menu

Monday 13 August 2012

နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တတိယအကြိမ်တွေ့ဆုံ



နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ သြဂုတ်လ ၁၂ ရက်နံနက်ပိုင်းတွင် နေပြည်တော်၌ တွေ့ဆုံခဲ့ကြကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇေယျာသော်၏ ပြောကြားချက်အရ သိရှိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် သြဂုတ်လ ၇ ရက်နေ့မှ စတင်ဖွဲ့စည်းခဲ့သော ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီတွင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လျက်ရှိပြီး ယခုတစ်ကြိမ် တွေ့ဆုံမှုသည် တတိယအကြိမ် တွေ့ဆုံမှုဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ပထမအကြိမ် တွေ့ဆုံခဲ့ပြီး ကြားဖြတ်ရွေးကောက်ပွဲအနိုင်ရပြီး ၂၀၁၂ ခုနှစ် ဧပြီလ ၁၁ ရက်နေ့တွင် ဒုတိယအကြိမ် တွေ့ဆုံခဲ့သည်။ တွေ့ဆုံမှုနှင့် ပတ်သက်သော အသေးစိတ် အချက်အလက်များကိုမူ သိရှိရခြင်းမရှိသေးကြောင်း သိရသည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis