menu

Saturday 6 October 2012

အလယ်ပိုင်းကုန်သွယ်မြို့တော်မုံရွာ၌အိမ်မြေဈေးကျပ်သိန်းသောင်းချီရောက်ရှိ

မြန်မာနိုင်ငံ အလယ်ပိုင်းစီးပွားရေးကုန်သွယ်မြို့တော်ဖြစ်သည့် မုံရွာအိမ်ခြံမြေဈေးကွက်မှာရပ်တန့်ခြင်းမရှိပဲ ကျပ်သိန်းသောင်းချီရောက် ရှိနေကြောင်း အိမ်ခြံမြေအကျိုးတော် ဆောင်များထံက သိရှိရသည်။

သြဂုတ်လ(၁၃)ရက်နေ့မှစတင်ကာ အိမ်ခြံမြေအခွန်(၃၇)ရာခိုင်နှုန
်းအထိ တိုးမြင့်လိုက်သောကြောင့် မြန်မာနိုင်ငံ၏အဓိကကျ သည့်မြို့ များဖြစ်သည့် ရန်ကုန်၊မန္တလေး၊ပြင်ဦးလွင် စသည့် မြို့ကြီးများတွင် အိမ်ခြံမြေဈေးကွက်အရောင်းအ၀ယ်အေးသွားသော်လည်း မုံရွာမြို့တွင် အိမ်မြေဈေး ဆက်လက်မြင့်တက်နေခြင်းဖြစ်သည်။

“ဒီမြို့မှာ မြေအရောင်းအ၀ယ်ကတော့ ကျမသွားပါဘူး။ ကျွန်တော်တို့မြို့က စီးပွားရေး အရောင်းအ၀ယ်က အချက်အချာကြတယ်လေ။ ဒီပြင်မြို့တွေတော့ အရောင်းအ၀ယ် အေးသွားတယ်လို့ ကြားတယ်”ဟု မုံရွာအိမ်ခြံမြေအကျိုးတော်ဆောင
် ကိုဖြိုးကိုက ပြောသည်။

မုံရွာမြို့၏ တက္ကသိုလ်များရှိရာသို့သွားသော အဓိကလမ်းမကြီးဖြစ်သည့် ကျောက်ကာလမ်း ဘေးနေရာများတွင် ကျပ်သိန်း (၁)သောင်းဝန်းကျင်ရှိပြီး၊ စီးပွားရေးတက္ကသိုလ်အနီးရှိ ပေ(၆၀x ၈၀)မြေတစ်ကွက်လျင် ကျပ်သိန်း(၂)ထောင်ဝန်းကျင်ရှိပြ
ီး၊ တိုင်းရုံးများရှိရာ အနော်ရထာလမ်း ဘေးတွင် ပေ(၆၀×၈၀)မြေတစ်ကွက်လျှင် သိန်း(၅)ရာဝန်းကျင်ရှိကြောင်းကိုလည်း သိရှိရသည်။

သံလ္လာမြို့သစ်ဘက်တွင် ပေ(၆၀×၈၀)တစ်ကွက်လျင် သိန်း(၄)ရာမှ(၅)ရာအထိပေါက်ဈေး ရှိပြီး၊ ပြည်တော်သာရပ်ကွက်တွင် ပေ(၆၀×၈၀)တစ်ကွက်လျင် သိန်း(၃)ရာဝန်းကျင်နှင့် ပြည်ထောင်စုလမ်းမကြီးဘေးနေရာမျာ
းတွင်ပေ(၆၀×၈၀)တစ်ကွက်လျှင် သိန်း(၂)ထောင်မှ(၃)ထောင်အထိ ပေါက်ဈေးရှိနေခြင်းဖြစ်သည်။

“မြို့သစ်ဘက်လည်း အ၀ယ်လိုက်တယ်။ ပြီးခဲ့တဲ့အပတ်ကမှ ကျောက်ကာလမ်းက အကွက် တစ်ကွက် သိန်းတစ်သောင်းနဲ့ထွက် သွားတယ်။မုံရွာမှာ ဈေးကောင်းတဲ့နေရာတွေ ကတော့ ကျောက်ကာလမ်းနဲ့မြင်းမူ လမ်းတွေပဲ’’ဟု မုံရွာအိမ်ခြံမြေ၀ါရင့် အကျိုးတော်ဆောင် ဒေါ်ခင်အုန်းမြင့်က ပြောသည်။


မုံရွာမြို့၏ အချက်အချာကျပြီး ဈေးမြင့်သောနေရာဖြစ်သည့် မြင်းမူလမ်း(ဗိုလ်ချုပ်လမ်း)လမ်
းဘေးရှိ နေရာများ၌ ပေ(၆၀×၈၀) တစ်ကွက်လျှင် ကျပ်သိန်း(၅)ထောင်မှ (၁)သောင်း ၀န်းကျင်အထိ ရှိကြောင်း မြို့ခံအိမ်ခြံမြေအကျိုးဆောင်များက ဆိုသည်။

မုံရွာမြို့အထွက် ချင်းပြည်နယ်သို့သွားသည့်လမ်းဘေ
းတွင် တစ်ကွက်လျင် ကျပ်သိန်း(၂)ထောင်နှင့်ပင် အရောင်းမရှိကြောင်းကိုလည်း သိရသည်။

မုံရွာစက်မှုဇုံနေရာများတွင် ပေ(၆၀×၈၀)တစ်ကွက်လျှင် သိန်း(၅)ရာဝန်းကျင်ရှိကြောင်း သိရှိရသည်။ မုံရွာဒေါနခြံ သချိုင်္င်းဟောင်းနေရာတွင် မြေတစ်ကွက်လျှင် ကျပ်သိန်း (၂)ထောင် ပေါက်ဈေးရှိကြောင်း မြို့ခံများက ဆိုသည်။

Myit Makha Media Group

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis