menu

Saturday 6 October 2012

သမ္မတ ဦးသိန်းစိန် တောင်ကိုရီးယားနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်မည်

Photo: သမ္မတ ဦးသိန်းစိန် တောင်ကိုရီးယားနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်မည်

သမ္မတ ဦးသိန်းစိန်သည် တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်၏ ဖိတ်ကြားချက်အရ တောင်ကိုရီးယားနိုင်ငံသို့ 
တရားဝင် ချစ်ကြည်ရေးခရီး သွားရောက်မည်ဖြစ်ကြောင်း မြန်မာ ပြန်ကြားရေးဝန်ကြီးဌာနနှင့် တောင်ကိုရီးယား Yonhap 
သတင်းဌာန၏ သတင်းဖော်ပြချက်အရ သိရသည်။

သမ္မတ ဦးသိန်းစိန်၏ တောင်ကိုရီးယားနိုင်ငံခရီးစဉ်မှာ အောက်တိုဘာလ ၈ ရက်နေ့မှ ၁၀ ရက်နေ့အထိ ဖြစ်ကြောင်း တောင်ကိုရီးယား Yonhap သတင်းဌာန၏ သတင်းဖော်ပြချက်အရ သိရသည်။

ခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်သည် တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်နှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် 
ဒေသတွင်းအရေးကိစ္စများကို ဆွေးနွေးသွားဖွယ်ရှိကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။

မြန်မာသမ္မတ ဦးသိန်းစိန်နှင့် တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်တို့သည် အောက်တိုဘာလ ၉ ရက်နေ့တွင် 
ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ အရင်းအမြစ်နှင့် စွမ်းအင်၊ အခြေခံအဆောက်အအုံနှင့် ဆောက်လုပ်ရေး၊ 
ဖွံ့ဖြိုးတိုးတက်ရေးအကူအညီပေးမှုနှင့် အခြားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြင့်ရေးကို 
တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း တောင်ကိုရီးယားသမ္မတရုံးက သတင်းထုတ်ပြန်ခဲ့သည်။

ထို့ပြင် သမ္မတ ဦးသိန်းစိန် ခရီးစဉ်အတွင်း တောင်ကိုရီးယားစီးပွားရေးလုပ်ငန်းရှင်များနှင့်လည်း တွေ့ဆုံသွားမည်ဖြစ်ပြီး 
စက်ရုံအလုပ်ရုံများကို လေ့လာသွားမည်ဖြစ်ကြောင်း သိရသည်။

တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်သည် မြန်မာနိုင်ငံသို့ ပြီးခဲ့သည့် မေလက နှစ်ရက်ကြာ လာရောက်ခဲ့ပြီး သမ္မတ 
ဦးသိန်းစိန်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် သီးခြားစီတွေ့ဆုံဆွေးနွေးခဲ့သည်။

တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်၏ မြန်မာနိုင်ငံခရီးစဉ်သည် ၁၉၈၃ ခုနှစ် သမ္မတ ချန်ဒူးဝမ်၏ မြန်မာနိုင်ငံ 
ခရီးစဉ်ပြီးနောက် ပထမဆုံးအကြိမ် ဖြစ်သည်။ ထိုစဉ်က မြောက်ကိုရီးယားသူလျှိုများက အာဇာနည်ဗိမာန်တွင် 
တောင်ကိုရီးယားသမ္မတ ချန်ဒူးဝမ်အား ဗုံးခွဲ လုပ်ကြံမှုကြောင့် တောင်ကိုရီးယားဝန်ကြီး သုံးဦး အပါအ၀င် 
တောင်ကိုရီးယားအရာရှိ ၁၇ ဦး နှင့် မြန်မာနိုင်ငံသား လေးဦး သေဆုံးခဲ့ပြီး တောင်ကိုရီးယားသမ္မတ ချန်ဒူးဝမ် 
လွတ်မြောက်ခဲ့သည်။

တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်၏ မြန်မာခရီးစဉ်အတွင်း နည်းပညာအကူ အညီပေးရေး လူ့စွမ်းအားအရင်းအမြစ် 
ဖွံ့ဖြိုးတိုးတက်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ဘဏ္ဍာရေး၊ ကုန်သွယ်ရေး၊ စီးပွားရေး၊ ပညာရေး၊ အခြေခံအဆောက်အဦများ 
တည်ဆောက်ရေး၊ စက်မှု ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ခရီးသွားလုပ်ငန်းနှင့် 
သယ်ယူပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ သိပ္ပံနှင့်နည်းပညာ၊ စွမ်းအင်နှင့် သတ္တုကဏ္ဍများတွင် 
ပိုမိုပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့သည်။

မြန်မာ-တောင်ကိုရီးယား နှစ်နိုင်ငံ သံတမန်ဆက်ဆံမှုကို ၁၉၇၅ ခုနှစ်တွင် စတင်ခဲ့သည်။

၂၀၁၂ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ တောင်ကိုရီးယားနိုင်ငံ၏ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ပမာဏသည် 
အမေရိကန်ဒေါ်လာသန်း ၂၉၀၀ ကျော်ရှိပြီး ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် နှစ်နိုင်ငံကုန်သွယ်မှု ပမာဏသည် 
အမေရိကန်ဒေါ်လာ ၉၆၆ သန်းရှိကြောင်း သိရှိရသည်။

တောင်ကိုရီးယားနိုင်ငံသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုပမာဏအရ နံပါတ်လေးအဆင့်တွင် ရောက်ရှိနေသော 
နိုင်ငံဖြစ်ပြီး စုစုပေါင်း ကုမ္ပဏီ ၄၉ ခုမှ အမေရိကန်ဒေါ်လာသန်း ၂၉၄၁ ဒသမ ၂၈၉ မြှုပ်နှံထားကြောင်းနှင့် 
အဓိကအားဖြင့် စွမ်းအင်နှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံခြင်းဖြစ်ပြီး ၂၀၁၃ ခုနှစ်တွင် စတင်ထုတ်ယူမည့် 
ရခိုင်ကမ်းလွန်ရှိ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းတွင် ကိုရီးယားနိုင်ငံမှ ဒေ၀ူးကုမ္ပဏီက ၀င်ရောက် ရင်းနှီးမြှုပ်နှံနေကာ 

စုစုပေါင်းပမာဏ အမေရိကန်ဒေါ်လာ ၁ ဒသမ ၇ ဘီလျံရှိကြောင်း သိရှိရပါသည်။

မြန်မာနိုင်ငံမှ ကိုရီးယားနိုင်ငံသို့ အ၀တ်အထည်၊ ပဲ၊ ရေထွက်ပစ္စည်း၊ ကျောက်စိမ်း၊ သစ် စသည့် ပစ္စည်းများ တင်ပို့နေပြီး 
တောင်ကိုရီးယားနိုင်ငံမှ မြန်မာနိုင်ငံအတွင်းသို့ မော်တော်ကားများ၊ စက်ပစ္စည်းများ၊ သံနှင့် စတီးပစ္စည်းများ၊ 
ပလက်စတစ်ကုန်ကြမ်းပစ္စည်းများ တင်သွင်းနေကြောင်း သိရှိရသည်။

ထို့အတူ CMP အထည်ချုပ် လုပ်ငန်းများတွင် ကိုရီးယားနိုင်ငံမှ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေသည်။

တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်၏ မြန်မာနိုင်ငံခရီးစဉ်
 ( မှတ်တမ်းပုံ)

News from : Eleven Media Group
Post By : Aye Chan Mon
သမ္မတ ဦးသိန်းစိန်သည် တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်၏ ဖိတ်ကြားချက်အရ တောင်ကိုရီးယားနိုင်ငံသို့
တရားဝင် ချစ်ကြည်ရေးခရီး သွားရောက်မည်ဖြစ်ကြောင်း မြန်မာ ပြန်ကြားရေးဝန်ကြီး
ဌာနနှင့် တောင်ကိုရီးယား Yonhap
သတင်းဌာန၏ သတင်းဖော်ပြချက်အရ သိရသည်။

သမ္မတ ဦးသိန်းစိန်၏ တောင်ကိုရီးယားနိုင်ငံခရီးစဉ်မှာ အောက်တိုဘာလ ၈ ရက်နေ့မှ ၁၀ ရက်နေ့အထိ ဖြစ်ကြောင်း တောင်ကိုရီးယား Yonhap သတင်းဌာန၏ သတင်းဖော်ပြချက်အရ သိရသည်။

ခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်သည် တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်နှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့်
ဒေသတွင်းအရေးကိစ္စများကို ဆွေးနွေးသွားဖွယ်ရှိကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။

မြန်မာသမ္မတ ဦးသိန်းစိန်နှင့် တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်တို့သည် အောက်တိုဘာလ ၉ ရက်နေ့တွင်
ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ အရင်းအမြစ်နှင့် စွမ်းအင်၊ အခြေခံအဆောက်အအုံနှင့် ဆောက်လုပ်ရေး၊
ဖွံ့ဖြိုးတိုးတက်ရေးအကူအညီပေးမှုနှင့် အခြားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြင့်ရေးကို
တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း တောင်ကိုရီးယားသမ္မတရုံးက သတင်းထုတ်ပြန်ခဲ့သည်။

ထို့ပြင် သမ္မတ ဦးသိန်းစိန် ခရီးစဉ်အတွင်း တောင်ကိုရီးယားစီးပွားရေးလုပ်ငန်းရှင်များနှင့်လည်း တွေ့ဆုံသွားမည်ဖြစ်ပြီး
စက်ရုံအလုပ်ရုံများကို လေ့လာသွားမည်ဖြစ်ကြောင်း သိရသည်။

တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်သည် မြန်မာနိုင်ငံသို့ ပြီးခဲ့သည့် မေလက နှစ်ရက်ကြာ လာရောက်ခဲ့ပြီး သမ္မတ
ဦးသိန်းစိန်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် သီးခြားစီတွေ့ဆုံဆွေးနွေးခဲ့သည်။

တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်၏ မြန်မာနိုင်ငံခရီးစဉ်သည် ၁၉၈၃ ခုနှစ် သမ္မတ ချန်ဒူးဝမ်၏ မြန်မာနိုင်ငံ
ခရီးစဉ်ပြီးနောက် ပထမဆုံးအကြိမ် ဖြစ်သည်။ ထိုစဉ်က မြောက်ကိုရီးယားသူလျှိုများက အာဇာနည်ဗိမာန်တွင်
တောင်ကိုရီးယားသမ္မတ ချန်ဒူးဝမ်အား ဗုံးခွဲ လုပ်ကြံမှုကြောင့် တောင်ကိုရီးယားဝန်ကြီး သုံးဦး အပါအ၀င်
တောင်ကိုရီးယားအရာရှိ ၁၇ ဦး နှင့် မြန်မာနိုင်ငံသား လေးဦး သေဆုံးခဲ့ပြီး တောင်ကိုရီးယားသမ္မတ ချန်ဒူးဝမ်
လွတ်မြောက်ခဲ့သည်။

တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်၏ မြန်မာခရီးစဉ်အတွင်း နည်းပညာအကူ အညီပေးရေး လူ့စွမ်းအားအရင်းအမြစ်
ဖွံ့ဖြိုးတိုးတက်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ဘဏ္ဍာရေး၊ ကုန်သွယ်ရေး၊ စီးပွားရေး၊ ပညာရေး၊ အခြေခံအဆောက်အဦများ
တည်ဆောက်ရေး၊ စက်မှု ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ခရီးသွားလုပ်ငန်းနှင့်
သယ်ယူပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ သိပ္ပံနှင့်နည်းပညာ၊ စွမ်းအင်နှင့် သတ္တုကဏ္ဍများတွင်
ပိုမိုပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့သည်။

မြန်မာ-တောင်ကိုရီးယား နှစ်နိုင်ငံ သံတမန်ဆက်ဆံမှုကို ၁၉၇၅ ခုနှစ်တွင် စတင်ခဲ့သည်။

၂၀၁၂ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ တောင်ကိုရီးယားနိုင်ငံ၏ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ပမာဏသည်
အမေရိကန်ဒေါ်လာသန်း ၂၉၀၀ ကျော်ရှိပြီး ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် နှစ်နိုင်ငံကုန်သွယ်မှု ပမာဏသည်
အမေရိကန်ဒေါ်လာ ၉၆၆ သန်းရှိကြောင်း သိရှိရသည်။

တောင်ကိုရီးယားနိုင်ငံသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုပမာဏအရ နံပါတ်လေးအဆင့်တွင် ရောက်ရှိနေသော
နိုင်ငံဖြစ်ပြီး စုစုပေါင်း ကုမ္ပဏီ ၄၉ ခုမှ အမေရိကန်ဒေါ်လာသန်း ၂၉၄၁ ဒသမ ၂၈၉ မြှုပ်နှံထားကြောင်းနှင့်
အဓိကအားဖြင့် စွမ်းအင်နှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံခြင်းဖြစ်ပြီး ၂၀၁၃ ခုနှစ်တွင် စတင်ထုတ်ယူမည့်
ရခိုင်ကမ်းလွန်ရှိ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းတွင် ကိုရီးယားနိုင်ငံမှ ဒေ၀ူးကုမ္ပဏီက ၀င်ရောက် ရင်းနှီးမြှုပ်နှံနေကာ

စုစုပေါင်းပမာဏ အမေရိကန်ဒေါ်လာ ၁ ဒသမ ၇ ဘီလျံရှိကြောင်း သိရှိရပါသည်။

မြန်မာနိုင်ငံမှ ကိုရီးယားနိုင်ငံသို့ အ၀တ်အထည်၊ ပဲ၊ ရေထွက်ပစ္စည်း၊ ကျောက်စိမ်း၊ သစ် စသည့် ပစ္စည်းများ တင်ပို့နေပြီး
တောင်ကိုရီးယားနိုင်ငံမှ မြန်မာနိုင်ငံအတွင်းသို့ မော်တော်ကားများ၊ စက်ပစ္စည်းများ၊ သံနှင့် စတီးပစ္စည်းများ၊
ပလက်စတစ်ကုန်ကြမ်းပစ္စည်းများ တင်သွင်းနေကြောင်း သိရှိရသည်။

ထို့အတူ CMP အထည်ချုပ် လုပ်ငန်းများတွင် ကိုရီးယားနိုင်ငံမှ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေသည်။

Eleven Media Group

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis