menu

Saturday 5 January 2013

၂၀၁၁ ခုနှစ်အတွက် ရွေးချယ်ပေးအပ်ခဲ့သည့် အကယ်ဒမီဆုအချို့နှင့် ပတ်သက်၍ ပရိသတ်များနှင့် အင်တာနက်စာမျက်နှာများထက်တွင် ဝေဖန်မှုများ ထွက်ပေါ်




ha-2-1-9
၂၀၁၁ ခုနှစ်အတွက် ရွေးချယ်ပေးအပ်ခဲ့သည့် အကယ်ဒမီဆုများနှင့် ပတ်သက်၍ အကယ်ဒမီပွဲကျင်းပအပြီးတွင် ပရိသတ်များနှင့် အင်တာနက်စာမျက်နှာများထက်တွင် ဝေဖန်မှုများ ထွက်ပေါ်လျက်ရှိသည်ဟု သိရှိရသည်။ ယခုနှစ်တွင် ထူးချွန်ဆုရှစ်ဆုဖြင့် ဆုအများဆုံးရယူသွားခဲ့သော “ထာဝရ အလင်းတန်းများ” ဇာတ်ကားသည် တရုတ်ရုပ်ရှင်ဇာတ်ကား “The Road Home” ၏ ဇာတ်လမ်းကျောရိုးနှင့် ဆင်တူနေသည်ဟူသော ဝေဖန်ချက်၊ အမျိုးသားသရုပ်ဆောင်ဆု ရရှိသွားခဲ့သူမှာ ပရိသတ်သိရှိမှု နည်းပါးနေသေးသည့် မျက်နှာသစ်သရုပ်ဆောင်တစ်ဦး ဖြစ်သည်ဟူသော ဝေဖန်ချက်၊ အမျိုးသမီးဇာတ်ဆောင်ဆု ရရှိသူ၏ ကျေးဇူးတင်စကားအပေါ် ဝေဖန်ချက်များမှာ အကယ်ဒမီဆုပေးပွဲ ချီးမြှင့်ပြီးချိန်မှစ၍ ပရိသတ်များကြားနှင့် အင်တာနက်စာမျက်နှာများထက်တွင် ကျယ်ကျယ်ပြန့်ပြန့် ပျံ့လွင့်လာခဲ့ခြင်း ဖြစ်သည်။

အကယ်ဒမီဆုပေးပွဲကို စောင့်ကြည့်အားပေးသူ ပရိသတ်တစ်ဦးက “ဒီနှစ်ရသွားတဲ့ဆုတွေကတော့ တော်တော်လေးကို အံ့သြစရာကောင်းတယ်လို့ ဆိုရမှာပါ။ ဆုတွေအများကြီး ရသွားတဲ့ကားကလည်း တကယ်တမ်းကျတော့ ဟိုအရင်ကတည်းကရှိနေခဲ့ဖူးတဲ့ ဇာတ်လမ်းပုံစံပါပဲ။ ဆရာက အနစ်နာခံတဲ့ ဇာတ်လမ်းပုံစံမျိုးဆိုတာ ဘယ်သူပြိုင်လို့လှပါတော့နိုင် ဇာတ်ကားကတည်းက ရိုက်လာလိုက်တာ အခုချိန်ထိကို ထပ်တလဲလဲကြည့်ပြီးနေတဲ့ ပုံစံပါပဲ။ ပိုဆိုးတာက အဲဒီကားရဲ့ ကျောရိုးက တရုတ်နာမည်ကြီး ရုပ်ရှင်ဇာတ်ကားတစ်ကားနဲ့ တူနေတယ်ဆိုတာကြောင့် ပိုပြီးစိတ်မကောင်းဖြစ်ရပါတယ်။ တကယ်တမ်းကျတော့ ဒီနှစ်အကယ်ဒမီပွဲက အားလုံးက သေချာမျှော်လင့်ထားတယ်လို့ ပြောလို့ရပါတယ်။ အဆင့်ဆင့် အကဲဖြတ်စေတယ်တို့ အနုပညာရှင်တွေထဲမှာ အကဲဖြတ်အဖွဲ့ဝင်တွေ ပါတယ်တို့ဆိုတာတွေကြောင့် ပိုပြီးစိတ်ဝင်စားရသလို ရန်ကုန်မှာ ပြန်လည်ကျင်းပခွင့်ပြုခဲ့တာကြောင့် ပရိသတ်ပေးတဲ့ဆုနဲ့ တကယ်ချီးမြှင့်တဲ့ဆုတွေ တစ်ထပ်တည်းကျမယ်လို့ ထင်မြင်ယူဆခဲ့ပါတယ်။ အခုတော့ အဲဒီလိုမဟုတ်ဘဲ အမျိုးသားသရုပ်ဆောင်ဆုရတဲ့သူဆိုရင် တချို့ကြားတောင်မကြားဖူးပါဘူး။ ပထမဆုံးဇာတ်ကားနဲ့ အကယ်ဒမီရတယ်ဆိုတဲ့ အစဉ်အလာလည်း ရှိခဲ့ဖူးတယ်ဆိုပေမယ့် ဆုကြေညာအပြီး ဆုရတဲ့ပြကွက်တွေ ပြသစဉ်ကြည့်ဖြစ်တာကတော့ တအားထူးခြားတဲ့ သရုပ်ဆောင်မှုတွေ မတွေ့ရပါဘူး။ ဒီနှစ်ပေးတဲ့ဆုတွေအပေါ် အဲဒီလိုဘ၀င်မကျမှု ခံစားချက်တွေနဲ့ပဲ ပြီးသွားခဲ့တာပါ။ အများစုလည်း အဲဒီလိုပဲခံစားရမယ် ထင်ပါတယ်။ ကိုမော့စ်ရတာကိုတော့ ၀မ်းသာကြပါတယ်” ဟု အကယ်ဒမီဆုများနှင့် ပတ်သက်၍ ဝေဖန်သုံးသပ်ခဲ့ပါသည်။

ရုပ်ရှင်အစည်းအရုံးအနေနဲ့က ဆပ်ကော်မတီတွေမှာ လေ့လာသူအနေနဲ့ပဲ ပါဝင်ခွင့်ရခဲ့တာပါ။ အကဲဖြတ်အဆင့်ဆင့်မှာ အနုပညာရှင်တွေ ပါဝင်ခွင်ရခဲ့တယ်ဆိုတာကလည်း ရာနှုန်းပြည့်ပါဝင်ခွင့်ရတာမဟုတ်ဘဲ အတိုင်းအတာတစ်ခုအနေနဲ့ပဲ ပါဝင်ခဲ့တာပါ။ အခုဆုရသွားတဲ့ ထာဝရအလင်းတန်းများ ဇာတ်ကားက တရုတ်ဇာတ်ကားနဲ့ ဆင်နေတယ်လို့ ဝေဖန်ချက်တွေ ထွက်ပေါ်နေတယ်။ အဲဒီတရုတ်ဇာတ်ကားကို ကျွန်တော်မကြည့်ဖူးပါဘူး . . .
မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ရာတွင် အကယ်ဒမီဆုရှစ်ဆု ရရှိသွားခဲ့သည့် ရုပ်ရှင်ဇာတ်ကားမှာ နိုင်ငံခြားဇာတ်ကား၏ ဇာတ်လမ်းကျောရိုးနှင့် ဆင်တူနေမှုအပေါ် ဝေဖန်မှုများ ထွက်ပေါ်လာပြီးနောက် အကယ်ဒမီ စိစစ်အကဲဖြတ်မှု စည်းမျဉ်းတွင် ယင်းကဲ့သို့ နိုင်ငံခြားဇာတ်ကားများအပေါ် မှီငြမ်းရိုက်ကူးမှုနှင့် ပတ်သက်၍ စည်းမျဉ်းသတ်မှတ်ထားမှုများ ရှိမရှိအား အကယ်ဒမီနောက်ဆုံးအဆင့် အကဲဖြတ်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဒါရိုက်တာ ကြည်စိုးထွန်းကို မေးမြန်းခဲ့ရာ “အကယ်ဒမီစည်းမျဉ်းမှာတော့ တိုက်ရိုက်ကူးပြီး ပြန်ရိုက်မယ်ဆိုရင်တော့ မပေးပါဘူး။ ဇာတ်လမ်းကျောရိုးဆင်တာမျိုးကိုတော့ အစဉ်အလာတစ်လျှောက် ပေးခဲ့တဲ့ထုံးစံ ရှိပါတယ်။ အခုလည်းဒီကားက တရုတ်ဇာတ်ကားနဲ့ နည်းနည်းဆင်နေတယ်လို့ သိရပါတယ်။ ဆုရရှိသွားတဲ့ သူတွေနဲ့ပတ်သက်လို့ကတော့ သိပ်အများကြီးမပြောချင်ပါဘူး” ဟု ပြန်လည်ဖြေကြားခဲ့ပါသည်။
ယခုနှစ်ပြုလုပ်ခဲ့သည့် အကယ်ဒမီထူးချွန်ဆုပေးပွဲတွင် ပထမဆုံးအကြိမ်အဖြစ် ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့ရုပ်ရှင်လုပ်ငန်းနှင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးတို့ ပူးတွဲကျင်းပခဲ့ခြင်း ဖြစ်သည်။ ယင်းအတွက် အကယ်ဒမီဆုချီးမြှင့်ပွဲအပြီးတွင် အင်တာနက်စာမျက်နှာများထက်၌ ရုပ်ရှင်အစည်းအရုံးနှင့်ပတ်သက်၍ လည်းဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။ “ပထမဆုံးပြောချင်တာက အများစုထင်နေကြသလို အခုနှစ်အကယ်ဒမီပေးပွဲက ရုပ်ရှင်အစည်းအရုံးက ရွေးချယ်ပေးအပ်တာ မဟုတ်ပါဘူး။ ပြန်ကြားရေးဝန်ကြီးဌာနကပဲ စီစဉ်ပေးအပ်ခဲ့တာပါ။ ရုပ်ရှင်အစည်းအရုံးအနေနဲ့က ဆပ်ကော်မတီတွေမှာ လေ့လာသူအနေနဲ့ပဲ ပါဝင်ခွင့်ရခဲ့တာပါ။ အကဲဖြတ်အဆင့်ဆင့်မှာ အနုပညာရှင်တွေ ပါဝင်ခွင့်ရခဲ့တယ်ဆိုတာကလည်း ရာနှုန်းပြည့်ပါဝင်ခွင့်ရတာ မဟုတ်ဘဲ အတိုင်းအတာတစ်ခုအနေနဲ့ပဲ ပါဝင်ခဲ့တာပါ။ အခုဆုရသွားတဲ့ ထာဝရအလင်းတန်းများဇာတ်ကားက တရုတ်ဇာတ်ကားနဲ့ဆင်နေတယ်လို့ ဝေဖန်ချက်တွေ ထွက်ပေါ်နေတယ်။ အဲဒီတရုတ်ဇာတ်ကားကို ကျွန်တော်မကြည့်ဖူးပါဘူး။ နောက်တစ်ခုက မှီငြမ်းထားတဲ့ဇာတ်ကားတွေကို အကယ်ဒမီပေးတဲ့အစဉ်အလာကလည်း ရှိခဲ့ပြီးသားပါ။ ဒီအပေါ်မှာ ဝေဖန်ချက်မပေးလိုပါဘူး။ အမျိုးသားသရုပ်ဆောင်သစ်လေး ဆုရသွားတာနဲ့ ပတ်သက်လို့ကတော့ ပထမဆုံးတစ်ကားနဲ့တင် အကယ်ဒမီရခဲ့ဖူးတာ များစွာရှိပါတယ်။ ရုပ်ရှင်အစည်းအရုံးအနေနဲ့ကတော့ အကဲဖြတ်အဖွဲ့မှာ ပါဝင်ခွင့်ရတဲ့ အနုပညာရှင်တွေကို သူတို့အကဲဖြတ်ခဲ့တာနဲ့ ဆုရသွားတဲ့ရလဒ်တွေက ဘယ်လောက်ရာခိုင်နှုန်းအထိ ကိုက်ညီမှုရှိလဲဆိုတာ ပြန်လည်သုံးသပ်ဖို့ ရှိပါတယ်။ ၆၀ ရာခိုင်နှုန်း ကိုက်ညီမယ်ဆိုရင်တော့ လက်ခံရမှာပါပဲ” ဟု မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ရှင်းပြခဲ့ပါသည်။
“ထာဝရအလင်းတန်းများ” ဇာတ်ကားအား ရိုက်ကူးသူဒါရိုက်တာ ထွန်းအောင်ဇော်အား မေးမြန်းခဲ့ရာ “ဒီဇာတ်ကားက ရုပ်ပြမိုးကြိုးရဲ့ဇာတ်လမ်းကို ရိုက်ကူးခဲ့တာပါ။ ရုပ်ပြမိုးကြိုးက လွန်ခဲ့တဲ့ ၁၅ နှစ်ကတည်းက ရေးဆွဲခဲ့တဲ့ ဇာတ်လမ်းပါ။ အဲဒီတုန်းက ဒီတရုတ်ဇာတ်ကား မထွက်သေးဘူးထင်ပါတယ်။ အခုကျွန်တော်ရုပ်ရှင်ဇာတ်ကားအဖြစ် ဖန်တီးရာမှာတော့ တရုတ်ရုပ်ရှင်ဇာတ်ကားထဲမှာပါတဲ့ ကျောင်းဆရာလေးက ကျေးတောသူကို ကလစ်လက်ဆောင်ပေးတဲ့အခန်းလေးကိုတော့ သဘောကျတာနဲ့ ယူသုံးထားပါတယ်။ ကျန်တဲ့ဇာတ်ကျောရိုးကတော့ မတူပါဘူး။ ဘာပဲဖြစ်ဖြစ် ဇာတ်ကားတစ်ကားဖန်တီးတဲ့အပိုင်းမှာ ဒါရိုက်တာကပဲ စလယ်ဆုံးဖန်တီးတာဖြစ်တဲ့အတွက် ကျွန်တော့်မှာပဲ တာဝန်ရှိပါတယ်” ဟု ဖြေကြားခဲ့ပါသည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis