menu

Saturday 5 January 2013

လေယာဉ်ပျက်ကျမှူ အာမခံကြေး ကန်ဒေါ်လာ သန်း ၁၅၀ အထိရရှိနိုင်

Photo: လေယာဉ်ပျက်ကျမှူ အာမခံကြေး ကန်ဒေါ်လာ သန်း ၁၅၀ အထိရရှိနိုင်

05 JANUARY 2013 

"သန်း ၁၅၀ က အမြင့်ဆုံး ပေးလျော်နိုင်တဲ့ အကန့်အသတ်ကို ပြောတာပါ၊ ဒီထဲမှာ လူသေတာ၊ ထိခိုက်ဒဏ်ရာရတာ၊ ပစ္စည်းဘာ ညာပျောက်ဆုံးပျက်စီးတာ အကုန် ပါတယ်။အခု Air Bagan အတွက် ဘယ်လောက် ပေးလျော်မယ်ဆို တာပြောလို့ မရသေးပါဘူး၊ ဘာ ဖြစ်လို့လဲဆိုတော့ သေဆုံး၊ထိခိုက်၊ ဒဏ်ရာရတာတွေကို စစ်ဆေးပြီးမှ ဘယ်လောက် လျော်မယ်ဆိုတာ တွက်ချက်ပြောဆိုရမှာပါ "ဟု ၄င်း က ပြောသည်။ Air Bagan လေယာဉ် မတော်တဆမှုနှင့် ပတ်သက်၍ မြန်မာ့အာမခံ လုပ်ငန်းမှတစ်ဆင့် လေကြောင်းတစ်ဆင့် အာမခံကို စင်ကာပူ အခြေစိုက် Pana Harrison တွင် နိုင်ငံတကာ လေကြောင်း အာမခံ ဈေးကွက်ဖြင့် လေ ယာဉ်ကိုယ်ထည် အာမခံတန်ဖိုး အမေရိကန် ဒေါ်လာ လေးသန်းနှင့် အာမခံ အကာအကွယ် ထားရှိခဲ့ ကြောင်း၊ လက်ရှိတွင်နစ်နာဆုံးရှုံးမှု များအတွက် အာမခံ လျော်ကြေး အမြန်ဆုံးရရှိစေရန် မြန်မာ့အာမခံ လုပ်ငန်းသက်ဆိုင်ရာ လေကြောင်း လိုင်းနှင့်တစ်ဆင့် အာမခံကုမ္ပဏီ တို့မှအချိန်နှင့် တစ်ပြေးညီ စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း မြန်မာ့ အာမခံလုပ်ငန်း၏ ထုတ်ပြန်ချက် များအရ သိရသည်။ Air Bagan လေကြောင်းလိုင်း ပိုင် F-100 လေယာဉ် XY-A-GC လေယာဉ်သည် ဒီဇင်ဘာ ၂၅ ရက်နေ့ နံနက် ၈ နာရီ ၅၀ မိနစ်တွင် ရန်ကုန်-မန္တလေး-ဟဲဟိုးခရီး ပျံသန်းစဉ် ဟဲဟိုးလေဆိပ်အဆင်း တွင်မတော်တဆ ထိခိုက်မှုဖြစ်ပွား ခဲ့ပြီး ဆိုင်ကယ်စီးနင်းသူတစ်ဦး လေယာဉ်ဖြင့် တိုက်မိသေဆုံးပြီး လေယာဉ်ပေါ်တွင် လိုက်ပါလာ သော ဧည့်လမ်းညွှန်တစ်ဦးလည်း သေဆုံးခဲ့ရသည်။
 
ညိုမင်းခန့် 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis