menu

Monday 13 August 2012

ပက်စီကိုလာ ၁၅ နှစ်အကြာတွင် တစ်ကျော့ပြန်လာမည်

အမေရိကန် နာမည်ကျော် အချိုရည် ကုမ္ပဏီတစ်ခုဖြစ်သော PepsiCo သည် စီးပွားရေးပိတ်ဆို့မှုကြောင့် ထွက်ခွာသွား ခဲ့ရာမှ ယခု၁၅ နှစ်အကြာ တွင် မြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက်တော့ မည် ဖြစ်ကြောင်း သိရသည်။

PepsiCo ကုမ္ပဏီသည် အမေရိကန် နိုင်ငံက မြန်မာနိုင်ငံအား စီးပွားရေး ပိတ်ဆို့မှုများ တ
င်းကြပ်စွာဆောင် ရွက်လာသည့် ၁၉၉၇ ခုနှစ်တွင် ယင်း၏လုပ်ငန်းများကို ရုတ်သိမ်းသွားခဲ့ခြင်း ဖြစ်ကာ ယခုအခါ တစ်ကျော့ပြန် လာပြီး Pepsi-Cola , 7-up ,နှင့် Mirinda အချိုရည်များကို ဖြန့်ဖြူးရောင်း ချရန် အတွက် မြန်မာနိုင်ငံ၏ နာမည်ကြီး ကုန်ပစ္စည်းဖြန့်ဖြူးရောင်း ချရေး ကုမ္ပဏီ တစ်ခုဖြစ်သော ဒိုင်းမွန်းစတားနှင့် သဘောတူညီမှုရ ရှိလိုက်ပြီဖြစ်ကြောင်း သိရသည်။

အထက်ပါသတင်းအား အမေရိကန်အခြေစိုက်သတင်းများ အရ သိရခြင်းဖြစ်သည်။ Pepsi-Co ကုမ္ပဏီ၏ ဥက္ကဌ ဖြစ်သူ Indranooyi က " မြန်မာနိုင်ငံရဲ့ဈေးကွက်က အရမ်းကို အလားအလာကောင်းနေပါတယ် Pepsi-Co ကုမ္ပဏီရဲ့ စီးပွားရေး အနေအထားဟာ ခိုင်မာအားကောင်းပြီးတော့ တိုးတက်နေပါ တယ် ပြီးတော့ ကောင်းမွန်တဲ့ဈေး ကွက် အခွင့်အလမ်းတွေကို ရှာဖွေနေပါတယ် ကျွန်တော်တို့ရဲ့ ထုတ်ကုန်တွေကို စားသုံးသူအသစ်တွေဆီကို ဖြန့်ဖြူးပေးနိုင်ဖို့ရည်ရွယ်ပါတယ် " ဟု ပြောကြားသည်။

Pepsi-Co ကုမ္ပဏီက မြန်မာနိုင်ငံတွင် ယင်း၏ ကုန်ပစ္စည်းများအား ဖြန့်ဖြူးရေးအပြင်စိုက်ပျိုးရေးနှင့် ကုန်ထုတ်လုပ်ငန်းများတွင်ပါ ရင်းနှီးမြုပ်နှံရန်ဆောင်ရွက် မည် ဖြစ်ကြောင်း ပြောကြားသည်။
Yangon Media Group

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis