားမှုနဲ့ ရှေ့ဆက်လုပ်ဆောင်ဖို့ လမ်းကြောင်း မတူညီတာတွေကြောင့် လွှတ်တော် ကိုယ်စားလှယ်တွေ၊ အစိုးရအဖွဲ့ဝင်တွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေ၊ ကျန်းမာရေး လုပ်သားတွေ၊ ပြည်သူတွေဟာ ဆက်လက်စကား စစ်ထိုးပွဲတွေ ဆင်နွှဲနေရင်း ကျန်းမာရေး ကုန်ကျ မှုတွေ ပိုများလာတာကို ရင်ဆိုင်နေ ရပါတယ်။ အခုအတည်ပြုခံရပြီ ဖြစ်တဲ့ “အိုဘားမားကဲ” (Obama Care) ဥပဒေကြောင့် ဝင်ငွေနဲ့ မိသားစုရော အများလူထုပါ ကျန်းမာရေး အာမခံချက်တွေ ပိုရလာကြမယ် လို့ မျှော်လင့်ရပါတယ်။
လုပ်သားထု ကျန်းမာရေး မကောင်းရင် ကုန်ထုတ်လုပ်မှု ကျဆင်းလာပြီး လုပ်ငန်းရှင်တွေ ဝင်ငွေနည်းလာ၊ တိုင်းပြည်ဝင်ငွေ နည်းလာပြီး တိုင်းပြည် တိုးတက်ဖွံ့ဖြိုးမှုကို ထိခိုက်နိုင်ပါတယ်။ ဆရာ၊ ဆရာမ တွေ ကျန်းမာရေး မကောင်းရင် ပညာရေး တိုးတက်မှုတွေ ထိခိုက်နိုင်ပါတယ်။ ရဲနဲ့ တပ်မတော်သားတွေ ကျန်းမာရေး မကောင်းရင် တိုင်းပြည် ကာကွယ်ရေး ထိခိုက်နိုင်ပါတယ်။ဒါတွေကို
နေမကောင်းတဲ့ လူနာ တစ်ယောက် ဆေးရုံ၊ ဆေးခန်းမှာ တစ်နာရီကျော် စောင့်ပြီးမှ ဆရာဝန်က ၂ မိနစ် မပြည့်အောင် ကြည့်ပေးတာကို ကျေးဇူးတင်နေရတဲ့ ဘဝ ၊ ပြည်သူ့ဆေးရုံ၊ ဆေးခန်းတွေမှာ လူတကာရဲ့ ဟိန်းဟောက်မှုတွေကို သည်းငြီးခံပြီး နေမကောင်းတဲ့ လူနာကို ကြည့်ပေးဖို့မျက်နှာချို သွေးနေရတဲ့ မိသားစုရဲ့ ဘဝ၊ ဆေးရုံတွေမှာ ဆေးမရှိ လို့ ဆေးဆိုင်တွေမှာ ဈေးကြီးပေးပြီး ဆေးရှာဝယ် နေရတဲ့ လူနာရှင်တွေရဲ့ဘဝတွေ ဟာ ဖွံ့ဖြိုးဆဲ နိုင်ငံအများစုက လူအများစု ကြုံတွေ့နေရတဲ့ ဘဝတွေပဲ ဖြစ်ပါတယ်။
တစ်ချိန်ထဲမှာပဲ ဖွံ့ဖြိုးဆဲ နိုင်ငံအများစုက ငွေရှိ အာဏာရှိသူတွေနဲ့ သူတို့ရဲ့မိသားစုတွေ ကတော့ ခေတ်မှီ ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းတွေမှာ သာမကပဲ တိုင်းပြည်ပြင် ပက ဈေးကြီးပေးရတဲ့ ဆေးရုံ၊ ဆေးခန်းတွေမှာပါ ကျန်းမာရေး ကုသမှုကို ခံယူလေ့ရှိကြပါတယ်။ ငွေ၊ အာဏာရှိသူတွေ ပုဂ္ဂလိက ဆေးရုံ၊ ဆေး ခန်းတွေ၊ နိုင်ငံခြား တွေမှာ သွားပြီး ဆေးကုကျ လေလေ ပြည် သူ့ဆေးရုံ၊ ဆေးခန်းတွေကို အစိုးရ က ပံ့ပိုးမှု ကျဆင်းလာ လေလေပဲ ဖြစ်ပါတယ်။
ကျန်းမာရေးကောင်းဖို့ ဆိုရင် ရောဂါကုသမှု တစ်ခုတည်းကို အဓိက ထားလို့ မရပါဘူး။ ရောဂါဖြစ်၊ ရောဂါ ပိုဆိုးလာမှ ဆေးရုံ၊ ဆေးခန်းသွားရင် ငွေ ပိုကုန်တာ သာမက အချိန်ကုန် လူပန်းပြီး ထိရောက်မှု နည်းတာတွေ ကိုလည်း တွေ့ရတတ်ပါတယ်။ ရောဂါဝေဒနာ ဖြစ်မလာအောင် ကြိုတင်ကာ ကွယ်တားဆီးရေး၊ ထိရောက်စွာ ကုသရေး၊ ဆက်လက်ပြုစုစောင့် ရှောက်ရေးနဲ့ ကျန်းမာရေးမြှင့်တင် ရေးအစရှိတဲ့ ကဏ္ဍအားလုံးကို မှန်ကန်ထိရောက်စွာနဲ့ တိုးတက် လာအောင် ဝိုင်းဝန်းလုပ်ကိုင်ကြရပါ တယ်။ ဒီကဏ္ဍတိုင်းဟာ လူတစ်ဦး လူတစ်စုအတွက် ရောလူထုအတွက် ပါ အရေးကြီးပါတယ်။
ရောဂါကာကွယ်တားဆီးရေး ကို ထိရောက်စွာဦးစားမပေးခဲ့ရင် ရောဂါဖြစ်မှုများလာတာနဲ့အမျှ
ရောဂါကို ထိရောက်စွာ ကုသမှု ဟာလည်း ရောဂါပျောက်ကင်းအောင်၊ ဆက်လက် မဆိုးရွားစေအောင် သာမကပဲ တချို့ရောဂါတွေ ဆက်လက် မပြန့်ပွားအောင်ပါ လုပ်ဆောင် နိုင်ပါတယ်။ အဆုတ်တီဘီရောဂါ ကို ဥပမာပေးပါရစေ။ တိကျပြည့်စုံစွာ ကုသမှုကို ရရှိထားတဲ့ တီဘီရောဂါ ရှင်ဟာ မိမိရဲ့ရောဂါ သက်သာ ပျောက်ကင်းတာ သာမကပဲ တခြားသူတွေကို မိမိထံမှရောဂါ ကူးစက်စေနိုင်မှုကို တားဆီးကာ ကွယ်နိုင်ပါတယ်။
တချို့ရောဂါ ကျန်းမာရေးချို့ ယွင်းမှုတွေဟာ ထိရောက်စွာ ဆက်လက်ပြုစုစောင့်ရှောက်မှုေ
ကျန်းမာရေးမြှင့်တင်မှု ကတော့ လူတိုင်း ကိုယ့်ကျန်းမာရေးကိုကိုယ် ပိုမိုကောင်းမွန်လာအောင် ထိန်းချုပ် လုပ်ကိုင်နိုင်ခွင့် ရရှိလာရေးဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ပတ်သက်ပြီး လူတစ်ဦးချင်း စီသာမကပဲ လူထုနဲ့ ပတ်ဝန်းကျင်တိုးတက်ကောင်းမွ
တိုင်းပြည် တစ်ခုရဲ့ လူထု ကျန်းမာရေးကို အစိုးရက အဓိက တာဝန်ယူကြရပါတယ်။ ကျန်းမာရေး လုပ်သားများ ရဲ့ ကျင့်ဝတ် မှန်ကန်စွာနဲ့ ကုသစောင့်ရှောက်မှု၊ ပညာ အတွေ့အကြုံပြည့်စုံမှု၊ စေတနာနဲ့ နွေးထွေးစွာ ပြုစုမှုတွေ ဟာ ပြည်သူတွေရဲ့ မှန်ကန်တဲ့ ရပိုင်ခွင့်တွေပဲ ဖြစ်ပါတယ်။ ကျန်းမာရေး လုပ်သားများမှာလည်း လိုအပ်တဲ့ ဆေးဝါးနဲ့ပစ္စည်း ပံ့ပိုးပြည့်စုံမှု၊ ထိုက်တန်တဲ့ ဝင်ငွေနဲ့ ရပိုင်ခွင့်ရှိမှု၊ ပညာ အတွေ့အကြုံ ဆက်လက် သင်ယူပိုင်ခွင့်ရှိမှုတွေ ရှိရပါတယ်။ အာဖရိကန် နိုင်ငံ တချို့မှာ ဆိုရင် ရပ်ရွာဒေသ အသီးသီးမှာ အရည်အချင်း ပြည့်ဝစွာနဲ့ လူထု ကျန်းမာရေးကို ထိရောက်စွာ ထမ်းဆောင်ကြမယ့် ဆရာဝန် အပါအဝင် ကျန်းမာရေး လုပ်သားကောင်း များစွာ မွေးထုတ်ရုံ သာမကပဲ ပြည်တွင်းမှာ ဆက်လက် တာဝန် ထမ်းဆောင်ဖို့ အခြေအနေတွေ ပံ့ပိုး တည်ဆောက်ပေးနေတဲ့ စီမံကိန်းတွေကို အကောင် အထည်ဖော်နေ ကြပါပြီ။ ဒီစီမံကိန်းတွေဟာ ပြည်သူတွေရဲ့ လိုအပ်ချက် တင်ပြမှုတွေ နဲ့ အရေးပေါ် လိုအပ်ချက်တွေပေါ် မူတည်ပြီး အစိုးရနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ ရဲ့တာဝန်ယူ လုပ်ဆောင်မှုတွေကြောင့် ဖြစ်ပါတယ်။
တိုင်းပြည် ကျန်းမာရေးအတွက် အစိုးရနဲ့ ကျန်းမာရေးလုပ်သားများ တာဝန်ကြွေပန်ဖို့လိုသလို အများပြည်သူတိုင်း မှာလည်း ကိုယ့်တာဝန်ကိုယ် ကြေပြွန်ကြဖို့ လိုပါတယ်။ ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်း ပိုင်ရှင်များရဲ့ ကျင့်ဝတ် ထိန်းသိမ်းမှုနဲ့ မှန်ကန် သင့်တော်တဲ့ ဈေးနှုန်းသတ်မှတ်မှု၊ ဆေးဝါးနဲ့ ဆေးပစ္စည်း ကုမ္ပဏီပိုင်ရှင်တွေနဲ့ ကိုယ်စားလှယ် အေးဂျင့်တွေရဲ့ ကျင့်ဝတ်မှန်ကန်မှု၊ စာနယ်ဇင်းနဲ့ မီဒီယာတွေရဲ့ မှန်ကန်ပြီး အပြုသဘော ဆန်တဲ့ ဝေဖန်တင်ပြမှု၊ ဥပဒေ ပညာရှင်တွေနဲ့ တရားသူကြီးတွေရဲ့ မျှတပြတ်သားစွာ အကြံပေးဆုံးဖြတ်မှု၊ ရှေ့နေတွေ ရဲ့ ကျင့်ဝတ် မှန်ကန်စွာနဲ့ တင်ပြလျှောက်လဲမှု၊ အပြည်ပြည်ဆိုင်ရာ ကျန်းမာရေး အဖွဲ့အစည်းတွေနဲ့ နိုင်ငံခြား ပညာရှင်တွေရဲ့ စေတနာမှန်ကန်စွာနဲ့ တာဝန်ထမ်းဆောင်မှု၊ ပြည်သူ တွေရဲ့ ကိုယ်တိုင်ကြိုးစားပါဝင်မှု အပြင် ကိုယ်နဲ့ ကိုယ့်မိသားစု ရပ်ရွာ ရဲ့ ကျန်းမာရေး လိုအပ်ချက်တွေကို သက်ဆိုင်သူတွေကို အပြုသဘောနဲ့ တုံ့ပြန် အကြံပေးမှုတွေဟာ မရှိမဖြစ်တဲ့ တာဝန်တွေပါပဲ။
ဒါတွေဟာ ကျွန်တော်နိုင်ငံ တချို့မှာ ပြီးခဲ့တဲ့အနှစ် ၂ဝ ကျော် အတွင်း ကြုံတွေ့ခဲ့ရတာတွေကို ပြန် လည်ဖလှယ်မိတာပါ။ တချို့ အခြေ အနေတွေက မြန်မာပြည်က လက်ရှိ အခြေအနေတွေနဲ့ တူကောင်းတူနိုင် ပေမယ့် မြန်မာပြည်မှာ ဘာလုပ် သင့်တယ် ဘာဖြစ်သင့်တယ်ဆိုပြီး ဆရာလုပ်နေတာမဟုတ်ပါဘူးဆို တာကို လေးစားစွာမေတ္တာရပ်ခံပါ ရစေ။
တိုင်းပြည်ကနေ အခြေအနေ အကြောင်းကြောင်းကြောင့်ထွက်
နိုင်ငံတိုင်းမှာ လူထုကျန်းမာရေး တိုးတက်ကောင်းမွန်လာအောင် လုပ် ဆောင်နေချိန်မှာ အခက်အခဲပေါင်း မြောက်များစွာကို ရင်ဆိုင်နေရ သလိုမြန်မာပြည်ဟာလည်း အခက်အခဲ များစွာကို ကျော်ဖြတ်ရမှာပါပဲ။ ဒါပေမယ့် တိုင်းသူပြည်သားတွေရဲ့ စိတ်ဓာတ်၊ သတ္တိ၊ အရည်အချင်းနဲ့ ညီညွတ်စွာ လုပ်ကိုင် ချက်တွေကြောင့် ပြည်နယ်တိုင်းဒေသ အားလုံးမှာ လူထု ကျန်းမာရေးမျှတစွာ တိုးတက် လာမယ်နေ့တွေဟာ သိပ်မဝေးတော့ ဘူးလို့ မျှော်လင့် ယုံကြည် မိပါတယ်။
ဒေါက်တာမြတ်ထူးရာဇတ်
Myanmar Independent News journal
No comments:
Post a Comment