menu

Monday 13 August 2012

အနုပညာ အလုပ်တွေ မလုပ်ဖြစ်တော့ဘူးလို့ ဆုံးဖြတ် ခဲ့ဖူးတဲ့ စန္ဒီမြင့်လွင်




ဆယ်ကျော်သက် ဘ၀ကို ဖြတ်သန်းပြီးမှ လူကြီး ဘ၀ကို ရောက်ရှိတာပါ။ ခါးသီးတဲ့ ဆယ်ကျော် ဘ၀တွေကို ပိုင်ဆိုင် ခဲ့ကြရတဲ့ သူတွေ ရှိသလို ပျော်ရွှင်တဲ့ ဘ၀တွေကို ပိုင်ဆိုင်တဲ့ သူတွေလည်း ရှိပါတယ်။
တချို့ရဲ့ ဆယ်ကျော်သက် ဘ၀တွေကတော့ အမှတ် ရစရာ မကောင်းတာတွေလည်း ရှိမှာပါ။ ဆယ်ကျော်သက် ဘ၀စကတည်းက အနုပညာ လောကထဲကို ရောက်လာခဲ့တဲ့ စနီ်္ဒမြင့်လွင်ရဲ့ ဆယ်ကျော်ဘ၀ ဖြတ်သန်းမှု အမှတ်တရတွေကို တင်ဆက် ပေးချင်ပါတယ်။ ၁၁ နှစ် အရွယ်မှာ စနီ်္ဒမြင့်လွင်က ကျောင်းစားတွေနဲ့ပဲ နပန်း လုံးနေသလို ကစားတာကိုလည်း မက်တဲ့သူပါ။ တစ်နှစ်ငယ်တဲ့ ညီမ၀မ်းကွဲတစ်ယောက်နဲ့အတူတူ ဆော့ကစားတာ များတဲ့ အချိန်တွေ ဖြစ်ပါတယ်။ ကစားတာ မက်တဲ့ အတွက်ကျောင်းစာကိုမကြိုးစားသလို စာညံ့တဲ့သူ တစ်ဦးလည်း ဖြစ်ခဲ့တာပါ။


“ငယ်ငယ်တုန်းက စနီ်္ဒမြင့်လွင် စာမေးပွဲအောင်တယ်ဆိုရင် ဆရာမတွေက မယုံကြဘူး။ ကျောင်းစာဆို ညံ့တယ်။ ၁၀ တန်းအထိ အဲဒီလိုပဲ။ ၁၀ တန်းအောင်တယ် ဆိုတာကို ဒီးဒီရဲ့Guide ကို ပြောပြတော့ ဘယ်သူလဲ၊ နာမည် မှားကြည့်လာ လားနော်၊ မဖြစ်နိုင်ဘူး။ လုံးဝ မယုံဘူး။ အဲဒီ လောက်အထိ စာညံတာ”လို့ စနီ်္ဒမြင့်လွင်က သူ့ရဲ့ငယ်ဘ၀ အကြောင်း အမှတ်တရ ပြောပြပါတယ်။ ၉ တန်း၊ ၁၀ တန်း ကျောင်းသူဘ၀မှာ သူငယ် ချင်းလေး ယောက် ရှိခဲ့တာပါ။

တတွဲတွဲ အမြဲတွဲ ပြီး စာမကျက်သလို၊ ကျောင်းမှာလည်း အတန်းလစ်၊ ကျောင်းပြေးတဲ့ အဖွဲ့အဖြစ် ကျောင်းကဆရာ၊ ဆရာမတွေက အသိအမှတ်ပြုခဲ့ကြပါတယ်။ “အဲဒီ သူငယ်ချင်း လေးယောက်က အရမ်းပျော်ဖို့ ကောင်းတယ်။ ၉ တန်းတုန်း ကဆို သူငယ်ချင်း တစ်ယောက်အိမ်မှာ တစ်နေကုန် သွားနေတာမျိုးတွေ လုပ်ခဲ့တယ်။ ကျောင်းမှာ ဆိုးတဲ့ အဖွဲ့အဖြစ် အသိအမှတ်ပြု ခံရတယ်။ စာသင်ရင်လည်း သေချာလိုက် မလုပ်ဘူး။ စာရေးတာ အရမ်း ၀ါသနာ ပါတယ်။ အဲဒီ အချိန်တုန်းက ၀တ္ထုတိုလေးတွေ၊ ကဗျာလေးတွေ အများကြီးရေးဖြစ်တယ်။ အခုချိန်ကျတော့ မရေးချင်တာလား မသိဘူး။ မရေးဖြစ်ဘူး။ အဲဒီတုန်းက ရေးခဲ့တာတွေကို အိမ်က ဆူမှာစိုးလို့ သူငယ်ချင်း အိမ်ကို ထည့်ထည့် ပေးလိုက်တာ။

အဲဒီ စာအုပ်တွေ အခုချိန် အရမ်း လိုချင်တာပဲ။ ဆရာမက ရှေ့မှာ Chemistry သင်နေတယ်။ ဟုတ်ကဲ့သာ လိုက်ပြောနေတာ လက်က ၀တ္ထု ရေးနေတာ။ ဆရာမကတော့ သူ့စာကို လိုက်ရေးနေတယ် ထင်တာ။ အခုအချိန် အဲဒီစာတွေ ပြန်ဖတ်ချင် တယ်။ ဆယ်ကျော်သက်တုန်းက စိတ်လှုပ်ရှားပြီး ရေးခဲ့တဲ့ စာတွေပေါ့။ ကောင်လေး တစ်ယောက်ကို ကြိုက်ပြီး ရေးထားတာ ရှိတယ်။ အဲဒီတုန်းက ကောင်လေးတစ်ယောက်က ကြိုက်တာကို နင့်ကို ငါ မကြိုက်နိုင်ဘူး။ ငါအရမ်း ကြိုက်တဲ့ အစ်ကိုကြီး တစ်ယောက်ရှိတယ် ဆိုပြီး စာပြန်ရေးလိုက်တာ။ အဲဒီမှာ ယုတ်မာပြီးစာကို  ကူးပြီး Notice Board တွေမှာ လိုက်ကပ်တာ။ ဆရာမနဲ့ တိုင်ပြောတာပေါ့”လို့ ၉ တန်း ကျောင်းသူဘ၀ဖြတ်သန်းမှု အမှတ်တရကို စန်္ဒီမြင့်လွင်က ပြောပြခဲ့ပါတယ်။ အဲဒီ အချိန်တွေကို ပြန်တွေးကြည့်ရင် အပူအပင် ကင်းမဲ့ပြီး ပျော်ဖို့ကောင်းတဲ့ အချိန်တွေ ဖြစ်ခဲ့တာပါ။


၁၅ နှစ်၊  ၁၆ နှစ် အချိန်မှာတော့ အရမ်းဝလို့ဆိုပြီး Gym ကစားခဲ့ပေမဲ့ ကစားနည်းမှားလို့ လက်မောင်းတွေ ကြီးလာခဲ့တယ်။ ဒါပေမဲ့ မပိန်သွားဘူးလို့ စနီ်္ဒမြင့်လွင်က ဆိုပါတယ်။ အဲဒီ အချိန်မှာ အလွဲတွေ တော်တော်များများ  လုပ်ဖြစ်ခဲ့ တယ်လို့ သိရပါတယ်။ ၁၀ တန်းအောင်ပြီး အသက် ၁၇ နှစ်မှာ တော့ အနုပညာ အလုပ်ကို စလုံးရေစ လုပ်နေပါပြီ။ ဓာတ်ပုံ ရိုက်ကူးမှုတွေ လုပ်ဖြစ်ခဲ့ပြီး ဇာတ်ကားရိုက်ကူးမှု တွေကိုတော့ အသက် ၂၀ မှာ စလုပ်ဖြစ်ခဲ့ တာပါ။ ဓာတ်ပုံတွေ စရိုက်တဲ့ အချိန်မှာတော့ အနုပညာ အလုပ်ကို တစိုက်မတ်မတ် လုပ်မယ်ဆိုတဲ့ စိတ်ကူး မရှိသေးပါဘူး။ သရုပ်ဆောင် အနုပညာ အလုပ်ကို စလုပ်ချိန်မှာ အစ်မတွေဖြစ်တဲ့ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာတို့ကြောင့် အခက်အခဲများစွာ မရှိဘဲ လုပ်နိုင်ခဲ့ပါတယ်။

သရုပ်ဆောင် စလုပ်တဲ့ အချိန်မှာ လွယ်ကူမှုတွေ ရှိပေမဲ့ ဂီတလုပ်တဲ့ အချိန်မှာတော့ အခက်အခဲ နည်းနည်း ရှိခဲ့ တာပါ။ “အနုပညာ အလုပ်ကို ဆယ်ကျော်သက် အရွယ်မှာ လုပ်ခဲ့တဲ့ အတွက် သူငယ်ချင်းတွေနဲ့ လဲခဲ့ရတယ်။ ဒီးဒီရဲ့သူငယ်ချင်းတွေကို ချစ်တယ်။ ဒီးဒီ အနုပညာ အလုပ်လုပ်တော့ နည်းနည်းတော့ ဂျေဝင်သွားတာတွေ ရှိတယ်။ ဒီးဒီအပေါ် အထင်အမြင်တွေ လွဲပြီး မပေါင်းတာမျိုးတွေ အထိ ဖြစ်သွားတာ။ သူငယ်ချင်း လေးယောက်မှာ နှစ်ယောက် ပျောက်သွားတယ်။ ကျန်တဲ့ တစ်ယောက်က မင်္ဂလာ ဆောင်တာတောင် မဖိတ်ဘူး။ စိတ်နာသွားတယ်”လို့ စနီ်္ဒမြင့်လွင်က ဆိုပါတယ်။ စနီ်္ဒမြင့်လွင်က သီချင်းတွေ ဆိုဖို့ အဖွဲ့တွေ ဖွဲ့ဖြစ်ခဲ့တာပါ။ DBeez အဖွဲ့ကို ဖွဲ့ဖြစ်ပေမဲ့ အဖွဲ့နဲ့ ဆက်ပြီး မလုပ်ဖြစ်ခဲ့ပါဘူး။

တစ်ယောက်တည်း သီချင်းတွေလုပ်မှ အဆင်ပြေခဲ့တာပါ။သရုပ်ဆောင် အလုပ်တွေ စလုပ်တဲ့အချိန်၊ သီချင်းစဆိုတဲ့အချိန်မှာ မလုပ်တော့ ပါဘူး။ မဆိုတော့ဘူးဆိုပြီး ဆုံးဖြတ်ဖူးတယ်။ ဒါပေမဲ့ ဆက်လုပ်ဖြစ်ခဲ့တယ်။ ဒီအချိန် ထိပါ။ အဲဒီအချိန်က ရှေ့ဆက်မယ့်ခြေလှမ်းကို ရပ်လိုက်မယ်ဆိုပေမဲ့ ဒီးဒီမှာ ဘာအနုပညာမှလုပ်ထားတာ မရှိသေးပါဘူး။ နာမည်လည်း မရသေး တော့ နောက်ဆုတ်ချင်လည်း ဖြစ်တယ်။ ရှေ့တိုးချင်လည်း ဖြစ်တယ်”လို့ စန်္ဒီမြင့်လွင်က အနုပညာအလုပ်တွေ မလုပ်ဘူးလို့ ဆုံးဖြတ်ခဲ့ဖူးတာကို ပြောပြ ပါတယ်။ အနုပညာ လောကထဲမှာပဲ အချိန်ကုန်ခဲ့တဲ့ စနီ်္ဒမြင့်လွင်က ဂီတခရီး အစမှာ အဖွဲ့ဖွဲ့ပြီး လှုပ်ရှားဖူးတာပါ။

ဂီတ အဖွဲ့ဖွဲ့တဲ့ လုပ်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး“အဖွဲ့ဖွဲ့တာ မိန်းကလေး အချင်းချင်းဖြစ်နေလို့ ပိုပြီးအဆင် မပြေခဲ့ဘူး။ အခုနောက်ပိုင်း အဖွဲ့ ဖွဲ့မယ်ဆို အားမပေးဘူး။ မိန်းကလေး ဆို တော့ ပိုဆိုးတယ်။ ယောက်ျားလေးတွေလည်း အဲဒီလိုပါပဲ။ နိုင်ငံတကာမှာလည်း ရှိပါတယ်။ အဖွဲ့မှာ တစ်ယောက်တော့ ချွန်ထွက် နေတတ်တယ်။ ဘယ်အဖွဲ့ မဆိုတစ်ယောက်က ပိုပြီး နာမည်ကြီးနေတတ်တယ်။ နောက်ပိုင်း အချိန် ကြာလာတာနဲ့ အမျှ ဖြစ်တတ်တယ်။ တစ်ယောက်က နည်းနည်းလေး သာရင်၊ တစ်ယောက်က နည်းနည်းလေး မနာလို တယ်ဆိုတဲ့ စိတ်ကယောက်ျားလေးရော၊ မိန်း ကလေးရော ရှိတတ်တာပဲ။ အဖွဲ့ဖွဲ့မယ်ဆို သိပ်အားမပေးချင်ဘူး”လို့ ဂီတအစမှာ အဖွဲ့ဖွဲ့ခဲ့မှုနဲ့ ပတ်သက်ပြီး စနီ်္ဒမြင့်လွင်က ဆိုပါတယ်။

စနီ်္ဒမြင့်လွင် အနေနဲ့ အနုပညာ လောကထဲ ရောက်ချိန်မှာသတင်းအချို့ထွက် ခဲ့ပါတယ်။ “ကိုယ်လုပ်တာ ကောင်းရင်ကောင်းတာ ခံရမယ်။ မကောင်းတာ လုပ်ရင် မကောင်းတာကို ခံရမယ်။ အခုအချိန်မှာ အဲဒီ အကျိုး မခံစားရရင်တောင် နောင်တစ်ချိန်မှာ ခံစားချက် ရမှာပဲလို့ ခံယူထား တယ်”စနီ်္ဒမြင့်လွင်က သူ့ရဲ့အယူအဆကို ပြောပါ တယ်။ စနီ်္ဒမြင့်လွင်က သူသိသလောက် အနေနဲ့ မိတ်ဆွေ အပေါင်းအသင်းတွေရဲ့ မကောင်းလုပ်ကြံ ခံရမှုမျိုးမရှိဘဲ မသိဘဲလုပ် ကြံခံရတာမျိုး မသိ ဘူးလို့ ဆိုပါတယ်။ စနီ်္ဒမြင့်လွင်ရဲ့ ဆယ်ကျော် သက်ဘ၀ဖြတ်သန်းမှုတွေမှာ အခု အချိန်အထိ အမှတ်တရ ရှိနေတဲ့ စကားတစ်ခွန်း ရှိပါတယ်။ အဲဒီ စကားတစ်ခွန်းကို အခုအချိန်ထိ ကြားယောင်ရင်း အနုပညာ အလုပ်တွေ လုပ်တာပါ။ အခု အချိန်မှာ အနုပညာ လောကထဲ ၀င်ဖို့ကြိုးစားနေတဲ့ လူငယ်တွေ အတွက် “ဦးကျော်ဟိန်းက မဒါ (စိုးမြတ်နန်္ဒာ)ရဲ့ မွေးနေ့မှာ ပြောတဲ့ စကားတစ် ခွန်းပါ။ ဒီးဒီအသက် ၁၀ နှစ်ကျော်ပဲ ရှိသေးတယ်။

ဘာဖြစ်လို့ အဲဒီစကားကို မှတ်မိနေတာလဲ မသိဘူး။ အနုပညာလောကထဲကို ခြေစုံပစ် ပြီး ၀င်ကြည့်ပါ။ ခြေတစ်ဖက်တည်း မ၀င်ပါနဲ့တဲ့။ ခြေတစ်ဖက်တည်း ၀င်ပြီး အဆင်ပြေမလား၊ အဆင်မပြေရင် ပြန်ထွက်သွားမယ်ဆိုပြီး မလုပ်ပါနဲ့ တဲ့။ အဲဒီလိုပဲ အနုပညာလောကထဲကို ခြေစုံပစ်ပြီး ၀င်ကြည့်ပါ။ အဓိက စိတ် အားထက် သန်ရင်၊ ဖြစ်ချင်စိတ်တွေ ရှိရင်ဖြစ်မှာပါ”လို့ စနီ်္ဒမြင့်လွင်ကဆိုပါတယ်။ အနုပညာလောကထဲ ကို ၀င်တဲ့အချိန်မှာ ကျော်ဟိန်းပြောတဲ့ စကားကို အမြဲတမ်းမှတ်မိနေပြီး အဲဒီစကားကို စနီ်္ဒမြင့်လွင် အတွက် မှတ်မှတ်ရရဖြစ်စေပါတယ်။ တစ်ခုခုဆို အဲဒီစကားနဲ့ အနုပညာလောကထဲမှာ ခြေစုံရပ်နေ ခဲ့တာဖြစ်ပါတယ်။ အဆင်မပြေမှု၊ အတိုက်အခိုက် တွေ ကြုံလာရင် မိခင်၊ မောင်နှမတွေနဲ့ တိုင် ပင်လုပ်ဆောင်ဖြစ်တဲ့ စနီ်္ဒမြင့်လွင်က teen မဂ္ဂဇင်း နဲ့ မျက်နှာဖုံးရှင် အဖြစ် အနုပညာလောကထဲ စရောက်လာတဲ့ အချိန်မှာ ဖော်ပြခံရဖူးပါတယ်။

ဒီနေ့ အချိန်မှာတော့ အဆိုတော်၊ သရုပ် ဆောင်စနီ်္ဒမြင့်လွင် အဖြစ် ပရိသတ်တွေ အားပေး ခံနေရပါပြီ။ စနီ်္ဒမြင့်လွင်က ဆေးရောင် လှလှခြယ် ရအောင်၊ ရှောခ့်ဆိုတဲ့ တစ်ကိုယ် တော်စီးရီးနှစ်ခွေ ထွက်ထားပြီး အတွဲ စီးရီးတွေမှာ လည်း ပါဝင်သီဆိုထားပါတယ်။ လာမချုပ်နဲ့ သီချင်းက ပရိသတ်ကြား ပျံ့နှံ့ခဲ့သလို ဓာတ်... ဓာတ်....ဓာတ်....ဓာတ်တွေလိုက်နေတယ် ဆိုတဲ့ ရှော့ခ် သီချင်းကလည်း ပရိသတ်တွေ ပါးစပ်ဖျား ရေပန်းစားနေတဲ့ စနီ်္ဒမြင့်လွင်ရဲ့ အတိတ်ပုံရိပ်တွေ အတွက် Teen ပရိသတ်များ ကျေနပ်မှု ရစေမယ်လို့ ယုံကြည်ပါတယ်။

ခင်လေးမြင့်
(Teen မဂ္ဂဇင်း၊ဩဂုတ်လ ၂၀၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis