menu

Saturday 6 October 2012

အမေရိကန်နိုင်ငံ၏ အလုပ်လက်မဲ့နှုန်း ၇.၈ ရာခိုင်နှုန်းသို့ မထင်မှတ်ပဲ ထိုးကျ

အမေရိကန် နိုင်ငံ၏ အလုပ်လက်မဲ့နှုန်းသည် ပြီးခဲ့သည့် စက်တင်ဘာလ
အတွင်း လူဦးရေ စုစုပေါင်း၏ ၇.၈ ရာခိုင်နှုန်းသို့ မထင်မှတ်ပဲ ထိုးကျ
...သွားခဲ့ပြီး ၄ နှစ်တာ ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ၈ ရာခိုင်နှုန်း
အောက်သို့ ရောက်ရှိသွားခဲ့သည်။

ယခုစာရင်းသည် သမ္မတအိုဘားမားအတွက် သတင်းကောင်းတစ်ခု ဖြစ်ခဲ့ပြီး

ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့သည့် သမ္မတလောင်း ၂ ဦး၏ စကားရည်
လုပွဲ၌ အခြေအနေမဟန် ဖြစ်ခဲ့ရသည့် သမ္မတအတွက် တွန်းအားတစ်ရပ်
ဖြစ်လာဖွယ်ရှိသည်။

လက်ရှိအချိန်၌ အမေရိကန်နိုင်ငံတွင် အလုပ်လက်မဲ့ဦးရေ ၁၂.၁ သန်းရှိပြီး ယင်းပမာဏသည် ၂၀၀၉ ခုနှစ် ဂျန်နဝါရီလမှ စတင်လျှင် အနည်းဆုံး ပမာဏပင်ဖြစ်သည်။


အလုပ်သမား ဝန်ကြီးဌာန၏ တရားဝင် ထုတ်ပြန်ချက်အရ စက်တင်ဘာလ

အတွင်း အမေရိကန် စီးပွားရေးလုပ်ငန်းများသည် အလုပ်သမား စုစုပေါင်း ၁၁၄၀၀၀ အား အလုပ်ခန့်အပ်ခဲ့ပြီး ပြီးခဲ့သည့် ဂျူလိုင်နှင့် သြဂတ်စ်လ
များတွင်လည်း ယခင်ခန့်မှန်း ထားသည်ထက် အလုပ်သမား ၈၆၀၀၀ ခန့် ပိုမိုပြီး အလုပ်အကိုင်များ ရရှိခဲ့သည်ဟု သိရှိရသည်။

ထို့အပြင် စက်တင်ဘာလအတွင်း လုပ်ခလစာနှုန်းများလည်း တိုးတက်လာ

သလို အလုပ်လက်မဲ့ များသည်လည်း အလုပ်အကိုင် ရရှိရေး ပြန်လည်
ကြိုးပမ်း လာကြသည်။

ဤစာရင်းဇယားသည် အမေရိကန်နိုင်ငံ စီးပွားရေးအခြေအနေနှင့် ပတ်သက်ပြီး ဝေဖန်ခံနေရကာ ပြိုင်ဖက်ဖြစ်သူ Mitt Romney ၏ ထိုးနှက်တိုက်ခိုက်မှုအား တရစပ် ခံနေရသည့် သမ္မတအိုဘားမားအတွက်

နိုင်ငံတစ်ဝန်း မည်သည့်ပါတီကို မဲပေးရမည်ကို မဆုံးဖြတ်ရသေးသူများအား မဲဆွယ်ရန် နောက်ဆုံးကြိုးတစ်မျှင် ဖြစ်လာဖွယ် ရှိနေသည်။ အောက်တိုဘာ စာရင်းမှာ ရွေးကောက်ပွဲမတိုင်မီ ၄ ရက်အလိုတွင်မှ ထွက်ရှိမည်ဖြစ်သည်။

အလုပ်သမားရေးရာ ဝန်ကြီး Hilda Solis က ရီပတ်ဘလီကန်ပါတီ

ထောက်ခံသူများက စွပ်စွဲထားသလို အိုဘာမား၏ အစိုးရအနေဖြင့် အာဏာကို အလွဲသုံးစားလုပ်ကာ ကိန်းဂဏ္ဍာန်းများအား ပြင်ဆင်
ခဲ့သည်ဆိုသည့် စွပ်စွဲချက်အား ခါးခါးသီးသီး ငြင်းဆိုခဲ့ပြီး အခြေအမြစ် မရှိကြောင်း ပြန်လည်တုန့်ပြန်ခဲ့သည်။
  Shwelone.com (ရွှေလုံး) | Myanmar Social Entertainment News Network

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis