menu

Saturday 6 October 2012

ဦးသိန်းညွန့် သင်္ဃန်းကျွန်းအနှေးယဉ်လုပ်သားများကို ဦးဆောင်ပြီးဆန္ဒပြမည်

ရင်ဖွင့်သံ အစီအစဉ် တက်ရောက်လာသည့် အနှေးယဉ် လုပ်သားများ

၆.၁၀.၂၀၁၂ နေ့မွန်းလွဲ၂ နာရီတွင် NNDP ဌာနချုပ်တွင် ပြုလုပ်သည့် သင်္ဃန်းကျွန်း မြို့နယ်အတွင်းရှိ အနှေးယဉ် လုပ်သားများ၏ ရင်ဖွင့်သံ အစီအစဉ်တွင် အနှေးယဉ်လုပ်သား ၂၀၀ခန့် နှင့် မီဒီယာ ၂၀ ခန့်တက်ရောက်ခဲ့ကြသည်။

လိုင်စင်မဲ့ အနှေးယာဉ်များအား မတရားတဲ့ နည်းနဲ့ဖမ်းဆီးတာကို ခံနေရကြောင်း ၊တခါအဖမ်းခံရလျှင်
တစ်သောင်းမှ နှစ်သောင်းအထိ ဒဏ်ငွေဆောင်ရကြောင်း၊၄င်းဒဏ်ငွေဆောင်ဖို့ အတွက် ၁၅ ကျပ်တိုးဖြင့်
ချေးငှားပြီး ပေးရကြောင်း တစ်လ နှစ်ကြာသွားရင် အတိုးနဲ့ အရင်းပါ လုံးထွေးကုန်ပြီး မိသားစု စားဝတ်နေရေး ကျမ်းမားရေး၊ပညာရေး ကိစ္စအဝဝများအတွက် အခက်အခဲတွေဖြစ်ပေါ်လာကြောင်း၊မိမိတို့သည် ဥပဒေဘောင်အတွင်း ဝမ်းရေးအတွက် သမာအာဇီဝကျကျ နေပူမိုးရွာမရှောင် ရှာဖွေထားတဲ့ ငွေကြေးတွေကို ဓါးမြ များသဖွယ် မတရားတဲ့နည်းနဲ့ မိုက်ကြေးခွဲနေကြောင်း၊မိမိတို့ထံမှ ရယူသွားသည့် ဒဏ်ကြေးများကိုလည်း နိုင်ငံတော်အတွက်သုံးစွဲ ပါလျှင် ခံနိုင်ပါသေးကြောင်း၊ယခုမှာ အနှေးယာဉ်စီးကမ်းထိန်းသိမ်းရေးအဖွဲ့မှ ကိုယ်ကျိုးအတွက် သုံးနေကြောင်း ဒီအတွက်ကြောင့် မီဒီယာများနှင့် ဘဘဦးသိန်းညွန့်မှ အနှေးယာဉ်လုပ်သားများအတွက် ကူညီဖြေရှင်းစေလိုကြောင်းပြောခဲ့ကြသည်။

  
လိုင်စင်မဲ့အနှေးယဉ်လုပ်သားများမှ တင်ပြချက်အသီးသီး အား မီဒီယာများတွင်ဖေါ်ပြပေးသွားမည်ဖြစ်ပြီး။

ဦးသိန်းညွန့် မှ ပြောကြားရာတွင် လိုင်စင်မထုတ်ပေးသေးသည့်အနှေးယဉ်များ အား ယာယီလိုင်စင်ထုတ်ပေးဖို့ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အနှေးယာဉ်လုပ်သားများ၏ တင်ပြစာကို သမ္မတထံတင်ပေးမည်ဖြစ်ပြီးဆက်လက်ဖမ်းဆီး အရေးယူနေအုံးမည်ဆိုပါက မိမိကိုယ်တိုင် စီတန်းလှည့်လည်ခွင့် လိုင်စင်လျှောက်ထားပြီးအနှေးယာဉ်လုပ်သားများဘက်မှရပ်တည်ကာ ဦးဆောင် ဆန္ဒပြသွားမည်ဖြစ်ကြောင်း။
အနှေးယာဉ်လုပ်သားများအား ဂျပိုးသခိုး တွေလိုဆက်ဆံနေခြင်းနှင့် အနှေးယာဉ်လုပ်သားများမှ နေပူ
မရှောင်မိုးရွာမရှောင် ရှာဖွေထားသည့် ငွေကြေးကို ယုတ်မာသည့်နည်းလမ်းဖြင့် မတရားနည်းနဲ့ရယူစားသောက်ကြသည့် စည်ပင်ဝန်ထမ်းများအား ရန်သူမျိုး ၆ ပါးစာရင်းတွင်ထည့်သွင်းသွားမည်ဖြစ်ပြီး ကန့်ကွက်ရှုံ့ချကြောင်းပြောကြားခဲ့သည်။

ကိုသန်းထွန်း
Thit Htoo Lwin
Myanmar News Now

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis