menu

Saturday 5 January 2013

NLD ပညာဒါန ကျူရှင် ကျောင်းမှ ကျောင်း တာဝန်ခံ အဓမ္မ ပြုကျင့်မှုကျူးလွန်သတင်းအား NLD ပြန်ရှင်း

NLD ပြန်ရှင်းချက်။

၁။ ကောင်မလေးနှင့် အမျိုးသားမှာ သမီးရည်းစားသဘောဖြစ်။
၂။ ၎င်းတို့နှစ်ဦးအား ရုံးခန်းတွင် လူမိသွားရာမှတဆင့် မုဒိန်းမှုကဲ့သို့ ဖြစ်သွားပြီး တိုင်ချက်ဖွင့်သည့် အခြေအနေထိ ရှုပ်ထွေးသွား။
၃။ အမျိုးသားမှာ အန်အယ်ဒီအဖွဲ့ဝင်ဟုတ်မဟုတ် စိစစ်နေဆဲ။
၎။ ကောင်မလေးမိဘများက အမျိုးသားအား ရဲစခန်းမှပြန်ထုတ်ရန် ကြိုးစားလျှက်ရှိပြီး
၎င်းတို့နှစ်ဦးကို လက်ထပ်ပေးရန် စီစဉ်နေ။
၅။ မိဘများနှင့် အန်အယ်ဒီတာဝန်ရှိသူများ တွေ့ဆုံပြီးဖြစ်။
၆။ ပညာဒါနကျောင်းသူမဟုတ်။
 "အွန်လိုင်းမီဒီယာသမားတွေအနေနဲ့ ရဲစခန်းကနဦးစစ်ချက်အရသတင်းဖေါ်ပြခဲ့တာသာဖြစ်ပြီး အခု အဖွဲ့ချုပ်က နောက်ဆုံးစုံစမ်းတွေ့ရှိချက်တွေကို မူလသတင်းတင်ပြသူများထံ ပေးပို့လိုက်တာပါပဲဗျာ။ အဖွဲ့ချုပ်အဖွဲ့ဝင်ဖြစ်ရင်တော့ အဖွဲ့တွင်းစည်းကမ်းထိန်းသိမ်းရေးအရ ဆက်ပြီး ဆောင်ရွက်သွားမှာပါ။ မူလသတင်းတင်ပြသူတွေကိုတာကတော့ သတင်းအချက်အလက်မှန်ကန်ရေးနဲ့ ပွင့်လင်းစွာဖေါ်ထုတ်တင်ပြနိုင်ရေးပဲဖြစ်ပါတယ်။ အဖွဲ့ချုပ်အနေနဲ့လဲ သတင်းမီဒီယာဌာနတွေနဲ့ ရင်းနှီးပွင့်လင်းစွာ စဉ်ဆက်မပြတ်ဆက်ဆံနေပါတယ်ခင်ဗျ"ဟု ဦးကြည်တိုးကပြောပါသည်။
From Facebook

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis