menu

Saturday 5 January 2013

၉၄ ကမ္ဘာ့ဖလားချန်ပီယံ ဘရာဇီးလက်ရွေးစင်ဟောင်းများ၏ ခြေစမ်းပွဲခရီးစဉ် ပျက်ပြယ်



မြန်မာနိုင်ငံအပါအ၀င် အာရှနိုင်ငံအချို့သို့ ခြေစမ်းပွဲများလာရောက်ကစားရန် စီစဉ်ထားသည့် ဘရာဇီးလ်လက်ရွေးစင်ဟောင်းများ အသင်းသည် ယင်းတို့၏ ကစားသမားများစုဆောင်းမှု အဆင်မပြေခြင်းကြောင့် 2013 Asia Tour ခြေစမ်းပွဲခရီးစဉ်ကို ပယ်ဖျက်လိုက်ကြောင်း သိရှိရသည်။           
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အနေဖြင့် ခြေစမ်းပွဲအတွက် အစစအရာရာ ကြိုတင်စီစဉ်မှုများ ပြုလုပ်ခဲ့သော်လည်း ဘရာဇီးလ်ကစားသမားဟောင်းများ အသင်းခြေစမ်းပွဲအတွက် တစ်ဖက်မှ စီစဉ်ပေးသူက Asia Tour အစီစဉ်တစ်ရပ်လုံးအား ဖျက်သိမ်းလိုက်ကြောင်း ဆက်သွယ်အကြောင်းကြားလာသဖြင့် ယခင်ထုတ်ပြန်ကြေငြာခဲ့သည့် ခြေစမ်းပွဲအစီအစဉ်များကို ဖျက်သိမ်းခဲ့ရကြောင်း သိရသည်။

"ပွဲစီစဉ်ပေးသူက ဘရာဇီးလ်နာမည်ကျော် ကစားသမားဟောင်းတွေ လိုက်မလာနိုင်တဲ့အတွက် Asia Tour အစီအစဉ်တစ်ခုလုံးကို ပယ်ဖျက်လိုက်တယ်လို့ ပြောပါတယ်။ ကျွန်တော်တို့ဘက်က ခြေစမ်းပွဲအတွက် ကြိုတင်စီစဉ်ထားပြီးသားပါ။ ငွေခေတ်လက်ရွေးစင် ကစားသမားတွေလည်း Old Star အသင်းအနေနဲ့ စုဖွဲ့လေ့ကျင့်နေကြပါပြီ။ အခုလိုခြေစမ်းပွဲ ပျက်ပြယ်သွားတဲ့အတွက် စိတ်မကောင်းပါဘူး။ ကျွန်တော်တို့မြန်မာနိုင်ငံသာမက ထိုင်း၊ မလေးရှားစတဲ့ နိုင်ငံတွေကိုသွားမယ့် ခရီးစဉ်တွေလည်း ပယ်ဖျက်လိုက်တာပါ" ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ပြန်ကြားရေးဌာနတာဝန်ခံ ဦးစိုးမိုးကျော်က ပြောကြားသည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis