menu

Monday 13 August 2012

၂၀၁၂ ခုနှစ် သဘင်ရာသီ အစတွင် ရန်ကုန်အခြေစိုက် ဇာတ်အဖွဲ့ကြီးများ မြန်မာနိုင်ငံ အထက်ပိုင်းတွင် စတင် ဖျော်ဖြေကြမည်



၂၀၁၂ ခုနှစ် သဘင်ရာသီအစတွင် ရန်ကုန်အခြေစိုက် ဇာတ်အဖွဲ့ကြီးများ အနေဖြင့် မြန်မာနိုင်ငံ အထက်ပိုင်းရှိ ဘုရားပွဲကြီးများတွင် စတင်ကပြဖျော်ဖြေကြမည်ဟု သိရသည်။ “ ဒီနှစ်က ၀ါထပ်တဲ့နှစ်ဆိုတော့ ဇာတ်သဘင်ရာသီအစမှာ ရက်ထပ်တာတွေ ပွဲတိုက်တာတွေဖြစ်တယ်။ ဒီနှစ်ဇာတ်သဘင်ရာသီအစမှာ ပွဲတွေ အကုန်လုံး ပွဲလေလံကြေးတွေ မြင့်တယ်။ ဒီတော့ လေလံမြင့်တာရော၊ ရက်တိုက်တာတွေ ရောကြောင့် တချို့ ဇာတ်အဖွဲ့ကြီးအနေနဲ့ဖျော်ဖြေ နေကျပွဲတွေမှာ မဖျော်ဖြေနိုင်တာ တွေရှိတယ်”ဟု ဇာတ်မန်နေဂျာ ကိုဇေယျာ(ဥက္ကံ)က ဆိုပါသည်။
ယခုနှစ် ဇာတ်သဘင်ရာသီအစတွင် တောင်ပြုန်းပွဲ၊ ပလိပ်မြွေဘုရားပွဲ၊ မကွေးမြသလွန် ဘုရားပွဲ၊ ရွှေဘိုမြို့၊မြို့ထောင့်စေတီဘုရားပွဲနှင့် စစ်ကိုင်းငါးထပ်ကြီး ဘုရားပွဲများတွင် ရန်ကုန်အခြေစိုက်ဇာတ်အဖွဲ့ များစတင် ကပြဖျော်ဖြေမည် ဖြစ်သည်။

တောင်ပြုန်းပွဲတွင် စွမ်းနှင့် ဖိုးချစ်၊ ပလိပ်မြွေဘုရားပွဲတွင် စွမ်း၊ ဖိုးချစ်နှင့် မန္တလေးဇာတ်အဖွဲ့များ ကပြမည်ဖြစ်သည်။ ရွှေဘိုမြို့မြို့ထောင့် စေတီပွဲဘုရားပွဲတွင် စွမ်း၊ ဒါဒို့ရွှေနှင့် မန္တလေးအခြေစိုက် ဇာတ်အဖွဲ့များ ကပြကြမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် မြန်မာနိုင်ငံအလယ်ပိုင်း ရှိ နာမည်ကြီး ဘုရားပွဲတော်ကြီးများ ဖြစ်သည့် စစ်ကိုင်းကျောက်တော်ကြီး ဘုရားပွဲနှင့် မကွေးမြသလွန် ဘုရားပွဲတို့တွင် ကပြနိုင်ရန် မကြာမီကျင်းပတော့မည့် လေလံပွဲများအတွက် ဇာတ်သဘင်အဖွဲ့များ ပြင်ဆင်လျက် ရှိကြောင်းလည်း သိရသည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis