မိခင်မေတ္တာဆိုတာ ပြင်းထန်လှပါတယ်။ ဘယ်သတ္တဝါမျိုး မဆိုပါပဲ။ ဒီအချက်ကို
သက်သေထူလိုက် တာကတော့ Amanda လို့ အမည်ရတဲ့ ချီလီနိုင်ငံက ခွေးမကြီးပဲ
ဖြစ်ပါတယ်။
သူမနဲ့ ၁၀ ရက်သား ခေ
သူမနဲ့ ၁၀ ရက်သား ခေ
ွးပေါက်လေးများရဲ့အိမ် မီးဘေးသင့်တဲ့ အခါမှာ ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်မှန်တစ်ခုပါ။
မီးသတ်သမားများက အိမ်မီးအား ကြိုးပမ်းငြိမ်းသတ်နေချိန်မှာ ဓာတ်ပုံဆရာတစ်ဦးက Amanda ကို သတိထားမိခဲ့ပါ တယ်။ ခွေးမ ကြီး Amanda တစ်ကောင်က မီးဟုန်းဟုန်းတောက်နေတဲ့ အိမ်ထဲကို ဝင်လိုက်၊ ထွက်လိုက်နဲ့ သူမရဲ့ ရင်သွေးလေးတွေကို တစ်ကောင်ပြီးတစ်ကောင် ကယ်ထုတ်လာပြီး ဘေးလွတ်ရာမှာရှိတဲ့ မီးသတ်ကားတစ်စီးရဲ့ ဒေါင့်တစ်နေရာမှာ သွားပို့ထားခဲ့ပါတယ်။ကိစ္စအားလုံး အပြီးမှာတော့ ခွေးပေါက်လေးတွေနဲ့ ခွေးမကြီးကို တိရစ္ဆာန်ဆေးရုံသို့ မီးသတ်သမားများက ပို့ဆောင်ပေးခဲ့ပါ တယ်။ ခွေးပေါက်လေး တစ်ကောင်ကတော့ ကံမကောင်းစွာနဲ့ အသက်ဆုံးခဲ့ရပါတယ်။
Shwelone.com (ရွှေလုံး) | Myanmar Social Entertainment News Network

No comments:
Post a Comment