menu

Thursday 5 July 2012

မြန်မာနိုင်ငံတွင် ကျင်းပမည့် ခုနစ်ကြိမ်မြောက် ကိုရီးယား ရုပ်ရှင်ပွဲတော်သို့ Song Seung Hyun (ဂျွန်စော) နှင့် Song Hye Kyo (အွန်စော)တို့ တက်ရောက်မည်




 e5145b
e5145a
မြန်မာနိုင်ငံတွင် ကျင်းပမည့် ခုနစ်ကြိမ်မြောက် ကိုရီးယားရုပ်ရှင်ပွဲတော်သို့ ကိုရီးယားနာမည်ကျော် မင်းသား၊ မင်းသမီးများဖြစ်သည့်Song Seung Hyun (ဂျွန်စော)နှင့် Song Hye Kyo  (အွန်စော)တို့တက် ရောက်မည်ဖြစ်ကြောင်း  KOTRA မှ သိရှိရပါသည်။
“ မြန်မာနိုင်ငံမှာ ခုနစ်ကြိမ် မြောက်ကျင်းပမယ့် ကိုရီးယားရုပ်ရှင်ပွဲတော်နဲ့အတူ ကျင်းပမယ့်  Korea Expo ကုန်စည်ပြပွဲကို နာမည်ကြီး ကိုရီးယားအနုပညာရှင်တွေ ဖြစ်တဲ့Song Seung Hyun(ဂျွန်စော)နှင့် Song Hye Kyo (အွန်စော)တို့ တက်ရောက်မှာပါ။ ရုပ်ရှင်ပွဲတော်ကျင်းပမယ့် နေရာကိုနဲ့ အသေးစိတ် အစီအစဉ်တွေကိုတော့ ရွေးချယ်ညှိနှိုင်းမှုတွေ လုပ်နေပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံရုံး၊ စီးပွားရေး ဌာန (Kotra)မှ တာဝန်ရှိသူတစ်ဦး က ရှင်းပြခဲ့ပါသည်။

ကိုရီးယားရုပ်ရှင်ပွဲတော်နှင့် အတူကျင်းပမည့် ကုန်စည်ပြပွဲတွင် ကိုရီးယားနိုင်ငံမှ နာမည်ကြီးကုမ္ပဏီကြီး ၆၀ ကျော်ခန့် ပါဝင်ပြသမည် ဖြစ်ပြီး ကိုရီးယားနိုင်ငံနာမည်ကြီး တံဆိပ်များ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။     အဆိုပါကုန်စည်ပြပွဲသည် တစ်နှစ်လျှင် နှစ်နိုင်ငံသာ ပြုလုပ်လေ့ရှိသည့် ကိုရီးယားကုန်စည်ပြပွဲဖြစ်ပြီး မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် ယင်းကုန်စည်ပြပွဲတွင် ကိုရီးယားနိုင်ငံရိုးရာနှင့် ယဉ်ကျေးမှု ဆိုင်ရာပြပွဲ၊ ပြိုင်ပွဲများကိုလည်း ထည့်သွင်းသွားမည်ဖြစ်ပြီး ယင်းပွဲတော်သို့လည်း Song Seung Hyun (ဂျွန်စော)နှင့် Song Hye Kyo  (အွန် စော)တို့ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ကျင်းပမည့် ခုနစ်ကြိမ်မြောက် ကိုရီးယားရုပ်ရှင်ပွဲတော်ကို ၂၀၁၂ခုနှစ် နိုဝင်ဘာလတွင် ကျင်းပရန်စီစဉ်နေကြောင်း သိရသည်။ ဂျွန်စော၊ အွန်စောတို့ အား မြန်မာပရိသတ် ကြိုက်နှစ်သက်ခြင်းကြောင့် ရွေးချယ်ခဲ့သည်ဟုသိရသည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis