menu

Saturday 6 October 2012

Android 4.2 ကို နိုဝင်ဘာလတွင် မိတ်ဆက်ကြေညာဖွယ်ရှိ

Photo: Android 4.2 ကို နိုဝင်ဘာလတွင် မိတ်ဆက်ကြေညာဖွယ်ရှိ

Google ကုမ္ပဏီက Android ဗားရှင်းသစ်ကို နိုဝင်ဘာလတွင် မိတ်ဆက်
ကြေညာဖွယ်ရှိကြောင်း Android And Me blog မှ ဖော်ပြခဲ့သည်။

၎င်းကို LG နှင့်အတူ တွဲဖက်ကျင်းပမည့် ပြပွဲတစ်ခုတွင် Google မှ မိတ်ဆက်ပေးဖွယ်ရှိသည်ဟု သိရသည်။ အဆိုပါပြပွဲတွင် LGက နောက်ဆုံး
ပေါ် operating system အသုံးပြုထားပြီး မကြာသေးမီက မိတ်ဆက်ကြေညာ
ခဲ့သည့် Optimus G ကို အခြေခံထားသည့် Optimus G Nexus ကို မိတ်ဆက်ပြသဖွယ်ရှိသည်ဟု Android And Me က ဖော်ပြခဲ့သည်။

ပြီးခဲ့သည့် သြဂုတ်လက LG မှ မိတ်ဆက်ပေးခဲ့သည့် Optimus G တွင် ၄.၇ လက်မအရွယ် WXGA screen ကိုအသုံးပြုထားပြီး 13-megapixel rear-facing ကင်မရာနှင့် quad-core Qualcomm Snapdragon S4 ပရိုဆက်ဆာကို အသုံးပြုထားသည့်အပြင် 2GB RAM နှင့် 32GB onboard သိုလှောင်မှုစနစ်တို့ကို ထောက်ပံ့ပေးထားသည်။

News from : Internet Journal
Post By : Aye Chan Mon

Internet Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis